အမြွှာလေးတဲ့။

အမြွှာလေးတွေလို့ သိလိုက်ရတဲ့ အချိန်မှာ ရုတ်တရက် အရမ်းအံ့သြသွားရပြီး တစ်ပြိုင်တည်း ကလေးလေး နှစ်ယောက်ရတော့မှာ ဖြစ်လို့ အရမ်းကို ပျော်ရပါတယ်လို့ ခိုင်သင်းကြည်က ဆိုပါတယ်။



Photo : ခိုင်သင်းကြည် FB

 

ပရိသတ်တွေရဲ့ အချစ်တော် မခိုင်လေးက သူ့ရဲ့ ချစ်ပရိသတ်တွေကို အံ့သြသွားအောင် လုပ်ခဲ့ပါတယ်။ အမြွှာရင်သွေးလေးတွေ (၁၀) ပတ်ရနေပြီ ဆိုတဲ့အကြောင်းကို ပရိသတ်တွေကို ပြောပြခဲ့တာပါ။ ဘာလေးမှန်းတော့ မသိသေးပေမယ့် အမြွှာလေးတွေလို့ သိလိုက်ရတဲ့ အချိန်မှာ ရုတ်တရက် အရမ်းအံ့သြသွားရပြီး တစ်ပြိုင်တည်း နှစ်ယောက်ရတော့မှာ ဖြစ်လို့ အရမ်းကို ပျော်ရပါတယ်လို့ ခိုင်သင်းကြည်က ဆိုပါတယ်။

"အမွှာ" တဲ့! 10 ပတ်ရနေပြီ။ အထီး အမတော့ မသိရသေးဘူး။ ဒါပေမဲ့ ဝမ်းသာရလွန်းလို့မျှဝေလိုက်တာပါ။ ရုတ်တရာက် အရမ်း အံ့သြ သွားရပေမဲ့ တစ်ပြိုင်နက်တည်းမှာ နှစ်ယောက်ရမယ်ဆိုတော့ အရမ်းပျော်ရပါတယ်။" ဆိုပြီး စက်တင်ဘာ (၁၂) ရက်နေ့က သူမက ဖေ့စ်ဘွတ် မှာ ရေးသားထားတာတွေ့ရပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီကိုယ်ဝန်ဟာ ခိုင်သင်းကြည်ရဲ့ ကိုယ်ဝန်မဟုတ်ပါဘူး။ အမြွှာ ကလေးနှစ်ယောက် ရဲ့ မိဘတွေက ဘယ်သူဘယ်ဝါမှန်း မသိပေမယ့် သူတို့ကိုယ်စား ပျော်လွန်းလို့ မျှဝေပေးလိုက်တာပါဆိုပြီး ခိုင်သင်းကြည်က ပရိသတ်တွေကို စနောက်ထားတာ တွေ့ရပါတယ်။

Photo : ခိုင်သင်းကြည် FB

ဘယ်သူနဲ့မှ မပြိုင်ချင်ဘူးလို့ ရင်ဖွင့်လာတဲ့ ခိုင်သင်းကြည် 

"ဒီကလေးနှစ်ယောက်ရဲ့မိဘတွေက ဘယ်သူဘယ်ဝါမှန်း ကျွန်မသိပေမဲ့ သူတို့ကိုယ်စား ပျော်လွန်းလို့ မျှဝေလိုက်တာပါ။ I don’t know who the happy parents are. But I share their joy!     #crd Ma Saw Thuzar" ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ပရိသတ်တွေကလည်း ခိုင်သင်းကြည် ရေးထားတဲ့ စာလေးကို ကြည့်ပြီး အံ့သြသွားတဲ့ အနုပညာမောင်နှမတွေဖြစ်တဲ့ ခန့်စည်သူကလည်း ဂျင်းထည့်တယ်နော်ဆိုတဲ့ ကောမန့်လေးပေးထားသလို ချစ်သုဝေကလည်း အမြွှလေး တစ်ကယ်ယူဖို့ အားပေးထးတာတွေ့ရပါတယ်။

ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားကတော့ "မေမေနော်! မနောက်နဲ့" ဆိုတဲ့စာလေးကို ကောမန့်ပေးထားပါသေးတယ်။

Photo : ခိုင်သင်းကြည် FB

လက်ရှိမှာ ဇာတ်ကားတွေ ဆက်တိုုက်ဆိုသလို ရိုက်ကူးနေတဲ့ ခိုင်သင်းကြည်ဟာ အောက်တိုဘာလထဲတွင်လည်း နေခြည်ဦးတို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ ရှိသလို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရိုက်ကူးမယ့်  "၁၂ပွဲဈေးသည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးမှာလည်း ပါဝင်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

ဒရာမာဇာတ်ကားရော၊ ဟာသဇာတ်ကားရော၊ အချစ်ဇာတ်ကား၊ အကြမ်း ဇာတ်ကားတွေ ရိုက်ကူးရတဲ့အခါ ကာရိုက်တာတိုင်းအတွက် ပီပီ ပြင်ပြင် သရုပ်ဆောင်တတ်တဲ့ ခိုင်သင်းကြည်ကိုလည်း ဒီဇာတ်ကားထဲမှာ သနပ်ခါးသည်မလေး ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Photo : ခိုင်သင်းကြည် FB

 

'' မခိုင်ရဲ့ ကာရိုက်တာလေးကတော့ မြင်နေကြအတိုင်းပဲပေါ့နော်။ သွက်သွက်လက်လက်လေးနဲ့ ဈေးရောင်းရမယ်။ ဈေးသည် ကာရိုက် တာ လေးပါ သနပ်ခါးရောင်းရမယ်။ ကိုယ်တိုင်လည်း သနပ်ခါးလိမ်းရမယ်၊ ပွဲဈေးတိုင်းမှာလည်း ဈေးလိုက်ရောင်းရမယ်ပေါ့နော်၊ ဟိုဘက်က ကိုလူမင်းတို့ ရွှေမှုံရတီတို့လည်း အဲ့ဒီလိုပါပဲ'' လို့ သူကပြောပါတယ်။

၁၂ ပွဲဈေးသည် ရုပ်ရှင်ဇာတ်ကားကြီးဟာ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မယ့် ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပါ တယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ဇေရဲထက်၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ရွှေမှုံရတီ၊ တက္ကသိုလ်ဂွမ်းပုံ နဲ့ ဝါဝါအောင်တို့က အဓိကပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo : ခိုင်သင်းကြည် FB

 

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို  ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က