သာသာယာာပဲနော်။

သရုပ်ဆောင် ပြေတီဦးက ဇာတ်ကားရိုက်ကူးမှုတွေ ပြီးသွားတဲ့အခါမှာ မိသားစုကို အချိန်ပေးတတ်သူ တစ်ဦးဖြစ်ပါတယ်။ ဒီနေ့မှာလည်း သားသား ပြေဓီရနဲ့အတူ အလွမ်း သယ်နေတဲ့ အကြောင်းလေး ပြောပြထားတယ်နော်။



Photo : ပြေတီဦး FB

 

သရုပ်ဆောင် ပြေတီဦးက ဇာတ်ကားရိုက်ကူးမှုတွေ ပြီးသွားတဲ့အခါမှာ မိသားစုကို အချိန်ပေးတတ်သူ တစ်ဦးဖြစ်ပါတယ်။ ဒီနေ့မှာလည်း သားသား ပြေဓီရနဲ့အတူ အလွမ်း သယ်နေတဲ့ အကြောင်းလေး ပြောထားရင်းနဲ့ သူ့ရဲ့ ဘဝမှာအရသာ အရှိဆုံး အချိန်တွေကို ပြောပြထားတာတွေ့ရပါတယ်။

"သားအဖ နှစ်ယောက် အလွမ်းသယ်.ဒီလိုအချိန်တွေက ဘဝမှာ အရသာအရှိဆုံးအချိန်တွေပေါ့ကွယ်" ဆိုပြီး ပြေတီဦးရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ပြေတီဦး FB

သမီးလေးနဲ့ သားလေး နှစ်ယောက်စလုံးက အခုလက်ရှိမှာ ဖေဖေပြေတီဦးကို ပိုကပ်နေတယ်လို့ သိရပါတယ်။ သားနဲ့သမီးကို အရင်ကထက် အခုနောက်ပိုင်းမှာ ပိုပြီးတော့ အချိန်ပေးဖြစ်တယ်လို့စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းက နိုဗိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ''တရားလား'' ရုပ်ရှင်ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ကလေးတွေကို ကျွန်တော်တို့ အချိန်ပေးဖြစ်ပါတယ်။ အရင်တုန်းကဆို အချိန်ပေးနိုင်ဖို့အတွက် တော်တော်ကို အချိန်လုရတယ်။ ဗီဒီယိုခေတ် တွေ တုန်းက နားချိန်အင်မ တန်နည်းတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်တဲ့အချိန်ကျတော့ တစ်ကားနဲ့ တစ်ကား ကြားမှာ ၅ ရက်၊ ၆ ရက် ဆိုတော့ နားချိန် ဆွဲဆွဲ ထုတ် လို့ရတယ်၊ အခုကျတော့ မိသားစုနဲ့လည်း အတူတူနေလို့ရတယ်၊ ပျော်ဖို့လည်းကောင်းတယ်'' လို့ဆိုပါတယ်။

Photo : ပြေတီဦး FB

 

ပြေတီဦးမှာ ချစ်စရာကောင်းတဲ့ သမီးကြီး ပြေသုဒ္ဒါနဲ့ ချစ်စရာကောင်းတဲ့ သားငယ်လေး ပြေဓီရ တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အရမ်းကို လည်လွန်း တတ်လွန်းကြတဲ့ သားသမီးလေးတွေကြောင့် မေမေ အူဝဲကတောင် မနာလို ရတဲ့အကြောင်းကိုလည်း ဆက်လက်ပြောပြခဲ့ပါတယ်။

'' သားသားက ပိုကပ်တယ်။ သုသုက အရင်တုန်းက နေတာအရမ်းအေးတယ်။ သူက သူ့ဖီလင် သူ့ Mood နဲ့ သူနေတာ။ အခုနောက်ပိုင်း သား သားက အဖေကို အရမ်းချစ်ပြီး အရမ်းကပ်တဲ့အခါကျတော့ သူကပါ ရောရောပြီးကပ်တော့ သားရော၊ သမီးရောက အဖေကို အရမ်းကပ် နေတယ်။ အဲ့ဒါကို သူတို့ အမေက မနာလိုတွေ ဖြစ်နေတာပေါ့'' လို့ ပြေတီဦးက ပြောပါတယ်။

Photo : ပြေတီဦး FB

 

ပြေတီဦးဟာ အာဒံရယ်၊ဧဝရယ်၊ဒဿရယ် ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၀ခုနှစ်အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မှာ "လက်ပံ" ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၃ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၁၄ခုနှစ်မှာ နှလုံးသားဖြင့် ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းအမျိုးသားဇာတ် ဆောင်ဆုကို ရရှိခဲ့သူတစ်ဦး ဖြစ် ပါတယ်။

အကယ်ဒမီပြေတီဦးဟာအနုပညာနဲ့ ပတ်သက်ပြီး အကယ်ဒမီဆုတွေလည်း ပိုင်ဆိုင်ထားသလို အနုပညာလုပ်ငန်းကနေရရှိလာတဲ့ ငွေကြေး နဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပါတယ်။ ပြေတီဦးဟာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူး နေရသလို ပရဟိတအလုပ်တွေလည်းလုပ်ရင်း မိသားစုကိုပါ အချိန်ပေးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က