ငေ်းသွေးဟာ သူ့ကို လမ်းမှန်ရောက်အောင် ပို့ပေးခဲ့သူတစ်ယောက်တဲ့။

ညီလေး တစ်ယောက်လို ချစ်ခင်ရတဲ့ မင်းသွေးရဲ့ သေဆုံးမှုကို ထွန်းထွန်းမှာ အခုထိ လက်မခံနိုင်သေးပဲ ဖြစ်လို့နေပါတယ်။ ထွန်းထွန်းဟာ ဒီနေ့(အောက်တိုဘာ၇ရက်)မှာ မင်းသွေးရဲ့ နောက်ဆုံးခရီးကို လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကိုကြည့်ပြီး ထွန်းထွန်းတစ်ယောက် ဖြေမဆည်နိုင် မျက်ရည်တွေကျခဲ့ရပါတယ်။



 

ညီလေး တစ်ယောက်လို ချစ်ခင်ရတဲ့ မင်းသွေးရဲ့ သေဆုံးမှုကို ထွန်းထွန်းမှာ အခုထိ လက်မခံနိုင်သေးပဲ ဖြစ်လို့နေပါတယ်။ ထွန်းထွန်း တစ် ယောက် လမ်းမှားရောက်နေချိန်မှာ မင်းသွေးရဲ့ စကားတွေကြောင့် လမ်းမှန်ပေါ်ကို ပြန်ရောက်ခဲ့တာလို့ သူက ဆိုပါတယ်။ သူအရမ်းချစ်ရတဲ့ ညီလေးတစ်ယောက် ဆုံးရှုံးသွားရတဲ့အတွက် ထွန်းထွန်းမှာ အရမ်းကို ခံစားနေရသလို ဖေ့စ်ဘွတ်သုံးဖို့တောင် ကြောက်နေမိတယ်လို့ ဆိုပါတယ်။

 

"မင်းမရှိတော့ဘူးဆိုတာကို ငါ့မျက်စိနဲ့တပ်အပ်တွေ့ရတဲ့ အချိန်ကစပြီးအခုထိ နေရတာတော်တော်အဆင်မပြေဘူးကွာ။ ငါ နိစ္စဒူဝ လုပ်စရာ တွေကိုလုပ်နေတယ်။ မင်းအကြောင်းတွေပဲခေါင်းထဲရောက်လာတယ်။ Facebook ကိုလည်းဝင်သုံးရမှာ ကြောက်နေတယ်ကွာ။ အခုတလောက မင်းအကြောင်းတွေပဲ ရေးနေကြမှာ ဒီတော့ငါဖတ်နေရလိမ့်မယ်။ အဲ့ဒါတွေ ငါတကယ်မခံစားနိုင်ဘူး။ နောက်ပြီးတော့ ငါဒီအဖြစ်အပျက်ကြီးကို လုံးဝလက်မခံနိုင်သေးဘူး" ဆိုပြီးထွန်းထွန်းရဲ့ ဖေ့စ်ဘတ်မှာ အောက်တိုဘာ(၆) ရက်နေ့ ညပိုင်းက ရေးသားထားတာတွေ့ရပါတယ်။

 

ထွန်းထွန်းမှာ အခက်အခဲတွေနဲ့ ကြုံရချိန်မှာလည်း ဘိုထွန်း ဘာတွေ ဖြစ်နေလဲဆိုပြီး အရင်ဆုံး မေးဖော်ရတာ မင်းသွေးပါတဲ့။ ခရီးတွေ အတူတူသွားခဲ့တုန်းကလည်း ထွန်းထွန်း ပိုက်ဆံပြတ်နေတာသိပြီး ထွန်းထွန်းအရမ်းလိုချင်တဲ့ ပစ္စည်းလေးကို သူမသိအောင် မင်းသွေးက လက်ဆောင်ပေးခဲ့ဖူးတာတွေလည်း ရှိလို့နေပါတယ်။

" ငါလမ်းမှားကိုကောင်းကောင်းကြီးရောက်နေတုန်းကလည်း မင်းပဲပြောတယ်လေ။ ခင်ဗျားဘယ်မှမသွားနဲ့ ကျနော့် အိမ်မှာ လာနေ။ တ ယောက် စာတော့ကျွန်တော့်အိမ်မှာ စားစရာနေစရာ ကျွန်တော်လုပ်ပေးနိုင်တယ်ဆိုပြီး တကယ်ကြီးကို ခေါ်ထားခဲ့တဲ့ကောင်။ မင်းပြောခဲ့တဲ့ ဂရုဏာ ဒေါသောစကားတွေက ကြမ်းလွန်းလို့ ငါတော်တော်ရှက်ခဲ့တယ်။ ဒါတွေကြောင့်လည်း ငါလမ်းမှန်ပေါ်ပြန်ရောက်ဖို့ လမ်းစ ပေါ်ခဲ့ရတယ်။ "ဆိုပြီး ဆက်လက်ပြောပြထားပါသေးတယ်။

 

မင်းသွေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ များလွန်းအားကြီးတာကြောင့် ထွန်းထွန်းမှာ ပြောရင်တောင် ပြောလို့ မကုန်ပါဘူးဆိုတဲ့။

"အမှတ်တရတွေက များလွန်းအားကြီးလို့ ပြောရင်ပြောလို့မကုန်ဘူး။ မင်းပြသွားတဲ့ တရားကတော်တော် ထိတယ်ကွာ။ ငါ့ညီလေးရာ မင်းကောင်းရာမွန်ရာကို ရောက်မယ်လို့ယုံကြည်တယ်။ ဒါမဲ့ကွာဒီအရာကို ငါလက်မခံနိုင်သေးဘူး။ ခက်ခဲလိုက်တာ" ဆိုပြီး ရင်ဖွင့်ထားပါတယ်။

ထွန်းထွန်းဟာ ဒီနေ့(အောက်တိုဘာ၇ရက်)မှာလည်း မင်းသွေးရဲ့ နောက်ဆုံးခရီးကို လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကိုကြည့်ပြီး ထွန်းထွန်းတစ်ယောက် ဖြေမဆည်နိုင် မျက်ရည်တွေကျခဲ့ရပါတယ်။

 

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က