သီချင်းသစ်တွေ နားထောင်ရတော့မယ်။

တစ်ကိုယ်တော်အခွေထွက်ဖို့ နှစ်ပေါင်းများစွာ ကြာနေခဲ့တဲ့ ရန်ရန်ချမ်းဟာ ပရိသတ်တွေ သီချင်းအသစ်တွေ နားထောင်နိုင်ဖို့ အတွက် သူ့ရဲ့ Solo Album အတွက် ပြန်ကြိုးစားနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ သီချင်းခွေအတွက် ဒီနေ့(စက်တင်ဘာ ၁၈ရက်)မှာ ပထမဆုံးအနေနဲ့ သီချင်းတွေ စသွင်းနေပြီလို့ သိရပါတယ်။

Photo : ရန်ရန်ချမ်း FB

 

တစ်ကိုယ်တော်အခွေထွက်ဖို့ နှစ်ပေါင်းများစွာ ကြာနေခဲ့တဲ့ ရန်ရန်ချမ်းဟာ ပရိသတ်တွေ သီချင်းအသစ်တွေ နားထောင်နိုင်ဖို့အတွက် သူ့ရဲ့ Solo Album အတွက် ပြန်ကြိုးစားနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ သီချင်းခွေအတွက် ဒီနေ့(စက်တင်ဘာ ၁၈ရက်)မှာ ပထမဆုံးအနေနဲ့ သီချင်းတွေ စသွင်းနေပြီလို့ သိရပါတယ်။ ဒီနေ့ အင်္ဂါနေ့မှာစသွင်းတဲ့ သီချင်းနာမည်လေးကိုလည်း ရန်ရန်ချမ်းက ပြောပြထားပါသေးတယ်။

"နှစ်ပေါင်းများစွာမြောနေတဲ့ ကျွန်တော့်ရဲ့ solo album အတွက်ဒီနေ့ အင်္ဂါနေ့မှာသီချင်းစသွင်းခဲ့ပါတယ်။ပထမဆုံးစသွင်းတဲ့ သီချင်းနာမည်က "နေ့တိုင်းအင်္ဂါနေ့" လို့နာမည်ပေးထားပါတယ်" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၁၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ရန်ရန်ချမ်း FB

သူ့ရဲ့ သီချင်းခွေကို ဒီနှစ်ထဲမှာ အပြီးဖြတ်နိုင်အောင်လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဂီတလောက က မိတ်ဆွေ၊ သူငယ်ချင်း၊ ပရိသတ်များအနေနဲ့ သူ့ကို အခွေထွက်ဖို့အတွက် လှမ်းပြီး ကြပ်ပေးကြဖို့ကိုလည်း ပြောထားပါသေးတယ်။

"ကျွန်တော်ဒီဘက်နှစ်ထဲမှာအပြီးဖြတ်ပါမယ်။ ခုဒီစာရေးရတဲ့အကြောင်း အရင်းကလည်း ကျွန်တော့်ဘာသာ ကျွန်တော်အဆက် မပြတ် လုပ် ဖြစ်အောင် အားလုံးကိုသက်သေတည်တဲ့အနေနဲ့ရေးခြင်းဖြစ်ပါတယ်။ဂီတလောကကရောင်းရင်းများရော ပရိတ်သတ်များ ပါကျွန်တော့် ကို လှမ်းလှမ်းကြပ်ပေးကြပါ   တစ်ကယ်ပြောတာပါအတည်ပြောတာပါ. အကူအညီတောင်းပါတယ်"ဆိုပြီး ဆက်လက်ရေးသားထားပါတယ်။

Photo : ရန်ရန်ချမ်း FB

 

ရန်ရန်ချမ်းဟာ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ နာမည်ကြီး ACID အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ တစ်ချိန်က “အနဂ္ဂ တစ်ခုသာ ဖြစ် ငါတို့ရမှာက အပြစ် အားလုံးစုစည်းနေရင် ဘာမှမဖြစ်” စတဲ့စာသားတွေက လူငယ်တွေကြားထဲမှာ တအား ရေပန်းစားခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ACID အဖွဲ့ဟာ ၁၉၉၉ ခုနှစ်က "စတင်ခြင်း" အခွေကို ထွက်ရှိခဲ့တာ ဖြစ်ပြီး သီချင်း (၁၂)ပုဒ်ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအခွေနဲ့ စတင်အောင်မြင်ခဲ့ ရာကလူငယ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။

Photo : ရန်ရန်ချမ်း FB

 

သူတို့ကိုယ်သူတို့ Acidic acid (ဟိန်းဇော်), Black acid (ရန်ရန်ချမ်း), Smoke acid (အနဂ္ဂ), Nitric acid (ဇေယျာသော်) ဆိုပြီး နာမည်တွေ ပေးခဲ့ကြတာကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသေးတယ်။ Acid အဖွဲ့ဟာ အဖွဲ့ဝင်လေးယောက်နဲ့ စတင်ခဲ့တာဖြစ်ပေမယ့် ဟိန်းဇော်ကတော့ ကွယ်လွန်သွားခဲ့ပါပြီ။

အခုဆိုရင် ACID အဖွဲ့ဟာ အဖွဲ့ဝင်သုံးယောက်နဲ့ ပရိသတ်တွေအတွက် အသစ်အသစ်တွေ ခံစားနိုင်ဖို့ ကြိုးစားလျက်ရှိတယ်လို့လည်း ရန်ရန်ချမ်း က အင်တာဗျူးတချို့မှာ ဖြေဆိုပေးခဲ့ပါသေးတယ်။ ယခုချိန်ထိ ACID အဖွဲ့ကို အားပေးလို့ ကျေးဇူးတင်တယ်လို့လည်း ပြောပြခဲ့ပါတယ်။

Photo : ရန်ရန်ချမ်း FB

 

ရန်ရန်ချမ်းဟာ လက်ရှိမှာသာယာတဲ့  မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ အဆိုတော်ရန်ရန်ချမ်းနဲ့ မော်ဒယ်လ် ချီလီတို့ရဲ့ အိမ်ထောင်ရေးမှာ ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက် ရှိနေပါပြီ။ သားလေးကတော့ အသက် ၆ နှစ်ရှိပြီလို့ သိရပါတယ်။ သူတို့ နှစ်ဦးရဲ့ သားလေးဆီမှာလည်း ပရိသတ်တွေ အခိုင်အမာရရှိနေပါပြီ။ အမြဲတမ်းစတိုင်လ် ကျကျနေတတ်တဲ့ သားလေးကိုလည်း ပရိသတ်တွေက အရမ်းချစ်ကြပါတယ်။

Share

Loading Next Article...
က္က