အိတုံ၊မျိုးမျိုးခိုင်နဲ့ ရဲလေးမတို့ကတော့ ပျော်တာပေ့ါ။

ဒီနေ့မှာ အောင်ပန်းမှာ ဂေါက်ရိုက်တာနိုင်လို့ ဇာတ်ပို့တွေဖြစ်တဲ့ ယွန်းရွှေရည်၊ အိတုံ၊မျိုးမျိုးခိုင်၊ ရဲလေးမ၊နန္ဒကျော်စွာတို့ကို မုန့်ဖိုးပေး ခဲ့တယ်လို့ သိရပါတယ်။



Photo : အိအိတုံ FB

 

သရုပ်ဆောင် ပြေတီဦးက လက်ရှိမှာ "တရာလား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးလျက်ရှိပါတယ်။ အဲ့ဒီဇာတ်ကားကို အောင်ပန်း မှာ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဂေါက်ရိုက်ရတာကို ဝါသနာပါတဲ့ ပြေတီဦးဟာ ဇာတ်ကားရိုက်ကူးနေရင်း အားတဲ့အချိန်တွေမှာ ဂေါက်ရိုက် ဖြစ်ပါတယ်။

ဒီနေ့မှာလည်း အောင်ပန်းမှာ ဂေါက်ရိုက်တာနိုင်လို့ ဇာတ်ပို့တွေဖြစ်တဲ့ ယွန်းရွှေရည်၊ အိတုံ၊မျိုးမျိုးခိုင်၊ရဲလေးမ၊နန္ဒကျော်စွာတို့ကို မုန့်ဖိုးပေး ခဲ့တယ်လို့ သိရပါတယ်။ ဂေါက်ရိုက်တာ နိုင်တဲ့ဒေါ်လာတွေကို ပေးခဲ့တာ ဖြစ်တယ်ဆိုပြီး အိတုံက ပြောထားတာ တွေ့ရပါတယ်။

Photo : အိအိတုံ FB

 

"မမကစ်ရေကိုကြီးပြေတီကအောင်ပန်းမှာဂေါက်ရိုက်လို့နိုင်တဲ့ဒေါ်လာတွေမီးမီးတို့အဖွဲ့ကိုမုန့်ဖိုးပေးတယ်လို့ ကျေးဇူးချစ်ကို" ဆိုပြီး အိတုံရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။အဖွဲ့သားတွေကတော့ ပြေတီဦးပေးတဲ့ မုန့်ဖိုးကြောင့် ပျော်နေ ကြပါတယ်။

ပြေတီဦးဟာ အပေးအကမ်း ရက်ရောတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ရှုတင်မှာဆို အမြဲတမ်းလိုလို ကံစမ်းမဲတွေ ဖောက်ပေးတတ်သလို မုန့်ဖိုး တွေ လည်း ပေးတတ်သူပါ။

Photo : အိအိတုံ FB

အိမ်ထောင်ရှင်ဘဝမှာပဲခေါ်လို့ရတဲ့ နာမည်လေးပြောလိုက်တဲ့ ပြေတီဦး 

ရှုတင်အဖွဲ့သားတွေကို ကျောသားရင်သားမခွဲခြားပဲ အမြဲတမ်း ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သလို အမြဲတမ်း စနောက်တတ်သူဖြစ်တာကြောင့် သူပါတဲ့ရိုက်ကွင်းဆိုရင် အရမ်းကို ပျော်စရာကောင်းလှပါတယ်။ ပြေတီဦးက လက်ရှိမှာ ဒါရိုက်တာ ကျော်ဇော်လင်း(အတွေးပုံရိပ်) ရိုက်ကူးနေတဲ့ "တရားလား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားမှာ စိုးသူ၊ ပြေတီဦး၊ ဝတ်မှုံရွှေရည်၊ယွန်းရွှေရည်၊ အိတုံ၊ မျိုးမျိုးခိုင်၊ရဲလေးမတို့အပြင် အခြားသော အနုပညာရှင်များစွာနဲ့ ရှမ်းပြည်ဘက်မှာရိုက်ကူးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : ပြေတီဦး FB

 

ပြေတီဦးဟာ အာဒံရယ်၊ဧဝရယ်၊ဒဿရယ် ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၀ခုနှစ်အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မှာ "လက်ပံ" ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၃ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၁၄ခုနှစ်မှာ နှလုံးသားဖြင့် ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းအမျိုးသားဇာတ် ဆောင်ဆုကို ရရှိခဲ့သူတစ်ဦး ဖြစ် ပါတယ်။

အကယ်ဒမီပြေတီဦးဟာအနုပညာနဲ့ ပတ်သက်ပြီး အကယ်ဒမီဆုတွေလည်း ပိုင်ဆိုင်ထားသလို အနုပညာလုပ်ငန်းကနေရရှိလာတဲ့ ငွေကြေး နဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပါတယ်။ ပြေတီဦးဟာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူး နေရသလို ပရဟိတအလုပ်တွေလည်းလုပ်ရင်း မိသားစုကိုပါ အချိန်ပေးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က