ဘုရားတရားတွေ အရမ်းလုပ်လာတာနော်။

အဆိုတော် နိုင်းဝမ်းကတော့ အရင်ကနဲ့မတူပဲ အရမ်းကို ပြောင်းလဲလာတာ တွေ့ရပါတယ်။ ဘုရားတရားတွေ အရမ်းလုပ်လာတဲ့ နိုင်းဝမ်းဟာ ဒီနေ့(စက်တင်ဘာ ၂၀ ရက်)ကစပြီး သစ်တံခါးကျောင်းတိုက်မှာ ဝါတွင်းကာလအတွင်း ဒုတိယအကြိမ် ဝစီပိတ် ကျင့်ပြီး အဓိဋ္ဌာန်ဝင်နေတယ်လိုု့ သိရပါတယ်။

 

အဆိုတော် နိုင်းဝမ်းကတော့ အရင်ကနဲ့မတူပဲ အရမ်းကို ပြောင်းလဲလာတာ တွေ့ရပါတယ်။ ဘုရားတရားတွေ အရမ်းလုပ်လာတဲ့ နိုင်းဝမ်းဟာ ဒီနေ့(စက်တင်ဘာ ၂၀ ရက်)ကစပြီး သစ်တံခါးကျောင်းတိုက်မှာ ဝါတွင်းကာလအတွင်း ဒုတိယအကြိမ် ဝစီပိတ်ကျင့်ပြီး အဓိဋ္ဌာန်ဝင်နေပြီဆိုတဲ့ အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

"ဒီနေ့ကစပြီး သစ်တံခါးကျောင်းတိုက်မှာ ဝါတွင်းကာလအတွင်း ဒုတိယအကြိမ် ဝစီပိတ်၊ဥပုပ်စောင့်အဓိဋ္ဌာန်လာဝင်နေပြီဖြစ်လို့ စကားမပြော၊ ဖုန်းမသုံးပါခင်ဗျာ။မိတ်ဆွေများ ကိစ္စရှိပါက မက်ဆင်ဂျာမှတဆင့် စာပို့ထားနိုင်ကြပါတယ်" ဆိုပြီး စက်တင်ဘာ(၂၀) ရက်နေ့က ပြောထား ပါတယ်။

 

နိုင်းဝမ်းဟာ အရင်ကနဲ့ မတူပဲ အရမ်းကို ပြောင်းလဲလာတာ ပရိသတ်တွေပါ သတိ ထားမိလာကြပါတယ်။ ဝါတွင်းကာလမှာ ကုသိုလ်ယူဖြစ် သလို ၂၀၁၈ခုနှစ်၊ မေလ(၁၈) ရက်နေ့ကလည်း မွေးနေ့အထိမ်းအမှတ်အဖြစ် ရဟန်းခံ ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီအချိန်တုန်း ကလည်း သာသနာ့ဘောင်ထဲမှာ အချိန်တော်တော်ကြာဝင်ရောက်ခဲ့တာပါ။

လူငယ်တစ်ယောက်ဖြစ်တဲ့ နိုင်းဝမ်းဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူဖြစ်ပြီး သူ့ရဲ့ မျက်ကြည်လွှာနဲ့ ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အားလုံးကိုလည်း လှူဒါန်းထားသူ တစ်ယောက်ဖြစ်ပါတယ်။

 

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး တစ်ချိန်က ယွန်းမှီမှီကျော်နဲ့ ချစ်သူဖြစ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းဟာ ချစ်သူနဲ့လည်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်သလို ပရဟိတအလုပ်တွေ ကုသိုလ်ရေးတွေကိုလည်း အရင်ကထက် ပိုပြီး လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။

နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က