အလှူဆိုရင် ရှေ့ဆုံးကနော်။

အသက်ငယ်ပေမယ့်လည်း အလှူအတန်းဆိုရင် ရှေ့ဆုံးက အမြဲတမ်းပါဝင်တတ်တဲ့ အိစိကွေးဟာ ဒီနေ့မှာလည်း အလှူတစ်ခု ပြုလုပ်နေတာ တွေ့ရပါတယ်။ 

 

အသက်ငယ်ပေမယ့်လည်း အလှူအတန်းဆိုရင် ရှေ့ဆုံးက အမြဲတမ်းပါဝင်တတ်တဲ့ အိစိကွေးဟာ ဒီနေ့မှာလည်း အလှူတစ်ခု ပြုလုပ်နေတာ တွေ့ရပါတယ်။  ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးမှာ ခြေထောက်ကျိုးဝေဒနာခံစားနေရတဲ့ အသက်(၉၀)ကျော် အမေကြီးရဲ့ ခြေထောက် နှစ်ဖက် လုံး ခွဲစိတ်ကုသဖို့အတွက် ဆေးဖိုး သွားလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအလှူလေးမှာ အိစိကွေးနဲ့အတူ သရုပ်ဆောင် ထက်ထက်ထွန်းနဲ့ သူငယ်ချင်းတွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

 

"ဒီနေ့တော့ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာခြေထောက်ကျိုးဝေဒနာခံစားနေရတဲ့အသက်၉၀ ကျော် အမေကြီးအား ခြေထောက်နှစ်ဖက်လုံး ခွဲစိတ်ကုသဖို့သွားရောက်လှူဒါန်းခဲ့ပါတယ်။ကျွန်တော်နဲ့ ကျွန်တော်ရဲ့အဖေမတူအမေကွဲအစ်ကိုကြီး ကို Pyae Phyo Min ကျွန်တော်ရဲ့ သူငယ် ချင်း Hsu Pyae Sone Htun တို့က စုပေါင်းပြီး အမေကြီးရဲ့ခြေထောက်တစ်ဖက်စာခွဲစိတ်ကုသဖို့ လှူဒါန်းခဲ့ပါတယ်။ ကျွန်တော့ အနု ပညာ မောင်နှမ ဖြစ်တဲ့ မ Htet Htet Htun နဲ့ သူ့သူငယ်ချင်း တို့ကလည်း နောက်ထပ်ခြေထောက်တစ်ဖက်စာ ခွဲစိတ်ကုသဖို့ လှူဒါန်းခဲ့ပါ တယ်" ဆိုပြီး စက်တင်ဘာ(၂၀) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ငယ်စဉ်ကတည်းက အတူတူသရုပ်ဆောင်ခဲ့ဖူးတဲ့ ဒေါ်စံပယ်ဆီ ဆေးဖိုးသွားလှူခဲ့တဲ့ အိစိကွေး 

သူပြုလုပ်ခဲ့တဲ့ အလှူဒါနတွေကိုလည်း ချစ်ရတဲ့ ပရိသတ်များ သာဓုခေါ်နိုင်ဖို့အတွက် အမျှပေးဝေးထားပါသေးတယ်။ ပရဟိတစိတ်ဓာတ် အပြည့်ရှိတဲ့ အိစိကွေးဟာ သူတတ်နိုင်သလောက် အလှူအတန်းတွေကိုလည်း အမြဲတမ်းလုပ်ဖြစ်နေသူပါ။ လွန်ခဲ့တဲ့ လပိုင်းလောက်ကလည်း အိစိကွေးက သရုပ်ဆောင် ကစ်ကစ်ဆီ သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

သရုပ်ဆောင် ကစ်ကစ်အတွက် အစားအသောက်လေးတွေ ချက်ထည့်သွားပြီး ငွေကြေးတချို့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ကစ်ကစ်ဆီ သွားလှူ ခဲ့သလိုပဲ ဦးဝင်းနိုင်(အနုပညာ)ဆေးရုံတက်နေရတဲ့ သတင်းကို ကြားကြားချင်းကလည်း သွားရောက်ကူ ညီခဲ့ ပါသေး တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း သူနဲ့အတူ ငယ်စဉ်ကတည်းက အတူ သရုပ်ဆောင်ခဲ့တဲ့ ဒေါ်စံပယ်ဆီ သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

 

အသက် ၄ နှစ်ခွဲအရွယ်ကတည်းက သရုပ်ဆောင်အလုပ် လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်တွေ အားပေးရ ကျိုးနပ်အောင်လည်း ထပ်ကြိုးစားသွားဦးမယ်လို့ သိရပါတယ်။ ကျောင်းပညာရေးကို ဦးစားပေးနေရတဲ့ သူ့အနေနဲ့ အနုပညာအလုပ်တွေကို တဖြည်းဖြည်းနဲ့ ဆက်လုပ်နေဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က