စက်တင်ဘာလ ၂၂ ရက်နေ့ ညက ဆုံးပါးခဲ့တာပါ။

Miss Universe 2018 Sagaing အလှမယ် ဆုရရှိထားတဲ့ ယွန်းဆက်ပိုင်ဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ညမှာပဲ ရုတ်တရက် ကွယ်လွန်သွား ခဲ့တယ်လို့ သိရပါတယ်။ ဒီ့အတွက် သူ့ရဲ့ မိသားစုဝင်တွေရော၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့ နေပါတယ်။

Photo: ယွန်းဆက်ပိုင် ဖေ့စ်ဘွတ်

 

Miss Universe 2018 Sagaing အလှမယ် ဆုရရှိထားတဲ့ ယွန်းဆက်ပိုင် ဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ညမှာပဲ မန္တလေးမြို့ ၃၀၊ ၅၈ လမ်း နဲ့ ၅၉ လမ်းကြားမှာရှိတဲ့ ဆောက်လက်စဖြစ်နေတဲ့ အဆောက်အအုံရှေ့မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မန္တလေး ဆေးရုံမှာ ဆေးစစ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

'' မန္တလေးမြို့၃၀၊၅၈×၅၉လမ်းကြားမှာဖြစ်တာပါ။ ဆောက်လက်စအဆောက်အဦးရှေ့က မြေပုံကိုဝင်တိုက်သွားပြီးလှိမ့်သွားပုံရတယ်။ ခါးပတ် ပတ်မထားတော့ မောင်းတဲ့ မိန်းကလေးက ကားထဲကလွင့်ထွက်သွားအရှိန်ကလဲ တော်တော်များလာတယ်ထင်တယ်။ အသက်၂၀ လောက်ပဲ မိန်းကလေး မိသားစုနဲ့ဆက်သွယ်ဖို့ သိတဲ့သူများပြောပေးပါဦး။ ကားနံပါတ်တော့ ဖျက်မထားပေးဘူး။ မန္တလေးဆေးရုံသို့ ပို့ဆောင် ပေးထားတယ်လို့သိရပါတယ်'' ဆိုပြီးတော့ ဝေလင်းဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က စက်တင်ဘာလ ၂၃ ရက်နေ့ ည ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo:ဝေလင်းဖေ့စ်ဘွတ်

 

Miss Universe 2018 Sagaing အလှမယ် ပြိုင်ပွဲကြီးကို သြဂုတ်လ ၄ ရက်နေ့ ညက စစ်ကိုင်းမြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ ဒီပြိုင်ပွဲကြီးမှာပဲ ယွန်းဆက်ပိုင်က winner ဆုရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အလှအပနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုနေကြတဲ့ အပေါ် သူ့ရင်ထဲက ခံစားချက်တွေကို နောက်ဆုံးအနေနဲ့ အခုလိုရေးသားခဲ့ပါသေးတယ်။

'' Makeup လိမ်းထားတဲ့ရုပ်နဲ့ မလိမ်းတဲ့ရုပ် ကွာတယ်နော်လို့ပြောရင် သဘောကျတယ်။ ကိုယ်Makeupပြင်တာ ဘယ်လောက် Pro ကျလည်း ဆိုတာ သိရတယ်လေ ။ ဓာတ်ပုံထဲမှာနဲ့ အပြင်မှာ မတူဘူးနော် လို့ပြောလဲသဘောကျတယ်။ ကိုယ် ဓာတ်ပုံစားတာ လူသိတာပေါ့ ။တချို့ကျ Makeup ဘယ်လောက်ပြင်ပြင် ဓာတ်ပုံဘယ်လောက်ရိုက်ရိုက် ရုပ်မထွက်ဘူးလေအာ့ကြောင့် မို့ကို ဘယ်လိုပြောပြောစိတ်မဆိုးပါဘူးလို့'' ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

Photo: ယွန်းဆက်ပိုင် ဖေ့စ်ဘွတ်

 

ရုတ်တရက် ဆုံးပါးသွားခဲ့တဲ့ ယွန်းဆက်ပိုင်အတွက် သူ့ရဲ့ မိဘတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ ပရိသတ်တွေ ကလည်း စိတ်မကောင်းဖြစ်လို့ နေပါတယ်။ သူ မသေဆုံးခင်မှာလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာလည်း ခံစားချက် တချို့ကို ရေးသားထား တာ တွေ့ရပါတယ်။

Miss Universe Myanmar 2018 Winner ဆုကို နှင်းသွေးယုအောင် ရရှိ 

Photo: ယွန်းဆက်ပိုင် ဖေ့စ်ဘွတ်

 

Miss Universe 2018 Sagaing အလှမယ်ယွန်းဆက်ပိုင်ဟာ ဆိုရင် ရန်ကုန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar 2018 ပြိုင်ပွဲ ကြီး မှာ စစ်ကိုင်းမြို့ ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ Chindwin College မှာ Business  Management ဘာသာရပ် ကို လေ့လာဆည်းပူးနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က