ဒီနေ့က သူ့ရဲ့ မွေးနေ့ပါ။

မွေးနေ့မှာ ပရိသတ်တွေ၊ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေက မွေးနေ့ဆုတောင်း တောင်းပေးထားကြပေမယ့်လည်း သူအကြားချင်ဆုံး ဖခင်ရဲ့ မွေးနေ့ဆုတောင်း စကားသံကို ကြားခွင့်မရတဲ့အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo: ဥက္ကာမင်းမောင် FB

 

စက်တင်ဘာ(၁၈) ရက်နေ့က သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ အသက်(၃၃)နှစ်ပြည့်တဲ့ မွေးနေ့လေး ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေအားလုံးက မွေးနေ့ဆုတောင်းတွေ တောင်းပေးထားကြတာလည်း တွေ့ရပါတယ်။  အားလုံးရဲ့ မွေးနေ့ဆုတောင်းစကားသံကို ကြားရပေမယ့်လည်း သူအကြားချင် ဆုံးလူတစ်ယောက်ဆီက မွေးနေ့ဆုတောင်း မကြားရတဲ့ အတွက် ဥက္ကာမင်းမောင်တစ်ယောက် အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo: ဥက္ကာမင်းမောင် FB

 

"ကိုယ့် မွေးနေ့ရောက်တိုင်း မိဘနဲ့ တူတူ ရှိတဲ့ အချိန်က နဲပါတယ်။နှစ်တိုင်းလဲ ဖေကြီး ဖုန်းခေါ်လေ့ရှိတယ်။ ဖေကြီးဆီကဖုန်းသံ ဘယ်တော့မှ မလာနိုင်တော့ဘူးဆိုတာသိပေမယ့် Happy Birthday သားကြီး ဆိုပြီး မွေးနေ့ဆုတောင်းပေးတဲ့ အသံကို အရမ်းသတိရပါတယ်။ ဖေကြီး အေးချမ်းပါစေ.. I miss you so much dad" ဆိုပြီး စက်တင်ဘာ(၁၈) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo: ဥက္ကာမင်းမောင် FB

ဖခင်နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်ပြီး ဖခင်ကို သတိရတဲ့အကြောင်းလေး ရေးထားတာပါ။ သူဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီးအတွက်လည်း အမြဲတမ်း ကုသိုလ်ကောင်းမှုတွေ လုပ်ပေးတတ်သူလည်း ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် ဇူလိုင်(၉) ရက်နေ့က ကျရောက် ခဲ့တဲ့ ဖခင်ကြီးရဲ့ မွေးနေ့မှာလည်း ဖခင်ကို ရည်စူးပြီး New York မှာရှိတဲ့ သုံးပါးကျောင်းမှာ ကိုယ်တိုင်ချက် သော ကြက်ဆီထမင်း နဲ့ တခြားအလှူဒါန များကို ညီမဖြစ်သူနဲ့ အတူတူ သွားရောက်လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်။

Photo: ဥက္ကာမင်းမောင် FB

တေလာဆွစ်ရဲ့ ရှိုးပွဲမှာ အပျော်ကြီး ပျော်ခဲ့တဲ့ ဥက္ကာမင်းမောင် 

ဥက္ကာမင်းမောင်ဟာ အခုလက်ရှိမှာတော့ New York မှာ နေထိုင်တာဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ဥက္ကာမင်းမောင်က Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင် ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album သီချင်းခွေလည်း ထွက်ရှိထား ပါတယ်။

Share

Loading Next Article...
က္က