အမောဖောက်တာနဲ့တူတယ်။

မော်ဒယ် သရုပ်ဆောင် သန္တာဗိုလ်ဟာ ရှုတင်မှာ ရိုက်ကူးရေး လုပ်နေရင်း မူးလဲသွားခဲ့တာပါ။ သူမဟာ စက်တင်ဘာ(၁၉) ရက်နေ့က အစီအစဉ် တစ်ခုအတွက် ရိုက်ကူးရေးလုပ်နေရင်း အမောဖောက်ကာ ရှုတင်မှာ မူးလဲသွားခဲ့တာ ဖြစ်ပါတယ်။ ချာလီတို့နဲ့အတူ ရိုက်ကူးရေး လုပ်နေရင်း ဖြစ်သွားခဲ့တာပါ။

 

မော်ဒယ် သရုပ်ဆောင် သန္တာဗိုလ်ဟာ ရှုတင်မှာ ရိုက်ကူးရေး လုပ်နေရင်း မူးလဲသွားခဲ့တာပါ။ သူမဟာ စက်တင်ဘာ(၁၉) ရက်နေ့က အစီအစဉ် တစ်ခုအတွက် ရိုက်ကူးရေးလုပ်နေရင်း အမောဖောက်ကာ ရှုတင်မှာ မူးလဲသွားခဲ့တာ ဖြစ်ပါတယ်။ ချာလီတို့နဲ့အတူ ရိုက်ကူးရေး လုပ်နေရင်း ဖြစ်သွားခဲ့တာပါ။

သန္တာဗိုလ်တစ်ယောက် ရိုက်ကွင်းမှာ မူးလဲ သွားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ယိုကိုစန်က သူ့ရဲ့ အင်စတာဂရမ်ရဲ့ Stories မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်လေးထဲမှာတော့ မူးလဲသွားတဲ့ သန္တာဗိုလ်ကို အားလုံးက ဝိုင်းပြီး ပြုစုပေးနေတာ တွေ့ရပါတယ်။ ယိုကိုစန် တင်ထားတဲ့ ဗီဒီယိုဖိုင်လေးကို သန္တာဗိုလ်က ဒီနေ့(စက်တင်ဘာ၂၀ရက်)မှာ သူမအင်စတာဂရမ်ရဲ့ Stories မှာ ပြန်တင်ထားတာ တွေ့ရပါ တယ်။

အလုပ်လုပ်နေရင်း ဒီလိုမျိုး မဖြစ်ချင်ပါဘူးဆိုပြီးလည်း ပြောထားပါသေးတယ်။ သူမရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ပရိသတ်တွေလည်း သူမရဲ့ ကျန်းမာရေးကို စိုးရိမ်နေကြတာ တွေ့ရပါတယ်။ သန္တာဗိုလ်ဟာ မော်ဒယ်ပိုင်းမှာအ ချိန်အတော်ကြာ ရပ်တည်နေနိုင်သူဖြစ်ပြီး ယခုနောက် ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေ လုပ်လာတာလည်း တွေ့ရပါတယ်။ 

ချစ်သူကောင်းပြည့်နဲ့အတူ ဇာတ်ကားရိုက်ကူးမှုတွေ အတူတူပြုလုပ်လျက်ရှိတာ ဖြစ်ပါတယ်။ သရုပ်ဆောင်ဘက်မှာအောင်မြင် ဖို့ကြိုးစားနေတဲ့ သန္တာဗိုလ်ဟာ ဂီတဘက်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေသူတစ်ဦးပါ။ သန္တာဗိုလ် ဟာ သူရဲ့ တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ''နားလည် ပေးပါ..ကို'' တေးစီးရီးကို ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။

 

အဲ့ဒီနောက်မှာတော့ ဂီတ နဲ့ ပတ်သက်ပြီး ဖျော်ဖြေရေးတွေဆောင်ရွက်နေရတာကို တွေ့ရပါတယ်။ သန္တာဗိုလ်ဟာ သူ့ရဲ့ သီချင်းတွေကို အွန်လိုင်းမှာပဲ တင်ဖို့ ဆုံးဖြတ်လိုက် ပြီလို့ ဆိုပါတယ်။ကောင်းပြည့်နဲ့ သန္တာဗိုလ် တို့ အနုပညာရှင်စုံတွဲဟာ ချစ်သူသက်တမ်း (၆) နှစ်ကျော် ကြာခဲ့ပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ကလည်း ချစ်သူ သက်တမ်းကြာလာတာနဲ့ အမျှ နားလည်မှုတွေပိုရှိလာတယ်လို့ ဆိုပါတယ်။

သူတို့ စုံတွဲလေးဟာ  ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူတွဲပြီးသရုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတဲ့ စုံတွဲလေးပါ။ အားပေးကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်မှုတွေနဲ့ တိုက်ခိုက်ကြတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က