ကျန်ရစ်ခဲ့သူတွေအားလုံး နှလုံးသားမှာ ကြွေမွနေပါပြီ

သရုပ်ဆောင် မင်းသွေးရဲ့ ဆုံးပါးသွားပြီဆိုတဲ့ သတင်းဟာ အွန်လိုင်းစာမျက်နှာပေါ်တွေမှာ ပြန့်လို့နေခဲ့ပါတယ်။ အားလုံးကို နှုတ်ဆက်သွား ခဲ့တဲ့ မင်းသွေးအတွက် ပရိသတ်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မိသားစုတွေအားလုံး ဝမ်းနည်းလို့ နေကြ ပါတယ်။

Photo : မင်းသွေး FB

 

သရုပ်ဆောင် မင်းသွေးရဲ့ ဆုံးပါးသွားပြီဆိုတဲ့ သတင်းဟာ အွန်လိုင်းစာမျက်နှာပေါ်တွေမှာ ပြန့်လို့နေခဲ့ပါတယ်။ အားလုံးကို နှုတ်ဆက်သွား ခဲ့တဲ့ မင်းသွေးအတွက် ပရိသတ်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မိသားစုတွေအားလုံး ဝမ်းနည်းလို့ နေကြပါတယ်။ တချို့အနုပညာ ရှင်များဟာလည်း မင်းသွေးဆုံးပြီဆိုတဲ့ သတင်းကို မယုံကြည်နိုင်ကြသလို တချို့အနုပညာရှင်များကလည်း သူတို့နဲ့ ရှိခဲ့ဖူးတဲ့ မင်းသွေးနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို ပြန်ပြောရင်း ဝမ်းနည်းလို့နေနေကြပါတယ်။

မင်းသွေးရဲ့ အကျႌလေးနဲ့

အဲ့ဒီထဲမှာမှ အဆိုတော် အိမ့်ချစ်ကလည်း မင်းသွေးနဲ့ ပတ်သက်တဲ့ အမှတ်တရလေးကို ယခုလို ပြောပြရင်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

"အမြဲတမ်း စိတ်ဓာတ်ကျတဲ့ status တင်တဲ့အခါ Cb ကနေအားပေးစကားအမြဲလာပြောတတ်တဲ့အကို တစ်ခါမှပုံတွေဘာတွေတွဲမရိုက်ဖူးတော့ သူနဲ့ပုံလေးမရှိပေမယ့် ။ဒီပုံလေးကတော့အမှတ်တရပါပဲ....ရေဘေးအတွက်အလှူသွားလုပ်တော့ ရေတွေတစ်ကိုယ်လုံးဆိုနေတဲ့အိမ့်ချစ်ကို ညီမရေ နင်ဖျားမယ်နော် ငါ့အကျႌနင်ဝတ်ထားတော့ဆိုပြီး ပေးဝတ်ထားရှာတယ် ။အားနာလို့ပြန်ချွတ်ပေးတာတောင် မပေးနဲ့အိမ်ထိဝတ်သွား အကို့ကားသော့လေးပဲအိပ်ထဲကထုတ်ပေးနော် ညီမလေးနောက်ပါသွားရင် အကိုလမ်းလျောက်ပြန်ရမယ်ဆိုပြီးစသေးလှေတူတူစီးကြရတာမို့ လှေမှောက်မှာကြောက်ပြီးသူ့အကျႌကိုတစ်လမ်းလုံးနောက်ကနေဆွဲလိုက်ခဲ့ရသေးတယ်။ လှေပေါ်ပြန်ပါမလာမှာစိုးလို့ အိမ့်ချစ်ရေ နင်ကျန်ခဲ့ မယ်ဟ ဆိုပြိး စိတ်ပူပြီးလိုက်လိုက်ရှာသေးတယ်။ကိုမင်းသွေးရေ အဲ့ခရီးစဉ်လေးက နောက်ဆုံးအနေနဲ့ အမှတ်တရပေါ့လေ အကိုကောင်းရာ သုဂတိလား ပါစေလို့ ညီမလေးဆုတောင်းပေးပါတယ်" ဆိုပြီး အိမ့်ချစ်ရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ (၄) ရက်နေ့ မနက်က ရေးသားထားတာတွေ့ရပါတယ်။

သားညီရိုက်ထားတဲ့ မင်းသွေးရဲ့ အခြေအနေ

 

မင်းသွေးနဲ့ အနီးကပ်ဆုံးရှိ သတ်ကွင်းကို အတူတူပုံဖော်ထားတဲ့ ဒါရိုက်တာ သားညီမှာလည်း မင်းသွေးအတွက် အရမ်းကို စိတ်မကောင်းဖြစ် လို့နေပါတယ်။မင်းသွေးရဲ့ နောက်ဆုံးအချိန်ထိ အနားမှာ ရှိနေခဲ့တဲ့ သားညီကလည်း မင်းသွေးရဲ့ မျက်နှာကို ဓာတ်ပုံမရိုက်ရက်လို့ မင်းသွေးရဲ့ နှလုံးခုန်နှုန်းကို တိုင်းထားတဲ့ စက်လေးကိုပဲ ဓာတ်ပုံရိုက်ယူခဲ့တယ်တဲ့။

 

သရုပ်ဆောင် ရွှေသမီးဆိုရင်လည်း မင်းသွေးသတင်းကို ကြားကြားပြီးခြင်း တစ်ညလုံး အိပ်လို့မပျော်ခဲ့ဘူးတဲ့။ "စိတ်သဘောထားကောင်းပြီး ရုပ်တည်ကြီးနဲ့အမြဲစနောက်တတ်တဲ့ကိုမင်းသွေး မနေ့ညကဆုံးသွားပြီဆိုတဲ့သတင်းကြားပြီး မယုံနိုင်ခဲ့ဘူး လူကပူထူပြီ းပြန်အိပ် လို့ တောင်မ ရ  မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ် ရင်ထဲမှာတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ် အတူရိုက်ခဲ့တဲ့ဇာတ်ကားတွေတောင်ရုံမတင်သေးဘူး လူ့ဘဝကြီးက နေ အရင်ထွက်ခွာသွားတာ စောလွန်းပါတယ် ကိုမင်းသွေးရေ" ဆိုပြီး အောက်တိုဘာ(၄) ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။

 

မင်းသွေးနဲ့အတူတူ ခရီးသွားခဲ့ဖူးတဲ့ အဆိုတော် ကော်နီကလည်း မင်းသွေးအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

"FB,လေးမဖွင့်တာကြာ, သတင်းတခုကြားလို့တက်ကြည့်မိတော့တကယ်ကြီးပါလား,။ရင်ထဲမကောင်းလိုက်တာ,,ဒီကလေးနဲ့ခရီး အတူသွားခဲ့ဘူးတယ်။ဘုရားစူး,မင်းသားလို့ပြောယူရတယ်။ ဖြူဖြူစင်စင်အပြုံးချိုချိုလေးနဲ့, ဆုံမိတဲ့အခါတိုင်းနူတ်ဆက်အပြုံးလေးနဲ့ သနားလိုက် တာ ကွယ်,,  အားလုံး,အနှေးနဲ့အမြန်သွားရမယ့်ခရီးကို,,ကြိုပြီးသွားနှင့်ခဲ့ပြီပေါ့လေ။ကောင်းရာဘုံဘဝရောက်ပါစေကွယ်" ဆိုပြီး စိတ်မကောင်း စွာနဲ့ ပြောထားတာတွေ့ရပါတယ်။

 

ကျန်တဲ့ အနုပညာရှင်များလည်း မင်းသွေးအတွက် စိတ်မကောင်းဖြစ်နေကြသလို ကောင်းရာသုဂတိလာပါစေဆိုပြီး ဆုတောင်းပေးထားကြ တာတွေလည်း ရှိပါတယ်။မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးကန်ရင်း အမောဖောက်ရာက နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့လည်း နီးစပ်ရာ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။

Photo : မင်းသွေး FB

 

မင်းသွေး ရုတ်တရုတ်ကွယ်လွန်သွားတဲ့အပေါ် အနုပညာလောကသားတွေ အားလုံးလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ မင်းသွေးအ တွက် ဝမ်းနည်းကြေကွဲနေကြတဲ့ အနုပညာရှင်တွေအများကြီးပါ။ လက်ရှိမှာ မင်းသွေးရဲ့ ရုပ်အလောင်းကို သင်္ကန်းကျွန်းစံပြဆေးရုံကြီးရဲ့ ရင်ခွဲရုံမှာ ထားရှိထားတယ်လို့ သိရပါတယ်။

နေတိုးရဲ့ ညီဖြစ်တဲ့ မင်းသွေးဟာ ပရဟိတအလုပ်တွေကိုလည်း ဝါသနာပါသူတစ်ဦးဖြစ်ပါတယ်။ သူရဲ့ ပရိသတ်တွေနဲ့ ဖွဲ့ထားတဲ့ "မင်းသွေးနှင့် ဆွေးမျိုးတစ်သိုက်" ဆိုုတဲ့ အဖွဲ့နဲ့ အလှူအတန်းတွေ အမြဲလုပ်ဖြစ်နေသူပါ။မင်းသွေးရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ ထိုးစစ် Audio CD ကို ၂၀၁၇ ခုနှစ်အတွင်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ သူပါဝင်ထားတဲ့ "သတ်ကွင်း" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာပါ။

Share

Loading Next Article...
က္က