စက်တင်ဘာလ ၁၆ ရက်နေ့ကတော့ ရွှေထူးမွေးနေ့ပါ။

အဆိုတော်ရွှေထူးကတော့ မကြာခင် သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေကို သီချင်းကောင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။ ရွှေထူးရဲ့ မွေးနေ့က စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကျရောက်မှာဖြစ်ပါတယ်။



photo: shwe htoo facebook

 

ပရိသတ်အချစ်တော် အဆိုတော် ရွှေထူးတစ်ယောက် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့မှာ အမှတ်တရအဖြစ် သီ ချင်း အသစ်တစ်ပုဒ် မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ မွေးနေ့မှာလည်း အလှူအတန်းတွေနဲ့ ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။ ရွှေထူး ကတော့ အသက် ၂၆ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

'' မွေးနေ့ကျ သီချင်းအသစ်တစ်ပုဒ်ထပ် Share မယ်။ 89 Miles မှာ အလှူသွားလုပ်မယ်။ ဒန်တန်တန်'' ဆိုပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီက ရွှေထူးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ရွှေထူး Post တင်ပြီးတဲ့ နောက်မှာပဲ သူ့ရဲ့ ပရိသတ်တွေက ချက်ချင်းဆိုသလို Birthday Wish တွေ လုပ်ပေးခဲ့ကြပါသေးတယ်။

photo: shwe htoo facebook

 

မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့ အသဲစွဲအဆိုတော်တွေထဲမှာ ရွှေထူးလည်းတစ်ယောက်အပါအဝင်ပါ။ သူ့အနေနဲ့ စိတ်ကူးယဉ်စာ အုပ်ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော် အခွေထွက်ခဲ့တုန်းကလည်း ပရိသတ်တွေအများကြီးအားပေးခဲ့ကြသလို ဒုတိယမြောက် တစ်ကိုယ်တော် အခွေ ဖြစ် တဲ့ I Album အခွေ ကလည်း လူငယ်ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးခြင်းကို ရရှိခဲ့တာဖြစ်ပါတယ်။

photo: shwe htoo facebook

သူပစ်သွားမယ်ဆိုရင်လည်း ချစ်တယ်လို့ ပြောလိုက်တဲ့ ရွှေထူး 

သီချင်းခွေတွေမှာလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ရွှေထူးဟာ သရုပ်ဆောင်ဘက်မှာလည်း သူပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ လည်း ရှိလို့နေပါပြီ။လူငယ်မိန်းကလေး အများစုရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော် ရွှေထူးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ရဲ့ ဝေဖန်ပြောဆိုတာတွေရှိလာပေမယ့် အားပေးကြတဲ့ ပရိသတ်တွေကတော့ အများကြီးပါ။

photo: shwe htoo facebook

 

ဂီတလောကမှာ အောင်မြင်မှုတွေ အများကြီး ရရှိပိုင်ဆိုင်နေတဲ့ ရွှေထူးဟာ သရုပ်ဆောင်အပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံ ရိုက်ကူးနေရပြီလို့ ဆိုပါတယ်။ သရုပ်ဆောင်တစ်ယောက်အဖြစ် ပထမဆုံးရိုက်ကူးခဲ့တဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီး မှာလည်း ပရိသတ်တွေက ရွှေထူးရဲ့ သရုပ်ဆောင်မှုတွေကို အားပေးချီးကျူးခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က