သဘင်အစည်းအရုံးက လူကြီးတွေကိုယ်တိုင် အခင်းဖြစ်တဲ့နေရာကို လိုက်သွားခဲ့တာတဲ့။

မင်းသားစွမ်းဇာနည် ဦးဆောင်တဲ့ ဇာတ်သဘင်အဖွဲ့ဟာ မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်နယ်မှာရှိတဲ့ ရွှေဆပ်သွားဘုရား ပွဲမှာ ကပြ ဖျော်ဖြေရင်း စက်တင်ဘာ(၃၀) ရက်နေ့က ရွာခံလူငယ်များနဲ့ ဇာတ်အဖွဲ့မှာ ရှိတဲ့ လူငယ်တွေ အချင်းချင်း စကား များ ခဲ့ကြပါတယ်။

Photo : စွမ်း FB

 

မင်းသားစွမ်းဇာနည် ဦးဆောင်တဲ့ ဇာတ်သဘင်အဖွဲ့ဟာ မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်နယ်မှာရှိတဲ့ ရွှေဆပ်သွားဘုရားပွဲမှာ ကပြ ဖျော်ဖြေရင်း စက်တင်ဘာ(၃၀) ရက်နေ့က ရွာခံလူငယ်များနဲ့ ဇာတ်အဖွဲ့မှာ ရှိတဲ့ လူငယ်တွေ အချင်းချင်း စကားများခဲ့ကြပါတယ်။ အဲ့ဒီသ တင်းနဲ့ ပတ်သက်ပြီးဝေဖန်မှုမျိုးစုံ အွန်လိုင်းစာမျက်နှာပေါ်မှာ ရေးသားခဲ့ကြပေမယ့်လည်း မင်းသားစွမ်းဘက်က ဘာမှ တုံ့ပြန်ခဲ့ တာတွေ မရှိခဲ့ပါဘူး။

အကောင့်တုနဲ့ သိက္ခာချခံလိုက်ရတဲ့ စွမ်း 

ရွှေဆပ်ဘုရားပွဲမှာ လူငယ်အချင်းချင်း နားလည်မှုလွဲမှားကာ ခိုက်ရန်ဖြစ်ပွားခဲ့ရာ နှစ်ဦးနှစ်ဘက် ဒဏ်ရာရရှိမှုများနဲ့ ဇာတ်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းတွေ ဖြစ်ခဲ့ပါတယ်။ဒီနေ့ (အောက်တိုဘာ၂ရက်)မှာ ရွှေဆပ်သွားဘုရားပွဲ အရေးကိစ္စနဲ့ ပတ်သက်ပြီး သဘင်အစည်း အရုံးကနေ ကြေညာချက် ထုတ်ပြန်လာတာ တွေ့ရပါတယ်။

ယင်းသတင်းကို ရရခြင်း ဗဟိုသဘင်၏ လမ်းညွှန်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံး ဥက္ကဌနဲ့ တာဝန်ရှိသူများက အခင်းဖြစ် ရာနေရာသိုု့ သွားရောက်ကာ ညှိနှိုင်းဖြေရှင်းခဲ့ကြတယ်လို့ သိရပါတယ်။ ဖြေရှင်းခဲ့ကြရာမှာ နှစ်ဘက်စလုံးမှ လူငယ်များဟာ မိမိအမှားများ အပေါ် အချင်းချင်း နာလည်မှုရှိစွာနဲ့ ခွင့်လွှတ်ကြေအေးခဲ့ရတယ်လို့ ဒီနေ့(အောက်တိုဘာ၂ရက်)မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပါရှိလာပါတယ်။

 

လက်ရှိမှာ စွမ်းဇာနည် ဇာတ်သဘင်အဖွဲ့ဟာ ဆပ်သွားရွာကနေ ရှေ့ဆက် ကပြရမယ့် ရွှေဘိုမြို့ထောင့်ဘုရားပွဲသို့ အေးချမ်းစွာ ကူးပြောင်း ခရီးဆက်ပြီဖြစ်ကြောင်း ကိုလည်း ယင်းကြေညာချက်မှာ ထည့်သွင်းရေးသားထားပါသေးတယ်။ ဇာတ်သဘင် အဖွဲ့ ဝင်တွေအတွက် ဦးစား ပေးပြီး ပွဲတွေ ကပေးဖြစ်နေတဲ့ စွမ်းဟာ ဇာတ်ကားရိုက်ကူးမှုတွေကို သိပ်မတွေ့ ရတော့ပါဘူး။

ဇာတ်ကရင်းရဲ့ သူ့ဝါသနာပါရာ ဂီတကိုလည်း အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။ အဲ့ဒီသီချင်းခွေကိုတော့ MTV အနေနဲ့ ထွက်နိုင်အောင် ကြိုးစားနေပြီး အခွေနာမည်ကိုတော့ "နှလုံးသားကို လက်ဖွဲ့မယ်" လို့ ပေးထားပါတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က