သူ့ရဲ့ အချစ်ရေးက အားကျစရာနော်။

သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ထွန်းထွန်းဟာ အလုပ်တွေ မအားတဲ့ ကြားထဲက ချစ်သူလေးကို အချိန်ပေး တတ် သူလည်း ဖြစ်ပါတယ်။ ချစ်သူလေးကို  အမြဲတမ်း အရိပ်တကြည့်ကြည့်ရှိနေတတ်သူဆိုရင်လည်း မမှားပါဘူး။



Photo : su sundi oo FB

 

သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ထွန်းထွန်းဟာ အလုပ်တွေ မအားတဲ့ ကြားထဲက ချစ်သူလေးကို အချိန်ပေး တတ် သူလည်း ဖြစ်ပါတယ်။ ချစ်သူလေးကို အမြဲတမ်း အရိပ်တကြည့်ကြည့်ရှိနေတတ်သူလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ နှစ်ပတ် လည် တိုင်းမှာ ချစ်သူကောင်မလေးအတွက် ရိုမန့်တစ် ဆန်ဆန် ပြုလုပ်ပေးတတ်တာလည်း တွေ့ရပါတယ်။

ထွန်းထွန်းက ဒီနေ့(စက်တင်ဘာ ၁၉ရက်)မှာ ချစ်သူလေးနဲ့အတူ ငါးစာကျွေး ကုသိုလ်ယူနေတာ တွေ့ရပါတယ်။ သူ့ရဲ့ အားလပ်ချိန်တိုင်းကို ချစ်သူအတွက် အချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ ထွန်းထွန်းတို့ စုံတွဲလေးရဲ့ ချစ်သူသက်တမ်းဟာ အခုဆိုရင်(၁)နှစ်နဲ့ (၂)လပြည့် သွားပါပြီ။

Photo : su sundi oo FB

 

အကယ်ဒမီ ဆုရရှိပြီး နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးရလာတဲ့ ထွန်းထွန်းဟာ လက်ရှိမှာ ချစ်သူချောချောလေး တစ်ယောက်ကို လည်း ပိုင်ဆိုင်ထားသူပါ။ ထွန်းထွန်းဟာ အခုနောက်ပိုင်းမှာ ကောင်မလေးနဲ့အတူ တွဲရိုက်တဲ့ ဓာတ်ပုံလေးတွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြသလာတယ်လို့ ဆိုရမှာ ပါပဲ။

အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဖေ့စ်ဘွတ်၊ အင်စတာဂရမ်တို့ကနေ အမြဲတမ်း ပြောပြလေ့ရှိတဲ့ ထွန်းထွန်းဟာ အသက် အရွယ် အလိုက် ပြောင်းလဲလာတဲ့ အချစ်ရေး ခံစားချက်ကိုလည်း ယခုလို ပြောပြခဲ့ဖူးပါတယ်။

Photo : su sundi oo FB

စမတ်ကျတဲ့ ခန္ဓာကိုယ်ဖြစ်သွားပြီဆိုတဲ့ ထွန်းထွန်း 

"ကျွန်တော့်အချစ်ရေးက အများကြီး ပြောပြနေစရာမလိုတော့ပါဘူး။ ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်ကိုသာ Follower လုပ်ထားပါ။ အဲ့ဒီမှာ အားလုံးကို ပွင့်ပွင့်လင်းလင်းသိရပါမယ်။အချစ်နဲ့ ပတ်သက်ပြီး ခံစားချက်တို့ စိတ်အနေအထားတို့ဆိုတာ အသက်အရွယ် အလိုက် တော့ လူတိုင်းပြောင်းလဲတာပဲဆိုတော့ ကျွန်တော်လည်း လူထဲက လူဖြစ်တဲ့အတွက်တော့ ပိုပြီးတော့ တည်ငြိမ်ရင့် ကျက်ချင်လာ တယ်။ ပိုပြီးတော့ တည်ငြိမ်ချင်တယ်။ အလုပ်ဆိုလည်း အရင်တုန်းကလို မျိုးကလေးလို မလုပ်တော့ဘူး။ " လို့ ထွန်းထွန်းက Duwun Media ကို ဖြေဆိုခဲ့ဖူးပါတယ်။

Photo : su sundi oo FB

 

ချစ်သူကောင်မလေးနဲ့ ချစ်သူစဖြစ် တဲ့ နေ့ကစပြီး တစ်ရက်မှ အဆက်အသွယ် မပြတ်ခဲ့ဘူးလို့ ထွန်းထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောခဲ့ဖူး ပါတယ်။ ထွန်းထွန်းကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး ဖြစ်နေခဲ့တာ ကြာပါပြီ။ အခုတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားလို့ နေပါတယ်။

ဂီတလောကမှာ Examplez ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ တော့ ထွန်းထွန်းဟာ သရုပ်ဆောင်ပိုင်းသို့ ဝင်ရောက်လာ ခဲ့ပါတယ်။

Photo : su sundi oo FB

 

သရုပ်ဆောင်ဘက်မှာလည်း ကျရာဇာတ် ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာ ထွက်ရှိခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၆ခုနှစ်ထဲမှာ ဆက်တိုက်ရိုက်ကူးလာရသလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးသူ တစ်ဦးဖြစ်လာခဲ့ပါတယ်။

၂၀၁၆ခုနှစ်အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကား၊ အုတ်ကြားမြတ်ပေါက် ရုပ်ရှင်ဇာတ်ကားတို့မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး အုတ်ကြားမြက်ပေါက် ဇာတ်ကားနဲ့ အကယ်ဒမီရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က