လက်ဆောင်က ရှယ်ပဲနော်။

သရုပ်ဆောင် ခင်လှိုင်တစ်ယောက် လူမင်းပေးတဲ့ လက်ဆောင်ကြောင့် အပျော်ကြီး ပျော်လို့နေတာ တွေ့ရပါတယ်။ သူအရမ်းလို ချင်နေတဲ့ Versace နားကပ်ကလေးကို လူမင်းတို့ ဇနီးမောင်နှံက လက်ဆောင်ပေးခဲ့တာပါ။



42419090_2200037610067194_165079962829717504_n.jpg 

သရုပ်ဆောင် ခင်လှိုင်တစ်ယောက် လူမင်းပေးတဲ့ လက်ဆောင်ကြောင့် အပျော်ကြီး ပျော်လို့နေတာ တွေ့ရပါတယ်။ သူအရမ်းလိုချင်နေတဲ့ Versace နားကပ်ကလေးကို လူမင်းတို့ ဇနီးမောင်နှံက လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ Versace နားကပ်လေးကို လူမင်းပန်ကတည်းက သူ ကြိတ်ကြွေနေခဲ့ရတာပါတဲ့။ ဒါကို လူမင်းတို့ ဇနီးမောင်နှံက သိတာကြောင့် အသစ်တစ်စုံမှာပြီး ခင်လှိုင်ကို လက်ဆောင်ပေး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

"အန်ကယ်လေးရဲ့ကျွန်တော့်အတွက်လက်ဆောင်ပါ ဒီနားကပ်လေးကို အန်ကယ်လေးပန်ထားထဲက ကြိတ်ကြွေနေခဲ့တာကျွန်တော် သဘောကြ မှန်းသိလို့ အန်ကယ်လေးနဲ့ခင်စံပယ်ဦးတို့ဇနီးမောင်နှံကအသစ်မှာပြီးလက်ဆောင်ပေးတာပါကျေးဇူးအများကြီးတင်ပါတယ်အန်ကယ်လေးရေ" ဆိုပြီး ခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၄) ရက်နေ့ (၁)နာရီ (၂၅)မိနစ်က ရေးသားထားတာတွေ့ရပါတယ်။

အနုပညာဆိုတာ လက်ညှိုးထိုးဝေဖန်ရမယ့် လောကမဟုတ်ကြောင်းပြောတဲ့လူမင်း 

နာမည်ကြီး Brand ကို လက်ဆောင်ရသွားခဲ့တဲ့ ခင်လှိုင်တစ်ယောက် ဘယ်လောက်တောင် ပျော်နေမလဲဆိုတာ ပုံလေးတွေကို ကြည့်ပြီး တွေ့နိုင်ပါတယ်။ပရိသတ်တွေကလည်း  လက်ဆောင်ရသွားတဲ့ ခင်လှိုင်အတွက် ဝမ်းသာနေသလို လက်ဆောင်ပေးတဲ့ လူမင်းတို့ဇနီးမောင်နှံရဲ့ စိတ်သဘောထားလေးကို သဘောကျလို့နေကြပါတယ်။

လူမင်းနဲ့ခင်လှိုင်တို့ဟာ အနုပညာညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး အနုပညာလောကထဲမှာ အချိန်အတော်ကြာ ရပ်တည်နေနိုင်သူတွေလည်း ဖြစ်ပါတယ်။ ပြေတီဦးနဲ့ ခင်လှိုင်တို့ အနုပညာညီအစ်ကို နှစ်ယောက်ဟာ အနုပညာသက်တမ်းလည်း ကြာပြီဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက်ကလည်း ကာရိုက်တာတိုင်းကို အချိတ်အဆက်မိမိ အတူတွဲ သရုပ်ဆောင်နိုင်ခဲ့သူတွေဖြစ်ပါတယ်။

 

အလှူအတန်းပြုလုပ်တဲ့ နေရာမှာလည်း သူတို့ နှစ်ဦး ရဲ့ စိတ်ဓာတ်လေးတွေက အရမ်းကို ကောင်းပါတယ်။ သူတို့နှစ်ဦး ပါဝင်သရုပ်ဆောင် ထားတဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကလည်း အများကြီးပါ။ ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

 

၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က