တစ်ခါတစ်ခါတော့လည်း စိတ်ပျက်မိတယ်။

သက်မွန်မြင့်ဟာ ရိုက်ကွင်းပေါ်မှာ ခိုင်သင်းကြည်နဲ့ စခဲ့ နောက်ခဲ့တဲ့ အလွဲတွေကို မီဒီယာတချို့က ခေါင်းစဉ်တင်ပြီး အထင်လွဲ ပြု တွေ ဖြစ်ပေါ် စေခဲ့တဲ့အပေါ် အခုလို တုံ့ပြန်လိုက်ပါတယ်။ ရိုက်ကွင်းပေါ်မှာ မီဒီယာတွေလည်း အင်တာဗျူးမမေးကြဖို့ တောင်းဆိုခဲ့ပါတယ်။



Photo: သက်မွန်မြင့်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့် တစ်ယောက် အခုဆိုရင် အလျှံပယ် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကား ထဲမှာ ခိုင်သင်းကြည်လည်း ပါဝင်တာဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် စပြီး၊ နောက်ပြီးဆိုတဲ့စကားပြောဆိုတဲ့အကြောင်း အရာတွေကို တချို့မီဒီယာတွေမှာ သတင်းအနေနဲ့ အသုံးပြုနေကြတဲ့အပေါ် သတင်းထပ်မဖွဖို့ ပြောလာခဲ့ပါတယ်။

'' သတင်းယူဖွကြရင်လည်း ကြည့်ဖွကြပါရှင်။ သူများ ဆီကလည်း သက်သက်သာသာ သတင်းယူသုံးကြသေးတယ်။ ခေါင်းစဉ်တွေက ဘယ်လို တွေတောင်လား အထင်လွဲကုန်မှဖြင့် တစ်ခါတစ်ခါတော့ စိတ်ပျက်မိတယ်။ အခု တခါထဲ တောင်းပန်ပါရစေ။ ရှုတင်တွေမှာ လိုက်ပြီး အင်တာ ဗျူး မလုပ်ကြပါနဲ့ ဇာတ်ကောင် ရဲ့ စိတ်အတိုင်း လွတ်လပ်စွာ နေပါရစေရှင်။ နားရတဲ့အချိန်လေးမှာလည်း အပြည့်အဝ ကိုယ့်စိတ်နဲ့ကိုယ် နေပါရစေ နားပါရစေရှင်'' လို့ ဆိုပါတယ်။

Photo: သက်မွန်မြင့်ဖေ့စ်ဘွတ်

 

သက်မွန်မြင့်ဟာ အခုအချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်တွေကို အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ခံစားချက်တွေအပေါ် မီဒီယာတွေဘက်ကလည်း နားလည်ပေးဖို့ ဆက်လက် ပြောပြလာပါတယ်။

''မီဒီယာတွေနဲ့တွေ့ရမယ့်အချိန်ဆို ဘယ်လောက်များများ ဘယ်လောက်မေးမေး ဘယ်လောက်ကြာကြာဘာတွေညာတွေ တစ်ခွန်းမှ ဂျေးမ များ ပဲ ဖြေပေးနေတာပါ ။ နားလည်ပေးကြစေချင်ပါတယ်။ အနုပညာသမားကို အရမ်းချစ်ပေးသော နားလည်ပေးသောသူများကိုလည်း ကျေးဇူး တကယ် တင်ပါတယ် ချစ်ခင်စွာဖြင့် #မွန်TMM'' လို့ ရေးသားခဲ့တာပါ။

Photo: သက်မွန်မြင့်ဖေ့စ်ဘွတ်

 

သက်မွန်မြင့်ကို ပရိသတ်တွေကရော၊ မိတ်ဆွေ အပေါင်းအသင်းတွေကပါ အိမ်ထောင်ရေးကံကောင်းတယ်လို့ ဆိုကြပါတယ်။ ခင်ပွန်းဖြစ်သူ က အရမ်းချစ်ပြီး အလို လိုက်တာကြောင့်လည်း အနုပညာအလုပ်တွေကို အေးအေးဆေးဆေးလုပ်ကိုင်ခွင့်ရနေသူပါ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။

Photo: သက်မွန်မြင့်ဖေ့စ်ဘွတ်

 

ခိုင်သင်းကြည်နဲ့ သက်မွန်မြင့်တို့ဟာ လက်ရှိမှာ "အလျှံပယ်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ဒါရိုက်တာ စတီးလ် ရိုက်ကူးနေတဲ့ "အလှျှံပယ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ထွန်းထွန်း၊အလင်းရောင်၊ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ မေမြင့်မိုရ်၊ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က