တကယ်ကို အားရစရာကောင်းတဲ့ အလှူပါ။

နေမျိုးအောင်တို့ ဇနီးမောင်နှံဟာ ကျောက်ပန်းတောင်းမြို့နယ် ဒေါင်းလှယ်ကျေးရွာမှာ ၃ ရက်တိုင်တိုင် အလှူအတန်းတွေ ပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။ နောက်နှစ်တွေလည်း ထပ်လှူဦးမယ်လို့ သူကဆိုပါတယ်။

 

Photo: Thandar Nay Myo Aung

 

သရုပ်ဆောင် နေမျိုးအောင်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ၆၆ ကြိမ်မြောက် အဘထွက်ပွဲမှာ ကုသိုလ်ယူနေကြတာကို တွေ့ရပါတယ်။ ဒီကုသိုလ် ဟာ ကျောက်ပန်းတောင်းမြို့နယ် ဒေါင်းလှယ် ကျေးရွာမှာ စက်တင်ဘာလ ၂၄  ရက်နေ့ကစပြီး စက်တင်ဘာလ ၂၆ ရက်နေ့အထိ မနက်ကနေ ည အထိ အကျွေးအမွေးများနဲ့ မီးခိုးတိတ် အလှူအတန်းတွေ လုပ်ခဲ့တာကိုတွေ့ရပါတယ်။

'' ကျွန်တော်တို့ ၆၆ ကြိမ်မြောက် အဘ ဘိုးမင်းခေါင် ထွက်ပွဲမှာ ကျွန်တော်တို့တွေအနေနဲ့ ကျောက်ပန်းတောင်းြမို့နယ် ဒေါင်းလည်ကျေးရွာမှာ ထမင်းနဲ့ဟင်း အလှူအတန်းကျွေးတာ ၃ ရက်ရှိပါပြီ။ နောက်နှစ်တွေမှာလည်း အခုလိုမျိုး လှူနိုင် တန်းနိုင်အောင် ဆုတောင်းပေးကြဦးနော်။ နောက်နှစ်တွေမှာလည်း မဏ္ဍာပ်ကြီး ထိုးပြီးတော့ လှူမယ်ဗျာ '' ဆိုပြီးတော့ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ် မှာ Live လွှင့်ရင်းနဲ့  ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Thandar Nay Myo Aung

မင်းသားရဲ့သားဖြစ်လို့ မင်းသားဖြစ်မလာဘူးဆိုတဲ့ နေမျိုးအောင် 

ပထမဆုံးနေ့ ကနေ နောက်ဆုံးနေ့ အလှူအထိ မနက်ပိုင်းအလှူကို မုန့်ဟင်းခါး ကျွေးခဲ့ပြီး နေ့လည်ပိုင်းကနေ ညနေပိုင်းအထိအလှူကိုတော့ အာလူး၊ ဝက်သားနဲ့ ပုဇွန်ခြောက်ကြော်တို့ကို အားပါးတရ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူတို့ ဇနီးမောင်နှံအပြင် သရုပ်ဆောင် မေကဗျာနဲ့ တခြား မိတ်ဆွေများကလည်း ဒီအလှူမှာ ပါဝင်ကူညီအားဖြည့်ခဲ့ကြတာကို တွေ့ရပါတယ်။

'' မနက် ၉နာရီ ရန်ကုန်မုန့်ဟင်းခါး၊ စတုဒီသာအလှူ ထမင်း သီးစုံပဲဟင်း ပုဇွန်ခြောက်ကြော် အလှူ၊ ဒုတိယနေ့ဝက်သား အာလူး ပုဇွန်ခြောက် ကြော်နဲ့ကျွေးပါတယ်။ မနက်ပိုင်း မုန့်ဟင်းခါး အချိန် ၁၁၀ ကိုဘယ်လောက်မှမကြာလိုက်ပါ လှူရတာ ပီတိဖြစ်စရာ အကောင်းဆုံးအလှူပါ။ ပုပ္ပါးအဘထွက်ပွဲစတုဒီသာ နောက်ဆုံးနေ့အလှူ ဝက်သားအာလူးနဲ့ကျွေးပါတယ် အလှူပါဝင်သူ အားလုံး သာဓုခေါ်နိုင်ပါပြီ'' ဆိုပြီးတော့ လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Thandar Nay Myo Aung

 

နေမျိုးအောင်ဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်တုန်းက စီနီယာ ဆရာသမားတွေအနောက်ကနေ လွယ်အိတ်တစ်လုံး လွယ်ရင်း မှတ်တမ်းရေး၊ Edit ဖြတ် ဆိုတဲ့ အနေအထား တစ်ခုကနေ ဒီနေ့ ဒီအချိန်ထိ အနုပညာလောကမှာ ရပ်တည်နိုင်အောင် ပရိသတ်က နေရာပေးခဲ့တာပါလို့ ပြောပါတယ်။

Photo: Thandar Nay Myo Aung

 

သူ့ကိုတော့  အက်ရှင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်အားပေးမှု နဲ့ အောင်မြင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်ပရိသတ်တွေရဲ့ အားပေးမှုလည်း ရရှိနေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပါတယ်။ အဲ့ဒီနောက် ကိုယ်ပိုင်စီးပွားရေးမှာလည်း ဦးဆောင်နေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က