လွန်ခဲ့တဲ့ ၂ နှစ်က သားလေးကို မွေးခဲ့တုန်းက ပုံလေးတွေ။

ဆုပန်ထွာဟာ သားလေး Roar Roar Kyaw ကို မွေးဖွားပြီးတဲ့ အချိန် မွေးခန်းထဲက ဓာတ်ပုံတွေကို အမှတ်မထင်ပြန် တွေ့လိုက် ရတာကြောင့် အရမ်းကို ဝမ်းသာခဲ့တယ်လို့ ဆိုပါတယ်။ ဆေးထိုးရမှာ ကြောက်ပေမယ့် သားလေးကို မွေးဖွားတဲ့အချိန်မှာ ဖြစ် ပေါ် လာတဲ့ သူမရဲ့ ခံစားချက် တွေကို ရင်ဖွင့်ပြောပြလာပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

သရုပ်ဆောင် ဆုပန်ထွာတစ်ယောက် သူ့ဘဝမှာ မမေ့နိုင်စရာ အမှတ်တရ တစ်ခုဖြစ်တဲ့ သားလေး Roar Kyaw ကို မွေးတဲ့ မွေးခန်းထဲက ဓာတ်ပုံတွေကို မြင်လိုက်ရတဲ့အချိန်မှာ အရမ်းကို အံ့သြခဲ့တယ်လို့ ဆိုပါတယ်။ မေ့ပျောက်လို့ မရနိုင်တော့တဲ့ အနေအထား တစ်ခုကို ပြန် တွေ့လိုက်ရတဲ့အချိန်မှာ ဝမ်းသာ၊ ဝမ်းနည်းဖြစ်ခဲ့တယ်လိ့ု ဆိုပါတယ်။

'' ဒီနေ့မှ ကျွန်မအံ့သြစွာတွေ့ဖူးလိုက်တဲ့ လွန်ခဲ့တဲ့ ၂ နှစ် သားသား Roar Roar Kyaw လေးမွေးတုန်းက မွေးခန်းထဲကပုံလေးတွေ။ ဒီပုံလေး တွေ က ခွဲခန်းထဲမှာ Dr. ဆွေဆွေဝင်း ရိုက်ပေးပြီး သူ့ဒယ်ဒယ်ဆီ ပို့ပေးထားတာတဲ့။ ဒီနေ့မှထမင်းတူတူစားရင်းသူတို့နှစ်ယောက် chat box ထဲကတွေ့လိုက်ရတာ။ ကိုယ်ကတော့ခုမှဒီပုံတွေတွေ့ပြီး၊ အဲ့ဒီတုန်းကခံစားချက်အတိုင်းလေး ဝမ်းသာဝမ်းနည်း'' လို့ ဆိုပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

ခင်ပွန်းရဲ့ အချစ်ကိုအပြည့်အဝ ပိုင်ဆိုင်ထားတဲ့ ဆုပန်ထွာ 

သူမဟာ ဆေးထိုးရမှာတောင် အရမ်းကို ကြောက်တတ်တဲ့သူဖြစ်တဲ့အတွက် ကလေးမွေးဖို့ အရမ်းကို သတ္တိမွေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဆုပန်ထွာက သားလေး Roar Roar Kyaw ကို ထုံဆေးနဲ့ ခွဲမွေးခဲ့ရတယ်လို့ ဆိုပါတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ သားလေးကို အောင် အောင်မြင်မြင် မွေးဖွားပြီးချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကိုလည်း အခုလို ပြောပြလာပါတယ်။

''သားကိုတွေ့တော့ ခြေအင်္ဂါလက်အင်္ဂါစုံရဲ့လား? ကျန်းမာရဲ့လား။ အားယူမေးရင်းခြေအင်္ဂါ လက်အင်္ဂါလည်းစုံတယ်၊ ကလေးက ကျန်းမာတယ် လို့ ကြားတော့ ကျွန်မဘဝမှာ "အစစအရာရာပြည့်စုံသွားပြီ" လို့ခံစားရတဲ့အခိုက်အတန့်အချိန်လေး။ ဒီပုံလေးတွေရိုက်တဲ့အချိန် ဒီချိန်လေး တွေ မှာဖြစ်ခဲ့တဲ့ခံစားချက်လေး'' ဖြစ်ခဲ့တယ်လို့ စက်တင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

ဆုပန်ထွာဟာ သားလေးRoar Roar Kyaw မွေးပြီးတဲ့နောက် မိသားစုကိုလည်း အချိန်ပေးဖြစ်သလို အနုပညာအလုပ်တွေလည်း ဆက်တိုက် ဆောင်ရွက် နေရတာဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကိုလည်း လက်မလွှတ်တမ်းဆောင်ရွက်နေသလို ဂီတဘက်မှာလည်း ဖျော်ဖြေရေးတွေ သီဆိုနေရတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က