ပျော်ဖို့ကောင်းလိုက်တာ။

သူမရဲ့ မွေးနေ့လေးကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။မွေးနေ့ရဲ့ မနက်ခင်းမှာ ဆရာတော် အရှင်ဆေကိန္ဒနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့သလို ညပိုင်းမှာလည်း မိသားစုနဲ့အတူ မွေးနေ့ကိတ်ခွဲခဲ့ပါသေးတယ်။

Photo : ချောရတနာ FB

 

စက်တင်ဘာ(၂၉) ရက်နေ့က သရုပ်ဆောင် ချောရတနာရဲ့ မွေးနေ့လေးပါ။ သူမရဲ့ မွေးနေ့လေးကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။မွေးနေ့ရဲ့ မနက်ခင်းမှာ ဆရာတော် အရှင်ဆေကိန္ဒနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့သလို ညပိုင်းမှာလည်း မိသားစုနဲ့အတူ မွေးနေ့ကိတ်ခွဲခဲ့ပါသေးတယ်။

မိသားစုနဲ့အတူ ပျော်ရွှင်စွာ မွေးနေ့ကိတ်ခွဲနေတဲ့ ပုံလေးတွေကို တင်ထားသလို "မွေးနေ့လေးမှာ မိသားစုနဲ့ပေ့ါ" ဆိုတဲ့ စာသားလေးကို စက်တင်ဘာ(၂၉) ရက်နေ့ကသူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ချောရတနာ FB

အလှူသွားလုပ်ရင်း ဦးဇင်းမင်းဟိဏ်းနဲ့ မထင်မှတ်ဆုံခဲ့တဲ့ ချောရတနာ 

သရုပ်ဆောင် ချောရတနာဟာ လက်ရှိမှာ အနုပညာအလုပ်တွေ နားထားပြီး မိသားစုကို အချိန်ပေးနေသူ ဖြစ်ပါတယ်။ သမီးငယ်လေးကို ၂၀၁၈ခုနှစ် မေလ(၁၂) ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးကို ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးကော မိခင်ပါကျန်း ကျန်းမာမာရှိခဲ့ပါတယ်။

 

ချောရတနာဟာ သမီးလေးကိုယ်ဝန်စရှိကတည်းက အကျႌကြောငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးရင်လည်း ကြော်ငြာတွေ ရိုက်ကူးဖို့ အတွက်ကို ကမ်းလှမ်းထားတာတွေ ရှိတယ်လို့ သိရပါတယ်။ အခုဆိုရင် သမီးလေးက အရမ်းကို တတ်ပြီး ချစ်ဖို့ကောင်းတာကြောင့် ပရိသတ် တွေ ရဲ့ အချစ်ကို လည်း ပိုင်ဆိုင်ထားတာတွေ့ရပါတယ်။

Photo : ချောရတနာ FB

 

ချောရတနာမှာ အကြီးဆုံးသားလေးတစ်ယောက်ရှိပါတယ်။သားလေးကတော့ လက်ရှိမှာ (၃)နှစ်ကျော် လေးနှစ်အရွယ်ကို ရောက်နေပြီဖြစ် ပါတယ်။

အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေး ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာဟာ ၂၀၁၅ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က