လက်အုပ်ချီပြီး ကန်တော့မတက် ကျေးဇူးတွေတင်ခဲ့ပါတယ်။

ဆုပန်ထွာရဲ့ ဖေ့စ်ဘွတ်အကောင့်လေးကတော့ ပြန်ရသွားပြီလို့ သိရပါတယ်။ ဝမ်းသာလွန်းလို့ ခင်ပွန်းကို လက်အုပ်ချီပြီး ရှိခိုးပါ တယ် လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

သရုပ်ဆောင် ဆုပန်ထွာရဲ့ ဖေ့စ်ဘွတ်အကောင့်လေးကတော့ စက်တင်ဘာလ ၂၈ ရက်နေ့က A Hack ခံလိုက်ရတယ်လို့ သိရပါတယ်။ အခုတော့ အကောင့်လေး ပြန်ရသွားလို့ အရမ်းဝမ်းသာနေပါတယ်။ Facebook က ဘဝမဟုတ်ပေမယ့် အမှတ်တရတွေ သိမ်းထားတတ်တာ ကြောင့် နှမြောတယ်လို့ဆိုပါတယ်။

'' Supan Htwar အကောင့်လေးပြန်ရသွားပါပြီ။ ကျေးဇူးပါ ဒယ်ဒယ်။အားကိုးရတဲ့ယောင်္ကျားတစ်ယောက်အဖြစ်အမြဲတန်ဖိုးထားပါ့မယ်ရှင့်။ တစ်သက်လုံးအားကိုးပါရစေယောင်္ကျားရေ။ အပြင်မှာလဲပြောပါတယ်။ Facebook ပေါ်လဲပြောပါတယ်။ Facebook ကကျွန်မဘဝ မဟုတ်ဘူး ဆိုပေမယ့် အမှတ်တရပုံလေးတွေဒီမှာအမြဲသိမ်းဖြစ်တာမို့အကောင့်ကိုလာလာမဟက်ကြပါနဲ့လို့'' ဆိုပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

ၤFacebook ကနေတဆင့် ချစ်သူ၊ ခင်သူ၊ ရင်းနှီးကြသူတွေအပြင် ပရိသတ်တွေနဲ့ စကားပြောဖြစ်တယ်လို့ဆိုပါတယ်။ သူငယ်ချင်း အပေါင်း အသင်းတွေဆိုရင်လည်း ဖုန်းမခေါ်တော့ပဲ Messenger ကနေတဆင့် Video Call တွေ ခေါ်ပြီး စကားပြောလေ့ပြောထ ရှိတာကြောင့် စိတ်ချမ်းသာရတယ်ဆိုတာကို စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီက သူ့ရဲ့ ဖေ့်ဘွတ်မှာ ပြန်ပြောခဲ့ပါတယ်။

''သူငယ်ချင်းတွေနဲ့ပြောရင်တစ်ယောက်နဲ့တစ်ယောက် အရင်လိုဖုန်းမခေါ်ကြတော့ပဲ Facebook ကနေပဲ video call ခေါ်ပြီး ပြောကြ တာ လေးတော့ ရှိတာပေါ့လေ။အကောင့်မရှိတော့ရင် သူငယ်ချင်းတွေတော့လွမ်းမိမှာ။ Chat Box မှာလည်းထွေထွေထူးထူးဘာမှမရှိသလို စိတ် လေး အေးအေးချမ်းချမ်းပဲဘဝကိုဖြတ်သန်းချင်တာပါ။ အခုတောင် “အကောင့်ယူသွားလဲယူပါစေယောင်္ကျားရယ် မာမား Facebook မသုံး တော့ ပဲနေလိုက်တော့မယ်လေ" လို့သူ့တောင်ပြောမိတာ။ဒယ်ဒယ်ပြန်လုပ်ပေးမှာပေါ့ မားမားရယ်ဆိုပြီးသူပြန်လုပ်ပေးတာ'' လို့ဆိုပါ တယ်။

 

Facebook အကောင့်လေးကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဆုပန်ထွာအတွက် ခင်ပွန်းဖြစ်သူက ဖေ့စ်ဘွတ်အကောင့်ပြန်ရအောင် ကြိုးစား ပေးခဲ့ပါတယ်။ ဝမ်းသာလွန်းလို့ ယောကျ်ားကို လက်အုပ်ချီပြီး ရှိခိုးပါတယ်လို့တောင် ပြောခဲ့ပါတယ်တဲ့။

''အကောင့်ပြန်ရပီ မာမားရေ ဆိုတော့ကျေးဇူးတင်ပါတယ် ဒယ်ဒယ်ရယ် မာမားဒယ်ဒယ်းကိုရှိခိုးပါတယ် လက်အုပ်လေး ချီရင်းသူ့ကို ပြောရတဲ့ အရသာက ဘာနဲ့မှမတူ။ ခုတောင်ယောင်္ကျားပြန်လုပ်ပေးလို့ဒီအကောင့်ဆက်သုံးမှာ။ ကွကိုယ်ဆိုပြန်လဲမလုပ်တတ်ဘူး၊ သုံးတော့မှာ လည်း မဟုတ်ဘူး။ ကိုယ်ကကပ်စေးနဲတတ်သူမို့ သေချာတာကပိုက်ပိုက်လဲပေးမှာမဟုတ်ဘူးလို့'' သူကဆိုပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့ စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။

Share

Loading Next Article...
က္က