မေမေ ဆူမှာ စိုးလို့ သီချင်းလေးဖြစ်ပါတယ်။

နန်းဆုရတီစိုး တစ်ယောက် '' မေမေ ဆူမှာစိုးလို့'' Music MTV လေး ကြည့်ရှုအားပေးသူ တစ်သန်းကျော်သွားလို့ အရမ်းကို ဝမ်းသာပီတိဖြစ်လို့ နေပါတယ်။ ဒီသီချင်းကိုတော့ အောက်တိုဘာလ ၃ ရက်နေ့က ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့တာပါ။

Photo: နန်းဆုရတီစိုးဖေ့စ်ဘွတ်


နန်းဆုရတီစိုးရဲ့ သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ '' မေမေဆူမှာ စိုးလို့'' ဆိုတဲ့ MTV လေးကို အောက်တိုဘာလ ၃ ရက်နေ့က အွန်လိုင်းပေါ်က နေတဆင့် ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့နောက် အောက်တိုဘာလ ၄ ရက်နေ့ ည မှာပဲ ကြည့်ရှုသူ ပရိသတ်ပေါင်း ၁ သန်းကျော် သွားလို့ အရမ်းပျော်နေတဲ့အကြောင်း ပြောပြလာပါတယ်။

''မနေ့က တင်တဲ့ “မေမေဆူမှာစိုးလို့ " MV လေး တစ်ရက်အတွင်း 1 M views ကျော်သွားလို့ အရမ်းပျော်မိပါတယ်။ shooting ကနေပြန် ရောက် ရောက်ချင်း Facebook ဝင်ကြည့်တာ 1M views လေးတွေ့ရတော့ ပင်ပန်းတာတွေ မောတာတွေမေ့သွားတယ်။ ပရိသတ်ကြီးရဲ့ အချစ်တွေက နန်းဆုအတွက်အားဆေးလေးပါ။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်'' လို့ သူကဆိုပါတယ်။

Photo: နန်းဆုရတီစိုးဖေ့စ်ဘွတ်

မာနတွေသုံးစားမရအောင် ချစ်ပြလိုက်တဲ့ နန်းဆုရတီစိုး 

'' မေမေ ဆူမှာစိုးလို့'' သီချင်း MTV ရဲ့ အမြည်းလေးကိုတော့ အောက်တိုဘာလ ၁ ရက်နေ့ကတည်းက မိတ်ဆက်ပေးခဲ့တာပါ။ အမိုက်စား MTV တစ်ပုဒ်ဖြစ်လို့လည်း ပရိသတ်တွေအကြိုက်တွေ့စေခဲ့ပါတယ်။ ဒီသီချင်းကို နန်းဆုရဲ့ ချစ်သူ G-Fatt ကိုယ်တိုင်ရေးပေးခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ထားသူတွေကတော့ မေသန်းနု၊ ယွန်းယွန်း၊ နန်းဆုရတီစိုးရဲ့ မောင်လေး Echo နဲ့ နန်းဆုရတီစိုး တို့က ပါဝင်ထားပါတယ်။

Photo: နန်းဆုရတီစိုးဖေ့စ်ဘွတ်


ရိုက်ကူးမှု ပုံစံဆန်းဆန်းလေးတွေနဲ့ တင်ဆက်ထားတဲ့ နန်းဆုရဲ့ သီချင်းသစ်လေးကိုု ပရိသတ်တွေလည်း စောင့်မျှော်နေကြပါတယ်။ နန်းဆုသီ ဆိုထားပြီး G Fatt ရေးပေးထားတဲ့ "ရူးအောင်ချစ်ရသူ" သီချင်းကလည်း ပရိသတ်တွေကြားထဲမှာ တော်တော့်ကို အောင်မြင်ခဲ့တဲ့ သီချင်းလေး ဖြစ်ပါတယ်။

နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ "ရူးအောင်ချစ်ရသူ" သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။

Photo: နန်းဆုရတီစိုးဖေ့စ်ဘွတ်


နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က