ပရိသတ်တွေရဲ့ အသဲကျော်လေးတွေပါ။

ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေး ခေတ်နဲ့သစ်တို့ဟာ ဒီနေ့(စက်တင်ဘာ ၂၀ရက်)ဆိုရင် (၁)နှစ်နဲ့ (၈)လတောင် ပြည့်လိုု့သွားပါပြီ။ သူတို့လေးတွေ ဟာ မွေးစကနေစပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှု ရရှိထားတာ အခုအချိန် အထိပါပဲ။



Photo : ချစ်သုဝေ FB Page

 

ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေး ခေတ်နဲ့သစ်တို့ဟာ ဒီနေ့(စက်တင်ဘာ ၂၀ရက်)ဆိုရင် (၁)နှစ်နဲ့ (၈)လတောင် ပြည့်လိုု့သွားပါပြီ။ သူတို့လေးတွေ ဟာ မွေးစကနေစပြီး ပရိသတ်တွေချစ်ခင်မှု ရရှိထားတာ အခုအချိန် အထိပါပဲ။

ခေတ်နဲ့သစ်တို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ အရမ်းကို ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရတဲ့ သမီးလေး တွေဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့ သမီးလေးတွေကို မေမေချစ်သုဝေတစ်ယောက် ချစ်မဝဖြစ်လို့နေပါတယ်။

Photo : ချစ်သုဝေ FB Page

"သမီးလေးတွေ ၁နှစ်နဲ့၈လ.။ "မေမေ..ချစ်တယ်"....လို့တစ်ဖွဖွပြောတတ်နေပြီ.။ အမေကို အရာအာလုံးကူလုပ်ပေးချင်နေပြီ.။အမေကို စာတွေတောင်ပြန်သင်ပေးချင်နေပြီ။ချစ်လို့ဖြင့်မဝပါဘူးသမီးလေးတွေရယ်..မေမေ့ဘဝရဲ့ အဓိပ္ပါယ်အပြည့်ဝဆုံး ပြီးပြည့်စုံမှုတွေကို သမီးလေး တွေကပေးတယ်။"ချစ်တတ်တယ်။မျက်နှာရွှင်ကြည်တယ်။စကားတွေသိပ်ပြောချင်တယ်။လူကြီးတွေကိုပြန်စတတ်တယ် ကိုယ့် လက်ကိုယ့် ခြေအကုန်လုပ်ချင်တယ်။တစ်ခါခါစိတ်ကြီးတယ်။ အကြီးကအငယ်ကိုထိန်းတယ်။အငယ်ကအကြီးကို စနောက်တယ် အို သမီးလေးတွေ ရဲ့အပြုအမူတိုင်းဟာ အစကတည်းက ကလေးချစ်တတ်တဲ့မေမေ့ကို ရူးစေပါတယ် သည်းလေးတွေရယ်" ဆိုပြီး အသစ်ဖွင့်ထားတဲ့ ချစ်သုဝေ ဖေ့စ်ဘွတ်ပေ့ချ်မှာ စက်တင်ဘာ(၂၀) ရက်နေ့ မနက်ပိုင်းက ရေးသားထားတာတွေ့ရပါတယ်။

Photo : ချစ်သုဝေ FB Page

 

အနုပညာရှင်တွေ ဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အနုပညာအလုပ်တွေ မအားမလပ်တဲ့ ကြားထဲက သမီးလေးတွေအတွက် အချိန်ပေးတတ်သူတွေပါ။ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက် အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။

Photo : ချစ်သုဝေ FB Page

 

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က