ဘယ်လိုနေနေချစ်တာ။

ငယ်ငယ်လေးကတည်းက အေးအေးဆေးဆေးနေတတ်တဲ့ သူမဟာ အခုချိန်ထိ ဘယ်သွားသွားဘယ်လာလာ မိခင်နဲ့အတူ သွားတတ်သူလည်း ဖြစ်ပါတယ်။ Night out ထွက်မယ်ဆိုရင်တောင်မှ မိခင်က အမြဲတမ်း ပါတယ်လို့ သူမက ဆိုပါတယ်။

42254714_1968236363264301_834425662151327744_n.jpg 

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် စိုးပြည့်သဇင်ဟာ ပြီးခဲ့တဲ့  ရက်ပိုင်းလောက်က အသက်(၂၆) နှစ် ပြည့်သွား ခဲ့ပြီဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်လောက်ကလည်း ရင့်ကျက်ပြီး အလုပ်တစ်ခုလုပ်မယ် ဆိုရင် သေချာစဉ်းစားပြီးမှ လုပ်တတ်တဲ့ သူမ ဟာ အခုအရွယ်မှာ ပိုပြီး ရင့်ကျက်လာသလို ခံစားမိတယ်လို့ ဆိုပါတယ်။

"တစ်နှစ်ထက်တစ်နှစ်ပိုပြီး ရင့်ကျက်လာတယ်။ စိုးပြည့်ကျတော့ ဆယ်ကျော်သက်အရွယ်ကတည်းက စိတ်က လူထက်ပိုပြီး ရင့်ကျက်တယ်။ အလုပ်တစ်ခုလုပ်ရင် ဝုန်းဝုန်းဒိုင်းဒိုင်းမလုပ်တတ်ဘူး။ သေချာစဉ်းစားပြီးမှ လုပ်တတ်တယ်။ အခုအသက်အရွယ်မှာ ပိုပြီး ရင့်ကျက်လာတယ်။ နောက်တစ်ခု အရင်ကဆို တစ်ခုခုဆို အမြဲတမ်း ခံစားလွယ်တယ်။တစ်ခုခု ပြောလိုက်ပြီဆိုရင် အရမ်းဝမ်းနည်းလွယ်တယ်။ အခုနောက်ပိုင်း ကျတော့ အဲ့လိုမဖြစ်တော့ဘူး။ ဖြေတတ်လာတယ်။ ပိုပြီးခဲ့နိုင်လာတယ်လို့ ထင်တယ်။ အနုပညာသမားအတွက်ကလည်း ဒါက အရေးအကြီး ဆုံးလို့ ထင်တယ်လေ" ဆိုပြီး စက်တင်ဘာ(၂၂) ရက်နေ့က သူမရဲ့ မွေးနေ့အလှူမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

ငယ်ငယ်လေးကတည်းက အေးအေးဆေးဆေးနေတတ်တဲ့ သူမဟာ အခုချိန်ထိ ဘယ်သွားသွားဘယ်လာလာ မိခင်နဲ့အတူ သွားတတ်သူလည်း ဖြစ်ပါတယ်။ Night out ထွက်မယ်ဆိုရင်တောင်မှ မိခင်က အမြဲတမ်း ပါတယ်လို့ သူမက ဆိုပါတယ်။

"စိုးပြည့်က ကလေးဘဝကတည်းက အေးအေးဆေးဆေးနေတတ်တယ်။ Night Out တွေလည်းမထွက်ဖြစ်ဘူး။ ထွက်ဖြစ်လည်း မိသားစုနဲ့ပဲ သွားဖြစ်တယ်။ ပြီးောတ့ စိုးပြည့်က ရှက်လည်း ရှက်တတ်တယ်။ ကြောက်လည်း ကြောက်တတ်တယ်။ အဲ့လိုဆိုတော့ သိပ်မသွားဖြစ်ဘူး။ Night out ဆိုရင် မေမေတို့ဖေဖေတို့နဲ့ပဲ သွားဖြစ်တယ်။တစ်ခါတလေး သူငယ်ချင်းတွေနဲ့သွားတယ်။ မေမေမသွားပဲနဲ့ ဘဝမှာ တစ်ခါမှ အပြင်မ သွား ဖူးဘူး တချို့ကလည်း ထူးဆန်းတယ်လို့ပြောတာ။စိုးပြည့်ကိုယ်တိုင်ကလည်း မပါရင်ကို ဘာလိုနေမှန်းမသိဘူး" ဆိုပြီး သူမက ဆက်လက် ပြောပြခဲ့ပါတယ်။

ပရိသတ်တွေရဲ့ Surprise ကြောင့် ပျော်ခဲ့ရတယ်ဆိုတဲ့ စိုးပြည့်သဇင် 

ချစ်စဖွယ်အမူအယာမျက်နှာအလှအပလေးကို ပိုင်ဆိုင်ထားတဲ့ စိုးပြည့်ဟာ လက်ရှိအချိန်ထိ သူမချစ်ရတဲ့သူတွေနဲ့ သူမရဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလျက်ရှိပါတယ်။ ချစ်သူရည်စားထားတဲ့ အသက်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ သူမဟာ လက်ရှိအချိန်ထိ ရည်းစားမထားသေးပဲ ဘဝကို အေေးအးဆေးဆေးဖြတ်သန်းဖြစ်နေသူလေးပါ။

"စိုးပြည့် ချစ်သူမထားသေးဘူးဆိုတာက စိုးပြည့်အခုချိန်မှာ အေးအေးဆေးဆေးနေချင်သေးတာပါတယ်။ စိတ်ထဲမှာ အသဲလည်းမကွဲချင်ဘူး။ ဘာမှမဖြစ်ချင်ဘူးအေးအေးဆေးဆေးပဲနေချင်တယ်။ ကိုယ်ချစ်ရတဲ့သူတွေအများကြီးနဲ့ နေချင်းသေးတယ်။ အဲ့ဒါကြောင့် အခုချိန်မှာ ဘာမှ မစဉ်းစားမိသေးပါဘူး" ဆိုပြီး သူမက Duwun Media ကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

 

စိုးပြည့်သဇင်ဟာ လက်တလော ခရီးတွေသွားနေသလို မကြာခင်မှာလည်း အမတွေနဲ့အတူ ပိုးထည်ဆိုင်ဖွင့်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မင်းသမီး ပိုးထည်တိုက်လို့ နာမည်ပေးထားတဲ့ သူမတို့ရဲ့ ပိုးထည်တိုက်အတွက် အမတွေနဲ့အတူတူ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က