ဖြိုးမြတ်အောင်နဲ့ အခုမှ ဓာတ်ပုံရိုက်ဖူးတာတဲ့။

မော်ဒယ် နန်းသီရိမောင်က ဒီနေ့မှာ Myanmar Idol Winner ဖြိုးမြတ်အောင်နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ ဖြိုးမြတ်အောင် နဲ့ ဆုံခဲ့တဲ့ သူမဟာ ဖြိုးမြတ်အောင်ကို ချီးကျူးစကား ပြောထားတာတွေ့ရပါတယ်။

Photo : နန်းသီရိမောင် FB

 

မော်ဒယ် နန်းသီရိမောင်က ဒီနေ့မှာ Myanmar Idol Winner ဖြိုးမြတ်အောင်နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ ဖြိုးမြတ်အောင်နဲ့ ဆုံခဲ့တဲ့ သူမဟာ ဖြိုးမြတ်အောင်ကို ချီးကျူးစကား ပြောထားတာတွေ့ရပါတယ်။ အဲ့ဒါကတော့ ဖြိုးမြတ်အောင်ဟာ ဘယ်သူ့ကိုတွေ့တွေ့ တလေးတစား နဲ့ နှုတ်ဆက်တတ်တဲ့ အကျင့်လေးက ချစ်စရာလေးဆိုပြီး နန်းသီရိမောင်က ပြောထားတာပါ။

Photo : နန်းသီရိမောင် FB

 

"ခုမှ ရိုက်ဖူးတာ မောင်လေးက တွေ့ရင် တလေးတစားနှုတ်ဆက်တတ်တာလေးက ချစ်စရာလေး။ ဘယ်သူဘယ်လောက် နံမည်ကြီးကြီး ဘယ်နိုင်က ဘယ်မင်းသားပဲ နိုင်ငံကြော်ပဲလာလာ အတင်းလုရိုက် နေရာယူယူ အတင်းသွားရိုက်ရတာတွေ လုံးဝမကြိုက်တတ်သော အကျင့်က ရှိနေလို့စ်။ မမ နဲ့ သူ့မောင်လေး အမကြီးအမိရာပေါ့ ဆုံးမစကားတွေဆိုခဲ့သေးတာ။သူ့ဖန် ကိုယ့်ဖန် တဲ့ ကျေနပ်တယ် မောင်လေး" ဆိုပြီး နန်းသီရိမောင်က သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၆) ရက်နေ့က ရေးသားထားတာဖြစ်ပါတယ်။

Photo : နန်းသီရိမောင် FB

အကယ်ဒမီဆုရှင်လေးနဲ့ ကြော်ငြာရိုက်ကူးနေတဲ့ ဖြိုးမြတ်အောင် 

ဖြိုးမြတ်အောင်နဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုလည်း နန်းသီရိမောင်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာတွေ့ရပါတယ်။ ပရိသတ်တွေ ကတော့ သူတို့ချစ်တဲ့သူနှစ်ယောက် ဆုံတွေ့ခဲ့တာ ဖြစ်တဲ့အတွက် ပျော်လို့နေပါတယ်။

ရှမ်းတိုင်းရင်းသူလေး နန်းသီရိမောင်ကတော့ အလန်းစားဓာတ်ပုံလေးများကြောင့် ပရိသတ်တွေ သတိထားမိရာကနေ ယခုဆိုရင် သူမရဲ့ ပရဟိတ စိတ်ဓာတ်လေးကြောင့်လည်း ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

Photo : နန်းသီရိမောင် FB

 

ဖြိုးမြတ်အောင်က လက်ရှိမှာ ပရဟိတအလုပ်တွေလည်း လုပ်နေသလို ကြော်ငြာရိုက်ကူးမှုတွေ လုပ်နေတာလည်း တွေ့ရပါတယ်။ ဖြိုးမြတ် အောင် က Myanmar Idol သီချင်းဆို ပြိုင်ပွဲ ဝင်ခဲ့တဲ့ အချိန်မှာ ပရိသတ်သေချာ မသိသေးတဲ့ ဝါသနာရှင်တစ်ယောက် ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့  အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ ဖြိုးမြတ်အောင်ကို မာနကြီးသွားမှာလား ဆိုတဲ့ အပေါ် အခုလို ပြန်လည် ဖြေဆိုခဲ့ပါတယ်။

'' လူဆိုတာကတော့ တစ်ခါတလေ လွတ်ချင်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း တစ်ခါတလေ လွတ်ချင်တယ်၊ အဲ့ဒီအခါ ဘာနဲ့ ပြန်ထိန်း သလဲဆိုရင် အသိ နဲ့ သတိ အမြဲကပ်ထားတယ်။ အဲ့ဒါတွေနဲ့ ပြန်ထိန်းဖြစ်တယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၀ ရက်နေ့က Ocean Super Market ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo : ဖြိုးမြတ်အောင် FB

 

သူ့အနေနဲ့ ပြိုင်ပွဲပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ အနုပညာဝမ်းဆာများကို ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပြီး နောက်တက်လာမယ့် ညီငယ်ညီမ တွေ လေးစားအားကျရတဲ့ အနုပညာသမားတစ်ယောက် အဖြစ် ရပ်တည်နိုင်ဖို့နဲ့ လျှောက်လမ်းမယ့် ဂီတလမ်းကြောင်းမှာ  အတတ်နိုင်ဆုံး အမှားနည်းအောင် လျှောက်လှမ်းပ့ါမယ်ဆိုပြီး ပရိသတ်တွေကို ကတိပေးခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က