ဒီနေ့ကတော့ ခင်ဝင့်ဝါမွေးနေ့ပါ။

ခင်ဝင့်ဝါရဲ့ အသက် ၂၄ နှစ်ပြည့် မွေးနေ့မှာ ဝိုင်းလေးရဲ့ မွေးနေ့ ဆုတောင်းလေးကတော့ တကယ်ကို ထူးခြားပါတယ်။ သူတို့ သူငယ်ချင်း နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။



 

စက်တင်ဘာလ ၂၁ ရက်နေ့ဟာ သရုပ်ဆောင် ခင်ဝင့်ဝါရဲ့ အသက် ၂၄ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ခင်ဝင့်ဝါအတွက် မွေးနေ့ဆုတောင်း ကိုတော့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ဝိုင်းလေးက မှတ်မှတ်ရရ အခုလို မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။

'' ဟက်ပီ ဘားဒေး မားရီး ခင်ဝင့်ဝါ အသက်တွေလည်း ကြီးလာပြီ ဗိုက်ဆာတာလေး လျှော့။ ကိုရီးယားသွား နိုင်ပါစေ။ Park Seo_Joon နဲ့ လည်း ညားပါစေ။ အကယ်ဒမီမြန်မြန်ရပြီး သူငယ်ချင်းကို ပြုစုနိုင်ပါစေ'' ဆိုပြီးတော့ စက်တင်ဘာလ ၂၁ ရက်နေ့ မနက် ၁၀ နာရီခန့်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: ဝိုင်းလေးဖေ့စ်ဘွတ်

 

ခင်ဝင့်ဝါနဲ့ ဝိုင်းလေးတို့ နှစ်ယောက်ဟာ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ခင်ဝင့်ဝါ နဲ့ ဝိုင်းလေးတို့ သူငယ်ချင်း နှစ်ယောက်မှာ တစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ရေးအကြောင်းတွေလည်း ဆွေးနွေးဖြစ်တယ်လို့ ဆိုပါတယ်။ ခင်ဝင့်ဝါရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက် ပြီး ဝိုင်းလေးတစ်ယောက် ဘယ်လိုတွေပြောပြလာတယ်ဆိုတာကို Duwun media ကနေ ပြောပြခဲ့ပါတယ်။

'' သူကညီမကို အရင်ကဆိုရင် နင်ယူပြီးမှ ငါယူမယ်လို့ပြောတယ်။ အခုကျတော့ သူကစိတ်ပြောင်းသွားပြီ မယူနဲ့တော့တဲ့ နင်နဲ့ငါ အတူတူနေ မယ်လို့ပြောတယ်။ ငါ နင့်ကိုတော့ မကြိုက်ဘူးနော် လို့တော့ ပြောပစ်လိုက်တယ်။ အရင်တုန်းကတော့ သူက လေယာဉ်ပျံကြီးပေါ်မှာ မင်္ဂလာ ဆောင်ချင်တယ်လို့ပြောတယ်။ အခုကျတော့ နေရာပြောင်းသွားပြီ'' လို့ ရယ်ရယ်မောမောနဲ့ ပြောခဲ့ပါတယ်။

Photo: ဝိုင်းလေးဖေ့စ်ဘွတ်

ဝိုင်းလေးသတင်းကြောင့် ရူးမတက်စိတ်ပူခဲ့ရတဲ့ ခင်ဝင့်ဝါ 

ရင်းရင်းနှီးနှီးရှိလွန်းလှတဲ့ မိန်းမချောလေး နှစ်ဦးက တစ်ယောက်ကနဲ့တစ်ယောက် အကြောင်းအရာတော်တော်များများကို မချွင်းမခြံ ပြောပြတတ်ကြတယ်လို့ ဆိုပါတယ်။ စိတ်ချင်းတူတာကြောင့်လည်း နှစ်ယောက်သားအပေါင်းအသင်းဖြစ်လာတယ်ဆိုတာကို သြဂုတ်လ ၁၂ ရက်နေ့က A moment of Love Wedding Showcase ပွဲကြီးမှာ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' သူဆိုလည်း ကိစ္စတော်တော်များများ ညီမနဲ့တိုင်ပင်တယ်။ တချို့ကိစ္စတော်တော်များများလည်း ညီမပြောတယ်။ ညီမတို့က ဟန်ဆောင်မှု မရှိ ဘူး။ ကိုယ်ခင်ပြီဆိုရင် လွတ်လွတ်လပ်လပ် အကြောင်းအရာအကုန်ကို မချွင်းမခြံပြောပြတတ်တယ်။ကောက်လည်း မကောက်ကျစ်ဘူး။ သူဆိုရင်လည်း ဒီလိုပဲ ဆိုတော့ စိတ်တူလို့ ပေါင်းဖြစ်တာပေါ့နော်'' လို့ ဆိုပါတယ်။

 

Miss Myanmar World 2014 ဝိုင်းလေးနဲ့ Miss Supranational Myanmar 2013 ခင်ဝင့်ဝါတို့ဟာ အလှမယ်ဖြစ်ရုံသာ မက အနုပညာ လမ်းကြောင်းပေါ်မှာ အတူတူ လျှောက်လှမ်း နေကြသူတွေလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရင်တုန်းကထက်ပိုပြီး နွေးထွေးတဲ့ ဆက်ဆံရေးမျိုး တိုင်ပင်ဖော် တိုင်ပင်ဖက် ကောင်းအဖြစ်နဲ့လည်း ခင်မင်လျှက်ရှိတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က