ဒီနေ့ကတော့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ မွေးနေ့ဖြစ်ပါတယ်။

ခိုင်သင်းကြည် တစ်ယောက် ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့မှာ ခင်ပွန်းဆီက ရတဲ့ မွေးနေ့လက်ဆောင်လေးတွေကြောင့် အရမ်း ကို ပျော်ရွှင် နေပါတယ်။ ဒီနှစ်မွေးနေ့ကိုတော့ မိသားစုနဲ့ အတူ ဖြတ်သန်းနေတာကို တွေ့ရပါတယ်။

Photo: ခိုင်သင်းကြည် ဖေ့စ်ဘွတ်



 

စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ မွေးနေ့မှာ မိသားစုတစ်စုလုံး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် ခင်ပွန်းဆီကနေ ရရှိခဲ့တဲ့ မွေးနေ့လက်ဆောင်လေးတွေကြောင့်လည်း ခိုင်သင်းကြည်တစ် ယောက် အရမ်းပျော်ရွှင်နေပါတယ်။

'' Happy Birthday to me, မွေးလက i phone အသစ်ထွက်တဲ့လဖြစ်နေတယ်ဆိုတော့ချစ်တယ်ယောက်ျား။ Pandora (အသဲလေး တစ်ခြမ်း ဆီ မှာmotherနဲ့daughter စာလေးနဲ့ဆိုတော့ပိုကြိုက်)လေးတွေအမြဲပေးတက်တဲ့မေမေ့အချစ်ဆုံးလေးအရမ်းချစ်။ အိမ် ကို surprise လာ တိုက်တဲ့ချစ်သောအမျိုးများကျေးဇူးပါ'' ဆိုပြီးတော့ စက်တင်ဘာလ ၂၇ ရက်နေ့ည ၁၂နာရီ ၁၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ခိုင်သင်းကြည် ဖေ့စ်ဘွတ်

ပရိသတ်တွေကို အံ့သြသွားအောင် လုပ်လိုက်တဲ့ ခိုင်သင်းကြည် 

ခိုင်သင်းကြည်က ကိုယ့်ကိုယ်ကို မွေးနေ့ဆုတောင်းစကားဆိုရင်း သူချစ်ရတဲ့ ခင်ပွန်းနဲ့အတူရိုက်ထားတဲ့ ကြည်ကြည်နူးနူးဓာတ်ပုံလေးတွေ အပြင် ခင်ပွန်းဖြစ်သူပေးတဲ့ မွေးနေ့လက်ဆောင် I Phone အသစ်လေးရယ်၊ Pandora လော်ကတ်သီးလေးတွေလည်း ရရှိခဲ့ပါသေးတယ်တဲ့။ အဲ့ဒီနောက် မွေးနေ့ကိတ် နဲ့ အမှတ်တရ ဓာတ်ပုံလေးတွေကို တင်ခဲ့တာဖြစ်ပါတယ်။

Photo: ခိုင်သင်းကြည် ဖေ့စ်ဘွတ်

 

ခိုင်သင်းကြည် ဟာ ၂၀၁၇ ခုနှစ်တုန်းက ကျရောက်ခဲ့ တဲ့ မွေးနေ့ပွဲကိုတော့ ရိုက်ကွင်းပေါ်မှာပဲ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။ သူမဟာ အနုပညာ အလုပ်ကို တကယ်ဝါသနာပါပြီး စိတ်ဝင်တစားဆောင်ရွက်ခဲ့လို့ ဆယ်စုနှစ်ကျော်အထိ အောင်မြင်နေဆဲ အကယ် ဒမီ မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့ အချိန်ထိလည်း ပရိသတ် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတဲ့ သူပါ။

''မွေးနေ့အမှတ်တရ အနေနဲ့ ရိုက်ကွင်းပေါ်က စက်အဖွဲ့သားတွေကို ပုဆိုး တစ်ယောက်တစ်ကွင်းဆီလှူခဲ့တာဖြစ်ပြီး ခိုင်သင်းကြည်ရဲ့ မိတ်ကပ်ဆရာဖြစ်တဲ့ ရွှေပုံကလည်း ကိတ်မုန့်လက်ဆောင်ပေးတဲ့အတွက် ရှုတင်မှာပဲ ကိတ်မုန့်ခွဲပြီး မွေးနေ့အမှတ်တရလေးကိုပြုလုပ် ခဲ့တဲ့အကြောင်းကို ''မခိုင်ရဲ့မိတ်ကပ်ရွှေပုံကိတ်မုန့်လက်ဆောင်ယူလာလို့ရှုတင်မှာဘဲမွေးနေ့ကိတ်ခွဲလိုက်တယ်ရှင် စက်အဖွဲ့တွေကိုမွေးနေ့အမှတ်တရပုဆိုးတကွင်းစီလက်ဆောင်ပေးပါတယ်  '' လို့ ကို ခိုင်သင်းကြည်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

Photo: ခိုင်သင်းကြည် ဖေ့စ်ဘွတ်

 

ခိုင်သင်းကြည်က လက်ရှိမှာတော့ ၁၂ ပွဲ ဈေးသည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာဖြစ်ပါတယ်။ အခုဆိုရင် သမီးလေး စံထိပ်ထား နဲ့အတူ TV ကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေရိုက်ကူး နေရတာဖြစ်ပါတယ်။သမီးလေး စံထိပ်ထားဦးကိုလည်း လက်ရှိမှာ စာကြိုးစားစေ ချင်တာကြောင့် သရုပ်ဆောင်ဘက်ကို လက်တွဲ မခေါ်သေးဘူးလို့ သိရပါတယ်။

Share

Loading Next Article...
က္က