ဒါရိုက်တာ ကိုပေါက်က ဗီဒီယိုဖိုင်လေးနဲ့ တင်လိုက်တာ ဖြစ်ပါတယ်။

မင်းသွေးရဲ့ နောက်ဆုံးပုံရိပ်ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေရဲ့ ရင်ကို ထိရှကြေကွဲစေလွန်းပါတယ်။ အောက်တိုဘာ(၆) ရက်နေ့က ဒါရိုက်တာ ကိုပေါက် တင်ထားတဲ့ ဗီဒီယိုဖိုင်လေးမှာ နောက်ဆုံးအကြိမ် မင်းသွေးဆေးရုံတက်ရတဲ့ ပုံရိပ်လေးတွေပါ ပါဝင်ခဲ့ပါတယ်။

မင်းသွေးရဲ့ နောက်ဆုံးပုံရိပ်ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေရဲ့ ရင်ကို ထိရှကြေကွဲစေလွန်းပါတယ်။ အောက်တိုဘာ(၆) ရက်နေ့က ဒါရိုက်တာ ကိုပေါက် တင်ထားတဲ့ ဗီဒီယိုဖိုင်လေးမှာ နောက်ဆုံးအကြိမ် မင်းသွေးဆေးရုံတက်ရတဲ့ ပုံရိပ်လေးတွေပါ ပါဝင်ခဲ့ပါတယ်။ မင်းသွေးအတွက် သတိရခြင်းတွေနဲ့ ဖန်တီးခဲ့တဲ့ အဲ့ဒီဗီဒီယိုဖိုင်လေးဟာဆိုရင် နာရီပိုင်းအတွင်းကြည့်ရှုသူ (၃)သိန်းကျော် ရှိလို့နေပါတယ်။

ဒါရိုက်တာ ကိုပေါက် တင်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးရဲ့ အစမှာ "မင်းသွေးအတွက် လွမ်းဆွတ်ခြင်းအမှတ်တရ"ဆိုတဲ့ စာသားလေးနဲ့ မင်းသွေးကို နောက်ဆုံးအကြိမ်သင်္ဃန်းကျွန်းဆေးရုံကို လိုက်ပို့တဲ့ ပုံရိပ်တွေက စတင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ဆေးရုံရောက်ချိန် မင်းသွေးကို လူနာတင်လှည်းပေါ်တင်ပြီး ဆရာဝန်မကြီးတွေက စစ်ဆေးခြင်းတွေ ပြုခဲ့ကြပါတယ်။ ဘာမှကိုယ် မသိတော့ဘဲ အိပ်ပျော်နေတယ်လို့တောင် ထင်ရတဲ့ မင်းသွေးရဲ့ ဘေးမှာတော့ စိုးရိမ်မှုတွေ၊ ပူပန်မှု၊ မျှော်လင့်ချက်အငွေ့ အသက်လေးတွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ နှလုံးသားကတော့ တဒိတ်ဒိတ်နဲ့ပေ့ါ။

အဲ့ဒီနောက်မှာ မင်းသွေးကို  အရေးပေါ်ဌာနထဲကို ခေါ်သွားခဲ့တာပုံရိပ်လေးတွေ ပါခဲ့ပါသေးတယ်။ဒါပေမယ့်လည်းနောက်ဆုံးမှာ မင်းသွေးတစ် ယောက် သူချစ်တဲ့သူတွေနဲ့ သူကိုချစ်တဲ့သူအားလုံးကို အောက်တိုဘာ(၃) ရက်နေ့ ည (၁၁း၂၀)မှာ အားလုံးကို နှုတ်ဆက်သွားခဲ့ပါတယ်။

 

အားလုံးရဲ့ ရင်ထဲမှာ မယုံကြည်မှုများစွာနဲ့ လက်မလွှွတ်ချင်သူကို နောက်ဆုံးမှာ လက်လွှတ်ပေးခဲ့ရပါတယ်။ ကိုပေါက်ရဲ့ ဗီဒီယိုဖိုင်လေးမှာ မင်းသွေးရဲ့ နောက်ဆုံးပုံရိပ်လေးတွေအပြီးမှာ ကိုပေါက်နဲ့ မင်းသွေးတို့အတူခရီးသွားခဲ့တဲ့ ပုံရိပ်များ ၊ မင်းသွေးရဲ့အင်တာဗျူးများနဲ့ မင်းသွေး ကိုယ်တိုင်ပုံဖော်ရိုက်ကူးထားတဲ့"သတ်ကွင်း" ထဲက ပုံရိပ်လေးတွေနဲ့ ဆက်လက်ပုံဖော်ထားပါသေးတယ်။

နောက်ဆုံးမှာ နေတိုးကိုယ်တိုင် သီဆိုထားတဲ့ "လရောင်ချော့တေး"သီချင်းလေးနဲ့ မင်းသွေးရဲ့ ပုံရိပ်လေးတွေကို ပုံဖော်ထားတာ ဟာကြည့်ရှုသူ ပရိသတ်တွေအတွက် ရင်ထဲမှာ စို့နစ်အောင်ခံစားလို့နေရပါတယ်။

 

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို မကြာခင် နာရီပိုင်းအတွင်း ရေဝေးသုဿန်မှာ မှာ သဂြိုလ်သွားမှာ ဖြစ်ပါတယ်။

 

မင်းသွေးကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ အောက်တိုဘာ(၆) ရက်နေ့ ညပိုင်းကတည်းက ရေဝေးသုဿန်ဝင်းထဲမှာ မင်းသွေးရဲ့ ရုပ်လောင်းကို မြင်ရဖို့အတွက် သွားရောက်နေကြတာဟာလည်း အရမ်းကို ဝမ်းနည်းဖို့ ကောင်းလှပါတယ်။

Share

Loading Next Article...
က္က