သူ့ကို ဘယ်လိုတွေတောင် ချစ်ကြလဲကွယ်။

သူမရဲ့ ပုံလေးကို အရေး ပြား ပေါ် တက်တူးထိုးထားတဲ့ ပရိသတ်ကြောင့် မေမဒီတစ်ယောက် အရမ်းလည်းပျော်နေသလို အံ့လည်း အံ့သြနေခဲ့ပါတယ်။

Photo : မေမဒီ FB

 

Myanmar Idol Season 3 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် မေမဒီဟာ ပရိသတ်တစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် အရမ်းကို အံ့သြသွား ခဲ့ရတယ် လို့ ဆိုပါတယ်။ Tay Za လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက်က မေမဒီရဲ့ ပုံကို ပုံတူတက်တူးထိုးခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ပုံလေးကို အရေး ပြား ပေါ် တက်တူးထိုးထားတဲ့ ပရိသတ်ကြောင့် မေမဒီတစ်ယောက် အရမ်းလည်းပျော်နေသလို အံ့လည်း အံ့သြနေခဲ့ပါတယ်။

Photo : မေမဒီ FB

တိုက်ခိုက်မှုတွေကို သည်းခံနိုင်သမျှတော့ သည်းခံသွားမယ်ဆိုတဲ့ မေမဒီ 

"ကိုယ် အမေးဇင်းဖြစ်သွားဒယ်။ မေလေးကို ရင်ထဲမှာကော အရေပြားပေါ်မှာပါ ချစ်ပေးလို့ တကယ်ဝမ်းသာပါတယ် ကျေးဇူးလဲတင်ပါတယ်." ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၅) ရက်နေ့ နေ့လည်(၂း၀၀)နာရီကျော်လောက်က ရေးသားထားတာတွေ့ရပါတယ်။ မေမဒီရဲ့ ပုံလေးကို တက်တူးထားတဲ့ ကောင်လေးကိုကြည့်ပြီး တချို့ပရိသတ်တွေက အားကျနေကြသလို တက်တူးထိုးထားတဲ့ ကောင်လေးကို လေးစာနေကြတာတွေ တွေ့ရပါတယ်။

Photo : မေမဒီ FB

 

မေမဒီဟာ လက်ရှိမှာ Myanmar idol အဖွဲ့ဝင်တွေနဲ့အတူ သီချင်းတွေဖန်တီးနေတာ တွေ့ရပါတယ်။ စက်တင်ဘာ(၂၄) ရက်နေ့ကလည်း ရန်ကုန်မြို့၊ရွှေထွဋ်တင်ကွင်းရှိ HEXAGON AUDIO STUDIO တွင် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများကို ရေးစပ်ထားတဲ့ "ထာဝရရန်ကုန်" ဆိုတဲ့ သီချင်းကို Myanmar Idol အဖွဲ့ဝင်များနဲ့အတူ လေ့ကျင့်နေတာ တွေ့ရပါတယ်။

Photo : မေမဒီ FB

 

မေမဒီဟာ Myanmar Idol Season 3 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် တစ်ဦးဖြစ်ပါတယ်။ သူမဟာ Myanmar Idol ပြိုင်ပွဲရဲ့ စတုတ္ထမြောက် Result show မှာ ပရိသတ်တွေကို နှုတ်ဆက်ထွက်ခွာခဲ့ရသူ ဖြစ်ပါတယ်။

သူမအနေနဲ့ ပြိုင်ပွဲပြီးသွားရင်လည်း သူမချစ်တဲ့ အနုပညာအလုပ်တွေကို အခွင့်အရေး ရှိသမျှဆက်ပြီး လုပ်သွားချင်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က