ဘယ်လောက်တောင် ချစ်လိုက်မလဲ။

မင်းသားကြီး လွင်မိုးတစ်ယောက် မြေးလေးကို အရိပ်တကြည့်ကြည့်နဲ့ အချစ်တွေ ပိုလို့ နေပါတယ်။ ဒီနေ့( စက်တင်ဘာ ၁၁ရက်) က ဇနီးဖြစ် သူ မေသူရဲ့ အင်စတာဂရမ်မှာ လွင်မိုးတစ်ယောက် မြေးလေးကို ချီထားတဲ့ ပုံလေးကို တင်ထားတာ တွေ့ရပါတယ်။မေသူ တင်လိုက်တဲ့ ပုံလေးဟာ Liam လေးနဲ့ဖိုးဖိုး လွင်မိုးတို့ အကြည့်ချင်း ဆုံနေတဲ့ ပုံလေး ဖြစ်ပါတယ်။



Photo : မေသူ IG

 

မင်းသားကြီး လွင်မိုးတစ်ယောက် မြေးလေးကို အရိပ်တကြည့်ကြည့်နဲ့ အချစ်တွေ ပိုလို့ နေပါတယ်။ ဒီနေ့( စက်တင်ဘာ၁၁ရက်) က ဇနီးဖြစ် သူ မေသူရဲ့ အင်စတာဂရမ်မှာ လွင်မိုးတစ်ယောက် မြေးလေးကို ချီထားတဲ့ ပုံလေးကို တင်ထားတာ တွေ့ရပါတယ်။မေသူ တင်လိုက်တဲ့ ပုံလေးဟာ Liam လေးနဲ့ဖိုးဖိုး လွင်မိုးတို့ အကြည့်ချင်း ဆုံနေတဲ့ ပုံလေး ဖြစ်ပါတယ်။

မြေးဦးလေးကို တစိမ့်စိမ့် ကြည့်နေတဲ့ ဖိုးဖိုးလွင်မိုးရဲ့ ချစ်ခြင်း မေတ္တာတွေကိုလည်း ဓာတ်ပုံထဲမှာတွေ့မြင်ရပါတယ်။   ပရိသတ်တွေကို သူပြောခဲ့တဲ့ အတိုင်းပါပဲ Liam လေးက သူနဲ့ တူလွန်းလှပါတယ်။

Photo : မေသူ IG

 

လွင်မိုးဟာ မြေးယောကျ်ားလေးကို ပိုင်ဆိုင်ခွင့်ရလို့ အပျော်ကြီးကို ပျော်လို့ နေတာပါ။ သမိးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖေဖေ အတွက် မြေးယောကျ်ားေ လးရလို့ ဘယ်လိုတွေ တောင်ပျော်နေမလဲဆိုတာ ဓာတ်ပုံကို ကြည့်တာနဲ့တင် တွေ့မြင်ရမှာပါ။ လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးဟာ သြဂုတ်လ(၇) ရက်နေ့ ညနေ(၅) နာရီက သြစတြေးလျ နိုင်ငံ၊ မဲလ်ဘုန်းမြို့မှာရှိတဲ့ Saint Vincent ဆေးရုံမှာ သားဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာပါ။

Photo : မေသူ IG

တစ်လပြည့်သွားပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးရဲ့သားလေး Liam 

သမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ လွင်မိုးဟာ မြေးယောကျ်ားလေးကို ပိုင်ဆိုင်ခွင့်ရတဲ့ အတွက် အရမ်းပျော်နေတဲ့ အကြောင်းကိုလည်း Duwun media ကို ဖြေဆိုပေးခဲ့ဖူးပါသေးတယ်။

"မြေဦးလေးဆိုတော့ တော်တော်လေးတော့ ပီတိဖြစ်ပါတယ်။ဘာလို့လည်း ဆိုတော့ ကျွန်တော့်ရဲ့ ရင်သွေးမှာ ယောကျာ်းလေး မရှိခဲ့ဘူးလေ။ အခုယောကျ်ားလေး ရတော့တော်တော်လေးကို ပီတိဖြစ်မိပါတယ်။ကလေးဆိုတဲ့ဟာက ကိုယ့်ရဲ့ ရင်သွေးမှမဟုတ်ဘူး တော်ရုံတန်ရုံ ကလေး တစ်ယောက်ကို မြင်ရင်တောင်မှ လူတိုင်းက နှစ်သက်ကြတယ်။ ချစ်ခင်ကြတဲ့စိတ်ရှိတယ်။ ကိုယ့်ရဲ့မျိုးရိုးဖြစ်တဲ့ ကိုယ့်ရဲ့ မြေးဆိုရင် လည်း ဒါ အတိုင်းအထက် အလွန်ပေ့ါလေ ချစ်တဲ့စိတ်တွေကတော့ အများကြီးပေ့ါ။ "ဆိုပြီး  သြဂုတ်လ(၁၆)ရက်နေ့က တာတူး ရိုက်ကွင်းမှာ Duwun Media သို့ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : မေသူ IG

 

ယွန်းဝတီလွင်မိုး ရင်သွေးရတာနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုထားတာတွေ လည်း ရှိသလို ဝိုင်းပြီး ချစ်ခင်အားပေး ဂုဏ်ပြုပေးကြတဲ့ ပရိသတ် တွေ လည်း ရှိခဲ့ပါတယ်။တချို့ပရိသတ်တွေဆိုရင် ယွန်းဝတီလွင်မိုးကို နှမြောကြတာတွေလည်း ရှိကြပါတယ်။ ပရိသတ်တွေ ခေးလေးကို နှမြော သလို ဖခင်ဖြစ်တဲ့ လွင်မိုးကလည်း သမီးလေးကို နှမြောတဲ့ စိတ်ဖြစ်မိတာပေ့ါလို့ အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ပါသေးတယ်။

အခုဆိုရင် ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam လေးဟာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ကလေးလေး တစ်ယောက် ဖြစ်ပါတယ်။

Photo : မေသူ IG

 

ယွန်းဝတီလွင်မိုးဟာ သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ယခုလက်ရှိ သူမဟာ ခင်ပွင်းဖြစ်သူနဲ့အတူ  သြစတြေးလျ မှာ အတူ နေထိုင်လျက်ရှိပါတယ်။အိမ်ထောင်ကျ ကလေးရပြီးပေမယ့် လဲ ယွန်းဝတီလွင်မိုး အပေါ် ပရိသတ်တွေ က အခုထိ အချစ်ပိုနေကြတုန်းပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က