မိတ်ဆွေသူငယ်ချင်းတွေလည်း ပါဝင်နိုင်တယ်တဲ့။

အဆိုတော် ဆိုဖီယာက ပရိသတ်တွေနဲ့အတူ ကုသိုလ်ပြုနိုင်ဖို့ စီစဉ်နေပါတယ်။ သူမနဲ့အတူ The Sowitchies (Sophia Everest Fans) တို့ပူးပေါင်းပြီးတော့ အလှူလေးတစ်ခုလုပ်မယ်လို့ သိရပါတယ်။



 

အဆိုတော် ဆိုဖီယာက ပရိသတ်တွေနဲ့အတူ ကုသိုလ်ပြုနိုင်ဖို့ စီစဉ်နေပါတယ်။ သူမနဲ့အတူ The Sowitchies (Sophia Everest Fans) တို့ပူးပေါင်းပြီးတော့ အလှူလေးတစ်ခုလုပ်မယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာ တွေ့ရပါတယ်။ အဲ့ဒီအလှူကို အောက်တိုဘာ(၄) ရက်နေ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

"အားလုံး ပဲ မင်္ဂလာပါ။Sophia Everest & The Sowitchies (Sophia Everest Fans) တို့ ရဲ့ အလှူူ လေး လုပ်ပါမယ်ရှင်။ ခု 4th October ကြာသာပတေး နေ့ မှာ နေ့လည် စာ အနေနဲ့ ရန်ကုန် ပြည်သူ့ ဆေးရုံ ုကြီး မှ ကလေး အယောက် ၅၀၀ အား နေ့လည်စာ ပရဟိတအလှူ လုပ်မှာ ဖြစ်ပါတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၄) ရက်နေ့ နေ့လည်(၃)နာရီ(၃၉)မိနစ်က ရေးသားထားတာပါ။

အဲ့ဒီအလှူမှာ ပါဝင်ချင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အနုပညာမောင်နှမများလည်း ပါဝင်နိုင်တယ်ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။ သူမရဲ့ အလှူမှာ ပါဝင်ချင်ရင်တော့ဖုန်းနံပါတ် ၀၉၄၅၁၀၅၅၅၆၄ ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

Myanmmar Idol အစီအစဉ်ကနေ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် ဆိုဖီယာဟာ ပရိသတ်တွေ သီချင်းအသစ်တွေနားဆင်နိုင်ဖို့ကို လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။ ပထမအခွေတုန်းကလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဆိုဖီယာဟာ  သူမရဲ့ ဒုတိယအမြောက် အခွေဖြစ်တဲ့ "နင့်ရဲ့" ဆိုတဲ့ စီးရီးကိုလည်း ၂၀၁၈ခုနှစ်၊ မတ်လ(၁၈) ရက်နေ့က ထွက်ရှိခဲ့ပါသေးတယ်။

 

အဲ့ဒီနောက်ပိုင်းမှာ single song အနေနဲ့ဖန်းတီးပြီး အွန်လိုင်းကနေ ပရိသတ်တွေအတွက် တင်ပေးခဲ့တာတွေလည်း ရှိပါတယ်။Myanmar Idol ပြိုင်ပွဲမှာကတည်းက လူသိများခဲ့တဲ့ ဆိုဖီယာအဲဗားရက်စ်က အဆိုပိုင်းတင်မက သရုပ်ဆောင်ဘက်မှာ လည်း အိုက်တင်ပီပြင်အောင် သရုပ်ဆောင်နိုင်သူပါ။

သူမနဲ့ မေကြည်တို့အတူ ပါဝင်ထားတဲ့ နောက်ကျောကဓားဆိုတဲ့ ဇာတ်ကားနဲ့ နောင်ဘယ်တော့မှမမုန်းဆိုတဲ့ ဇာတ်ကားတို့မှာလည်း ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က