မုန်တိုင်းတဲ့။

ဖြူဖြူကျော်သိန်းနဲ့ ဟောလိဝုဒ် အဆိုတော် Lancifer တို့ သီဆိုထားတဲ့ Strom Album ကို အောက်တိုဘာလ ၁၄ ရက်နေ့ဆိုရင် ထွက်ရှိပြီလို့ သိရပါတယ်။ ဖြူဖြူဟာ အခုဆိုရင် ဂီတသက်တမ်း ၁၅ နှစ်ရှိပါပြီ။

Photo: ဖြူဖြူကျော်သိန်းဖေ့စ်ဘွတ်

 

အဆိုတော်ဖြူဖြူကျော်သိန်းနဲ့ ဟောလိဝုဒ်အဆိုတော် တစ်ဦးဖြစ်တဲ့ Lancifer တို့ သီဆိုထားတဲ့ Strom (CD/ DVD) အခွေကို မကြာခင် ထွက်ရှိ တော့မယ်လို့ သိရပါတယ်။ အခွေ ပရိုမိုးရှင်းကို အောက်တိုလ ၁၄ ရက်နေ့ ကျရင် လှည်းတန်းစင်တာမှာ ပြုလုပ်သွားမယ်လို့လည်း သူကပြောပါတယ်။

''မုန်တိုင်းလာပြီနော်။ အောက်တိုဘာ ၁၄ ရက်မှာဖြူဖြူနဲ့ Lancifer တို့ရဲ့ဂီတမုန်တိုင်းမြန်မာတစ်နိုင်ငံလုံးကိုတိုက်ခတ်ပါတော့မယ်။Miracle ထက်ပိုကြမ်းပိုရမ်းပိုလန်းတဲ့ကပြားသီချင်းတွေ ရဲ့ဒီဇိုင်းကာလာဘာညာအနေအထားက ဘယ်လိုတွေတောင်လားလို့ဖြစ်သွားစေရမယ်လို့ လှည်းတန်းစင်တာမှာ ညနေ ၃ နာရီက ၆ နာရီထိ ပရိသတ်နဲ့တွေ့ဆုံဖျော်ဖြေပါမယ်။ (ပုံမှာအချိန်မှားနေလို့ပါ)''လို့ ဆိုပါတယ်။

Photo: ဖြူဖြူကျော်သိန်းဖေ့စ်ဘွတ်

 

ဒီသီချင်းမှာတော့ ဖြူဖြူက အမိုက်စားတင်ဆက်မှုတွေ ထည့်သွင်းထားတာကို တွေ့ရပါတယ်။ ဂီတရေစီးကြောင်းပေါ်မှာ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းက သူ ဘယ်အလုပ်ပဲလုပ်လုပ်ဇွဲမလျှော့ဘဲနဲ့ မရရအောင်လုပ်တတ်တယ်လို့ ဆိုပါတယ်။ ဒီလို စိတ်ဓာတ်မျိုးရှိလာတာကလည်း ငယ်ငယ်က မိဘ၊ ဆရာသမားတွေရဲ့ ပြုစု ပျိုးထောင်ခံခဲ့ရပုံ တွေကြောင့်လို့ Duwun Media ကနေဖြေဆိုပေးခဲ့ဖူးပါတယ်။

ဝေဖန်သူတွေကို အမျိုးအစားခွဲခြားလိုက်တဲ့ ဖြူဖြူကျော်သိန်း 

Photo: ဖြူဖြူကျော်သိန်းဖေ့စ်ဘွတ်

 

ဖြူဖြူကျော်သိန်းဟာ ဂီတသက်တမ်း ၁၅ နှစ်ကိုရောက်ရှိနေပါပြီ။ ယနေ့အချိန်ထိ အောင်မြင်မှုတွေပိုင်ဆိုင်ထားနိုင်တာကလည်း ချစ်ခင်အားပေးတဲ့ ပရိသတ်တွေရဲ့ မေတ္တာအင်အားနဲ့ နောက်ထပ် ဂီတနှစ်များစွာကို ဆက်လက်ရင် ဆိုင်ဖြတ်သန်းဖို့ အဆင့်သင့်ပါပဲ လို့ သူမက ဆိုပါတယ်။

Photo: ဖြူဖြူကျော်သိန်းဖေ့စ်ဘွတ်

 

ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်းဟာ ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာခင်ထွက်ရှိတော့မယ့် Strom Album ကိုလည်း စောင့်မျှော်နေတဲ့ ပရိသတ်တွေ အများကြီးပါ။

Share

Loading Next Article...
က္က