ပရိသတ်တွေနဲ့ Live ကနေ စကားတွေ ပြောခဲ့ပါသေးတယ်။

လေယာဉ်မထွက်ခင် ရတဲ့ အချိန်လေးမှာလည်း သူမရဲ့ ပရိသတ်တွေနဲ့ Live ကနေ တစ်ဆင့် စကားတွေ ပြောခဲ့ပါသေးတယ်။ ဘန်ကောက်မှာ ကြော်ငြာသွားရိုက်ပြီး ပြန်လာရင်လည်း ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ရှုတင်တန်းဝင်ရမှာ ဖြစ်တယ်လို့ Live ထဲမှာ ပြောပြထားပါသေးတယ်။



 

အိန္ဒြာကျော်ဇင်ဟာ သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အမြဲတမ်း အသိပေးသူ ဖြစ်ပါတယ်။ ဒီနေ့(စက်တင်ဘာ ၂၆ရက်) မှာလည်း ဘန်ကောက်မှာ ကြော်ငြာလေး သွားရိုက်လိုက်ဦးမယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပရိသတ်တွေကို ပြောပြ ထားပါတယ်။လေယာဉ်မထွက်ခင် ရတဲ့ အချိန်လေးမှာလည်း သူမရဲ့ ပရိသတ်တွေနဲ့ Live ကနေ တစ်ဆင့် စကားတွေ ပြောခဲ့ပါသေးတယ်။

 

စိတ်ဓာတ်ပြင်းထန်တဲ့ မိန်းမပုံစံမြင်ရမယ့် အိန္ဒြာကျော်ဇင်  

ဘန်ကောက်မှာ ကြော်ငြာသွားရိုက်ပြီး ပြန်လာရင်လည်း ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ရှုတင်တန်းဝင်ရမှာ ဖြစ်တယ်လို့ Live ထဲမှာ ပြောပြထားပါသေးတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးကိုသရုပ်ဆောင်မြင့်မြတ်နဲ့အတူ ပါဝင်သရုပ်ဆောင် ရမှာဖြစ်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဇာတ်ကားနာမည်က "ဂျလေဘီ"ဆိုပြီး ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

ဒီနေ့ အိန္ဒြာကျော်ဇင် ပရိသတ်တွေနဲ့ စကားပြောခဲ့တဲ့ Live ကို ခင်ပွန်းဖြစ်သူ ပြေတီဦးက ဝင်ကြည့်ခဲ့သလို ဇနီးနဲ့အတူ Live ကနေ စကား တွေ ပြောခဲ့ပါသေးတယ်။ အိန္ဒြာကျော်ဇင်ရဲ့ Live လေးဟာ အချိန်(၁)နာရီကျော်အတွင်း ကြည့်ရှုသူဦးရေ (၉၀၀၀၀)ကျော် ရှိသွား ခဲ့ပါတယ်။

 

အိန္ဒြာကျော်ဇင်ဟာ သားသမီးတွေကို စောင့်ရှောက်ရင်း သူမဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးလျက်ရှိတဲ့သူမဟာ ပြီးခဲ့သော လပိုင်းလောက်က "ဟစ်တိုင်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးလို့ ပြီးသွားခဲ့တာ ဖြစ်ပါတယ်။

"ဟစ်တိုင်" ရုပ်ရှင်ဇာတ်ကားဟာ စာရေးဆရာမ သျှင်မရဲ့ ဝတ္ထုကို ပြန်လည်ပုံဖော်ထားတာ ဖြစ်ပြီး ယင်းဇာတ်ကားကို ဒါရိုက်တာ ဟိန်းစိုးက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားမှာ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီမေသန်းနု၊ စိုင်းဝဏ္ဏအောင်၊ ထူးပြည့်အောင် ၊ဇင်မျိုး ၊ ရဲမွန် ၊ စိုးမိုးကြည်၊ သန်းသန်းစိုး ၊ လှမျိုးသဉ္ဇာနွယ်၊ သရုပ်ဆောင်များစွာ တို့ နှင့်အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ က အဓိက ပါဝင်သရုပ် ဆောင်ထား ကြတာပါ။

 

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ သူပါ။

အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က