မင်းသန့်တစ်ယောက် အရမ်းကို ပျော်နေတာနော်။

အကယ်ဒမီများရှင် သရုပ်ဆောင်မေသန်းနုက လက်ရှိမှာ သားဖြစ်သူရှိရာ ကယ်လီဖိုးနီးယားသို့ ရောက်နေပါတယ်။ စင်ရော် မောင်မောင်နဲ့ မေသန်းနုတို့ဟာ သားဖြစ်သူနဲ့အတူ ကယ်လီဖိုးနီးယားမှာ လျှောက်လည်နေကြတာလည်း တွေ့ရပါတယ်။



 

အကယ်ဒမီများရှင် သရုပ်ဆောင်မေသန်းနုက လက်ရှိမှာ သားဖြစ်သူရှိရာ ကယ်လီဖိုးနီးယားသို့ ရောက်နေပါတယ်။ သားဖြစ်သူရဲ့ ဘွဲ့ယူတဲ့ နေ့မှာ ဖခင်ကော မိခင်ကော တက်ရောက်ဖို့အတွက် ရောက်ရှိနေတာ ဖြစ်ပါတယ်။ မင်းသန့်မောင်မောင်ဟာ စက်တင်ဘာ(၂၂) ရက်နေ့က New York Film Academy ကနေ ဘွဲ့ရရှိခဲ့ပါပြီ။

ဘွဲ့နှင်းသဘင်အခမ်းအနားကိုလည်း မိဘနှစ်ပါးက ဂုဏ်ယူစွာနဲ့ တက်ရောက်ခဲ့ကြသလို မိဘနှစ်ပါးလုံး တက်ရောက်လာတဲ့အတွက် မင်းသန့်တစ်ယောက်လည်းအပျော်ကြီးပျော်နေခဲ့ပါတယ်။

အခုဆိုရင် စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ဟာ သားဖြစ်သူနဲ့အတူ ကယ်လီဖိုးနီးယားမှာ လျှောက်လည်နေကြတာလည်း တွေ့ရပါတယ်။ မိသားစု စုံစုံလင်လင်နဲ့လျှောက်လည်ပြီး ပျော်နေကြတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေ ကြည့်ပြီး ပရိသတ်တွေက ကြည်နူးနေကြပါတယ်။ မိဘနှစ်ပါး နဲ့ အတူ လျှောက်လည်နေရလို့ မင်းသန့်မောင်မောင်လည်း ပျော်နေတာ တွေ့ရပါတယ်။

ပျော်ရွှင်နေတဲ့ သူတို့မိသားစု ပုံရိပ်လေးကိုလည်း စင်ရော်မောင်မောင်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာ မိခင်အ တွက် မင်းသန့်က ဓာတ်ပုံဆရာ လုပ်ပေးနေသလို မင်းသန့်အတွက် ဖခင်က ဓာတ်ပုံဆရာလုပ်ပေးနေတာလေးတွေလည်း တွေ့ရပါတယ်။

 

မေသန်းနုကတော့ သားဖြစ်သူနဲ့အတူတူ လျှောက်လည်နေရလို့ ပျော်နေပုံပါ။ မေသန်းနုဟာ သားဖြစ်သူ မင်းသန့်မောင်မောင်၊ ခင်ပွန်း ဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင် နဲ့ အတူ ထာဝရ အမေ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါသေးတယ်။ ဒီဇာတ်ကားဟာ သူတို့ မိသားစုအတွက် ၁၂ နှစ်အကြာမှာ အတူတူစုံပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်လို့ အမှတ်တရတွေလည်းရှိတယ်လို့ သိရပါတယ်။

မေသန်းနုဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အကယ်ဒမီဆုများစွာကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

 

သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သူမဟာ ၁၉၉၂ခုနှစ်တွင်"မူပိုင်ချစ်သူ" ၊ ၁၉၉၅ခုနှစ်တွင်"ပုဂံမှာသာတဲ့လ"၊ ၁၉၉၆ခုနှစ်မှာ"အလင်းဖျော့ကောင်းကင်" ၊ ၂၀၀၁ခုနှစ်မှာ "ချစ်ခြင်း၏အခြားမဲ့၌" အစရှိတဲ့  ရုပ်ရှင်ဇာတ်ကားကြီးများနဲ့ အမျိုးသမီး ဇာတ် ဆောင်ဆု တို့ကိုပိုင်ဆိုင်ခဲ့ပြီး ၂၀၀၂ခုနှစ်မှာ "ငါသူတစ်ပါးယောကျ်ားမိန်းမ" ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုတို့ကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က