တကယ်ကို ချစ်စရာကောင်းတဲ့ စုံတွဲလေးပါ။

စန္ဒီမြင့်လွင်ကို ခင်ပွန်းက'' အရမ်းဝလာတယ်'' ဆိုပြီးတော့ ပြောလာတဲ့အတွက် ဝမ်းနည်းနေရတယ်လို့ ဆိုပါတယ်။ သူမဟာ မင်းသမီးပိုးထည် တိုက်အတွက် အလုပ်တွေ များနေပေမယ့် သူမရဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင် ကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက် နေခဲ့တယ်လို့ သိရပါတယ်။

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

 

စန္ဒီမြင့်လွင်ဟာ အလုပ်ကိစ္စနဲ့ ခရီးသွားပြီးပြန်လာတဲ့ ခင်ပွန်းဖြစ်သူရဲ့ စကားကြောင့် ဝမ်းနည်းရတယ်လို့ ရင်ဖွင့်လာပါတယ်။ စန္ဒီမြင့်လွင်က မင်းသမီးပိုးထည်တိုက်အတွက် အလုပ်တွေ များနေသလို သူမရဲ့ ခင်ပွန်းကလည်း အလုပ်ကိစ္စနဲ့ ခရီးရောက်နေတာကြောင့် ဝေးနေကြတဲ့ ခဏမှာလည်း မကြာခဏ လွမ်းတဲ့အကြောင်းတွေ ပြောပြလေ့ရှိပါတယ်။

''ကိုသီဟကပြောတယ် သူခရီးသွားတာခဏပဲရှိသေးတယ် ပြန်လာတော့အရမ်းဝလာတယ်တဲ့ ဝမ်းနည်းတယ်။ ဂျင်ကလဲမရောက်တစ်ချက် ရောက်တစ်ချက်မို့ပါလို့ ဝလဲချစ်ရမှာပဲလေဟုတ်ဖူးလား'' ဆိုပြီးတော့ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာရေးခဲ့တာပါ။ ခင်ပွန်းဖြစ်သူနဲ့ စုံတွဲပုံလေးကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

 

စန္ဒီမြင့်လွင်က သူ့ရဲ့ ညီအစ်မတွေဖြစ်တဲ့ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင် စတဲ့ မိသားစုဝင်တွေနဲ့ အတူ ဘန်ကောက်ကို ရောက်ရှိနေတုန်း က လည်း  မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်ကိုလည်း အရမ်းလွမ်းတဲ့ အကြောင်းတွေ ရင်ဖွင့်ပြောပြ ထားပါ သေးတယ်။

'' လွမ်းလို့ရည်းစားတုန်းကဆေ့ထားတဲ့ပုံလေးတွေတင်ချလိုက်ပြီ'' ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၁၁ နာရီက စန္ဒီမြင့်လွင် ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ စုံတွဲပုံလေးတွေ တင်ပြီး ချစ်စရာကောင်းအောင် ရေးသားခဲ့တာကြောင့် အားကျရတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

ခင်ပွန်းကို လွမ်းတဲ့အကြောင်းရင်ဖွင့်လိုက်တဲ့ စန္ဒီမြင့်လွင် 

စန္ဒီမြင့်လွင်က မိဘနှစ်ပါးရဲ့ ချစ်ခြင်းတွေအပြင် ညီအစ်ကိုမောင်နှမတွေ၊ ပရိသတ်တွေရဲ့ ချစ်ခြင်းတွေ နဲ့အတူ သူ့ကို အရမ်းချစ်တဲ့ ခင်ပွန်း ဖြစ်သူ တို့ကိုလည်း ပိုင်ဆိုင်ထားပြီလို့ ဆိုပါတယ်။ စီးပွားတွက် တွက်ပြီးတော့လည်း အပေါင်းအသင်းမလုပ်တတ်တဲ့ သူမက အခုလို နေနေရတဲ့ ဘဝမှာ စိတ်ချမ်းသာတယ်၊ ချစ်တဲ့ သူတွေ အများကြီးနဲ့ ပျော်နေတယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့ဖူးပါတယ်။

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

 

စန္ဒီမြင့်လွင်ဟာ အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်းဖျော်ဖြေရေးတွေလည်း ဆက်တိုက်သွားနေရတယ်လို့ သိရပါတယ်။ စန္ဒီမြင့်လွင်နဲ့ ခင်ပွန်း ဖြစ်သူ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ပြီးနောက် နိုဗိုတယ်လ် ဟိုတယ်လ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ Lotte Hotel မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။

Share

Loading Next Article...
က္က