ဝိတ်ချဖို့တောင်မတွေးရဲဘူးတဲ့။

ပရိသတ်တွေရဲ့ အချစ်တော် မယ်လိုဒီတစ်ယောက် နေမကောင်းဖြစ်နေတယ်လို့ သိရပါတယ်။သူမဘာလို့ ဖျားနေလည်းဆို တဲ့အကြောင်းအ ရင်းကိုလည်း ပြောပြထားတာနော်။



Photo : မယ်လိုဒီ FB

 

ပရိသတ်တွေရဲ့ အချစ်တော် မယ်လိုဒီတစ်ယောက် နေမကောင်းဖြစ်နေတယ်လို့ သိရပါတယ်။ သူမဖျားနေတဲ့အကြောင်း စက်တင်ဘာ(၂၇) ရက်နေ့ မနက်ပိုင်းက ပြောပြထားတာပါ။ အခုနေ့လည်ပိုင်းမှာတော့ သူမဘာလို့ ဖျားတာလည်း ဆိုတဲ့ အကြောင်းကို ပြောပြထား ပါသေး တယ်။ မယ်လိုဒီတစ်ယောက် ထမင်းမစားပဲ (၃) ရက်ဝိတ်ချမယ်လို့ တွေးမိလိုက်တာ  နေမကောင်းဖြစ်သွားတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

"ဘာလို့နေမကောင်းဖြစ်တာလဲသိပြီ။ အလုပ် ၃ရက်မရှိလို့ ထမင်းမစားဘူး ၃ရက်ဝိတ်ချမယ် တွေးလိုက်မိတာ နေမကောင်းဖြစ် သွားတယ်။ မနက်က ငါးပိထမင်းကြက်ပြုတ် အခုKFC ကြက်ကြော် စားပြီးချိန် နေပြန်ကောင်းသွားပြီ" ဆိုပြီး ပရိသတ်တွေကို စက်တင်ဘာ(၂၇) ရက်နေ့ နေ့လည် (၃)နာရီလောက်က ပြောပြထားတာပါ။

Photo : မယ်လိုဒီ FB

ကောင်လေးတစ်ယောက် လက်ထပ်ခွင့်တောင်းတာကို ခံလိုက်ရတဲ့ မယ်လိုဒီ 

အခုတော့ မယ်လိုဒီတစ်ယောက် ဝိတ်ချဖို့ကို တွေးတောင် မတွေးရဲတော့ဘူးတဲ့။

"ဝိတ်ချဖို့ တွေးတောင် မတွေးရဲတော့ဘူး  ဓာတ်ပုံထဲကအမျိုးသမီး စူပုတ်မနေနဲ့ ညစာကောင်းကောင်းကျွေးမယ် ။ တကယ်တည်းတော် ဝိတ်ချမယ်လေးတွေးရုံရှိသေး ကိုယ်ဝန်ဆောင်လိုဘဲ ဟိုဟာစားမယ် ဒီဟာစားမယ် စားလိုက်ရမှကျေနပ်နေကောင်းသွားတယ် ညည်းခေတ်ပါအေ စားစား စားနိုင်မှဝမှာ " ဆိုပြီး ဆက်လက်ပြောပြထားပါသေးတယ်။

Photo : မယ်လိုဒီ FB

 

မယ်လိုဒီရဲ့ ပရိသတ်တွေကလည်း ဝိတ်ချဖို့ကို အားမပေးကြပါဘူး။ မယ်လိုဒီဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေထက် ပွဲတွေ တော်တော်များများ တက်ရောက် ဖြစ်နေတာကိုတွေ့ရပါတယ။်သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ သရုပ်ဆောင်မယ်လိုဒီဟာ သားလေးကို စောင့်ရှောက်ရင်း ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ကိုင်နေသူပါ။

Photo : မယ်လိုဒီ FB

 

မယ်လိုဒီဟာ ၂၀၁၇ ခုနှစ်က စလို့  အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေး နဲ့ အတူ အနုပညာအလုပ်ရော၊ သားလေးရဲ့ ဝေယာဝိစ္စ၊ ခင်ပွန်းဖြစ်သူရဲ့ ဝေယာဝစ္စတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ပေးနေရသူပါ။ ဒါပေမယ့် လည်း သူမဟာ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်တော့ ဇာတ်ကားတွေရိုက်ကူးဖြစ်နေပါတယ်။

သရုပ်ဆောင် မယ်လိုဒီဟာ မကြာသေးခင်က "Vertigo" လို့ အမည်ရတဲ့ ရောဂါတစ်မျိုးကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ဒီရောဂါကိုလည်း ၂၀၀၈ ခုနှစ်ကတည်းက ခံစားခဲ့ရတာလို့ ဆိုပါတယ်။ အခုတော့ ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်လို့ အနုပညာအလုပ်တွေလည်း ပြန်လုပ်နေပြီလို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က