Special 9 ဇာတ်ကားကို ကြည့်ပြီးသူတိုင်း ဖြေနိုင်မှာပါ။

ထူးအယ်လင်းကတော့ Special 9 ရုပ်ရှင်ဇာတ်ကားကို ကြိုက်ရဲ့ လားဆိုပြီး ပရိသတ်တွေကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီ ဇာတ် ကားထဲမှာ သူ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး သူ့အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေကိုလည်း အခုလိုပြောပြ လာပါတယ်။

41494556_1809763992392147_8676722712682430464_n.jpg

Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

အဆိုတော် ထူးအယ်လင်းက အက်ရှင်ဇာတ်ကားကိုမှ  ကြိုက်တဲ့ ပရိသတ်တွေအတွက် မေးခွန်းထုတ်လိုက်ပါတယ်။ Special 9 ရုပ်ရှင် ဇာတ်ကား ကြီးကို အားပေးကြည့်ရှုကြမယ့် ပရိသတ်တွေကတော့ ဖြေဆိုနိုင်မှာပါ။ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် လုံးဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

''Special 9 ကြည့်တာကောင်းလား။  အက်ရှင်ဇာတ်လမ်းကြိုက်တဲ့သူတွေလက်မလွှတ်သင့်တဲ့ရုပ်ရှင်ပါ။ ရဲကိုမုန်းနေတာလား အဲ့ဒီ ကားသွား ကြည့်  ကပ်ဖားရပ်ဖား ရိုက်ထားတဲ့ကားလည်းမဟုတ်ဘူး။ Hip hop အဆိုတော်တွေနဲ့ပေါတောတောရိုက်ထားတဲ့ကားလည်းမဟုတ်ဘူး။

ဇာတ်လမ်း ဇာတ်အိမ်ကို အချိတ်အဆက်မိမိနဲ့ သေချာလေးရိုက်ပြသွားတာပါ'' လို့ ပြောပါတယ်။

Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

ထူးအယ်လင်းဟာ ဇာတ်ကား တစ်ကားလုံးကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့ကြတဲ့ အနုပညာရှင်တွေအတွက်ကိုလည်း အားရတယ်လို့ ဆိုပါတယ်။ ဂီတအနုပညာရှင်တွေရဲ့ စည်းလုံးမှုကိုလည်း ပြသနိုင်ခဲ့တယ်လို့ ဆိုပါသေးတယ်။

''ကိုယုန်လေးတို့ ဖမ်းခံနေရချိန်မှာ ဂီတအစည်းအရုံးက ကူညီပေးသွားပုံအဆင့်ဆင့်က အနုပညာမောင်နှမတွေ ဘယ်လောက်စည်းရုံးကြောင်း ပြသွားတယ်။ သုံးသွားတဲ့လူဆိုးတွေကအစ တကယ့်ဂိုဏ်းစတားကြီးတွေလိုပဲ အပြစ်ကိုပြောစရာမရှိတာ'' ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

Special 9 အဖွဲ့သားများနဲ့အတူ အလှူလုပ်တွေလုပ်ခဲ့တဲ့ အောင်ထက် 

Special 9 ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ထူးအယ်လင်းက လူဆိုးဂိုဏ်းခေါင်းဆောင် လှသိန်း ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သူ့ရဲ့ အကြိုက်ဆုံး ဇာတ်ဝင်ခန်းကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။

''အကြိုက်ဆုံးဇာတ်ဝင်ခန်းကိုပြောပါဆိုရင် ကိုမြင့်မြတ်ကို ပေးမသေဘဲ ဒူးခေါင်းကိုသေနတ်နဲ့ပစ်လိုက်တာပါပဲ မထင်ထားတဲ့အခန်း ဆိုရင် တော့ ကိုယုန်လေးတို့ ရဲတွေကိုပြန်ကယ်တဲ့အခန်းပါပဲ။ မြန်မာကားတွေကို အထင်သေးတဲ့သူတွေတောင် မချီးကျူးပဲ မနေနိုင်တဲ့ အက်ရှင် ကားပါလို့ ပြောပါရစေ'' လို့ ဆိုပါတယ်။

Photo: ထူးအယ်လင်းဖေ့စ်ဘွတ်

 

Special 9 ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ယုန်လေး၊ နိုင်းဝမ်း၊ ထူးအယ်လင်း၊ ထက်ယံ၊ သားသား၊ Ice Cold၊ Okka၊ ဆူဇီ၊ ခိုင်မြတ်သဇင်၊ စိုးနန္ဒာကျော်၊ ပန်းနုတို့အပြင် အခြားသော အနုပညာရှင်များစွာက ပါဝင်အားဖြည့်ပေးထားပါတယ်။ ယင်းဇာတ်ကားကို ဒါရိုက်တာ အောင်မြတ် နဲ့ စစ်သွေးတို့က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က