ဂုဏ်ယူပါတယ် နန်းမြတ်ရေ။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခု မျှဝေလိုက်ပါတယ်။ အဲ့ဒီသတင်း လေးက တော့ သူမမှာ ရင်သွေးလေး လွယ်ထားရပြီဆိုတဲ့ သတင်းပါ။


Photo : နန်းမြတ်ဖြိုးသင်း FB

 

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခု မျှဝေလိုက်ပါတယ်။ အဲ့ဒီသတင်းလေးကတော့ သူမမှာ ရင်သွေးလေး လွယ်ထားရပြီဆိုတဲ့ သတင်းပါ။ ဒီသတင်းကို သူမ သိသိချင်းမှာလည်း အရမ်းကို ပျော်ခဲ့ရပါတယ်တဲ့။ နန်းမြတ်ဖြိုးသင်း ရင်သွေးလေး လွယ်ထားရပြီဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေကော သူတို့ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေအားလုံး ဂုဏ်ယူလို့ နေကြပါ တယ်။

Photo : နန်းမြတ်ဖြိုးသင်း FB

 

ရင်သွေးလေးရနေတဲ့အကြောင်းကိုလည်း နန်းမြတ်ဖြိုးသင်းက သူ့ရဲ ဖေ့်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

"ကျွန်မရဲ့ဘဝထဲကို နောက်ထပ်အချစ်တစ်ခု ဝင်ရောက်လာပြီ။ ဒါကို မြင်လိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ခံစားမှုတွေက ပြောမပြတတ် အောင်ပါပဲ။ အဲဒါကြောင့် ကျွန်မရဲ့ပျော်ရွှင်မှုကို အားလုံးနဲ့အတူ မျှဝေဖို့ ဆုံးဖြတ်လိုက်ပါတယ်" ဆိုပြီး စက်တင်ဘာ(၂၅) ရက်နေ့ နေ့လည်(၂း၃၀) က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

Photo : နန်းမြတ်ဖြိုးသင်း FB

Let's Go အဖွဲ့နဲ့ ဗီယက်နမ်ရောက်နေတဲ့ နန်းမြတ်ဖြိုးသင်း 

နန်းမြတ်ဖြိုးသင်း ရင်သွေးလေးရပြီဆိုတဲ့ သတင်းကြောင့် သူမရဲ့ ပရိသတ်တွေလည်းအရမ်းကို ပျော်နေကြပါတယ်။ နန်းမြတ်ဖြိုးသင်းက ဂီတပိုင်းနဲ့စတင်ခဲ့ပေမဲ့ အခုဆိုရင် ပရိသတ် အား ပေးမှု အခိုင်အမာရရှိနေတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့နေပါပြီ။ သာယာတဲ့ အိမ်ထောင် ရေးလေးကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းဟာ  ချစ်သူသက်တမ်းသုံးနှစ် ခွဲလောက်မှာ ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း FB

 

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာည စာစားပွဲ ကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က