သာသာယာယာပဲနော်။

အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့နှစ်ယောက် ခရီးတွေ ထွက်နေတာ တွေ့ရပါတယ်။ သူတို့စုံတွဲလေးက လက်ရှိမှာ ကလော မြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ကလောမြို့သို့ ရောက်နေတဲ့ ဝါဆိုမိုးဦးတို့စုံတွဲဟာ အလှဓာတ်ပုံလေးတွေ ရိုက်ပြီး အေးချမ်းတဲ့ မြို့လေးမှာ ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်း လျက် ရှိပါတယ်။

 

အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့နှစ်ယောက် ခရီးတွေ ထွက်နေတာ တွေ့ရပါတယ်။ သူတို့စုံတွဲလေးက လက်ရှိမှာ ကလောမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ စက်တင်ဘာ(၂၃) ရက်နေ့ကတည်းက ကလောမြို့သို့ အလည်သွားနေတဲ့ သူတို့နှစ်ယောက်ဟာ ဒီနေ့အထိ ကလောမှာပဲ ရှိနေပါသေးတယ်။

သူတို့စုံတွဲရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေသိအောင် အမြဲပြောပြနေတာလည်း တွေ့ရပါတယ်။

ကလောမြို့သို့ ရောက်နေတဲ့ ဝါဆိုမိုးဦးတို့စုံတွဲဟာ အလှဓာတ်ပုံလေးတွေ ရိုက်ပြီး အေးချမ်းတဲ့ မြို့လေးမှာ ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်း လျက် ရှိပါတယ်။ဒီနေ့(စက်တင်ဘာ၂၆ရက်)မှာလည်း ပရိသတ်တွေအတွက် နှစ်ယောက်တွဲ ဓာတ်ပုံလေးတွေရိုက်ပြီး ထပ်တင်ပေးထား တာတွေ့ရပါတယ်။ "ကလော အလှနဲ့ကိုယ်တို့ရဲ့အပျော်" ဆိုတဲ့စာသားလေးနဲ့အတူ နှစ်ယောက်တွဲပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

ဝါဆိုမိုးဦးကတော့ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်ဘဝနဲ့ အနုပညာလောကထဲကို ရောက်ရှိလာသူ တစ်ဦးဖြစ် ပါတယ်။

အခုချိန်မှာ လည်း ပရိသတ်အားပေးမှု ရရှိနေတဲ့ သူမဟာ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ကူးနေတာသလို ညီမဖြစ်သူ သင်ဇာကိုလည်း အနုပညာအလုပ်လုပ်ဖို့ လက်တွဲခေါ်လျက်ရှိပါတယ်။သရုပ်ဆောင်ပိုင်းမှာရော ဂီတပိုင်းမှာပါ ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမက  "မိုက်လား ပြောကြည့်" စီးရီးခွေကို ထွက်ရှိထားသူ လည်း ဖြစ်ပါတယ်။

အနုပညာလောကမှာ အောင်မြင်မှု ရရှိနေတဲ့ သူမရဲ့ အချစ်ရေးကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုထဲက တစ်ခုပါ။ Snare အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ဖြိုးလေးနဲ့မေတ္တာမျှနေတာဖြစ်ပါတယ်။

 

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ချစ်သူသက်တမ်း(၂)နှစ်ကျော်ပြီဖြစ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲကတော့ ပရိသတ်များရဲ့ အားပေးမှု ရရှိတဲ့ အတွဲလည်း ဖြစ်ပါတယ်။

အချစ်ရေးကလည်း အဆင်ပြေပျော်ရွှင်နေရတယ်တဲ့။သူတို့နှစ်ဦးဟာ ပရိသတ်တွေ အားပေးရတဲ့ အနုပညာရှင်နှစ်ဦးဖြစ်သလို သူတို့စုံတွဲလေးကိုလည်း ပရိသတ်တွေက လိုက်ဖက်တယ်ဆိုပြီးတော့ မှတ်ချက်လေးတွေ ပေးထားကြပါသေးတယ်။

Share

Loading Next Article...
က္က