ဒီနေ့မနက်က လုပ်ခဲ့တာပါ။

အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်ဟာ သရုပ်ဆောင် မင်းသွေး မကွယ်လွန်ခင် ကစားခဲ့တဲ့  ဘောလုံးကွင်းမှာ ရေစက်ချ အလှူပြုလုပ် ပေးနေတာ တွေ့ရပါတယ်။

Photo : ကောင်းထက်ဇော် FB

 

အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်ဟာ သရုပ်ဆောင် မင်းသွေး မကွယ်လွန်ခင် ကစားခဲ့တဲ့  ဘောလုံးကွင်းမှာ ရေစက်ချ အလှူပြုလုပ် ပေးနေတာ တွေ့ရပါတယ်။ ကောင်းထက်ဇော်နဲ့အတူ ဘောလုံးအသင်းသားများအားလုံး စုပေါင်းကာ ဒီနေ့ (အောက်တိုဘာ၉ရက်)မှာ KBA Sports Complex ကွင်းတွင် ပါချုပ်ဆရာတော်ကို ပင့်ဖိတ်ပြီး မင်းသွေး အတွက် ရေစက်ချအလှူပြုလုပ်ပေးခဲ့တာပါ။

Photo : ကောင်းထက်ဇော် FB

 

အတူတူကစားနေရင်း ရုတ်တရက် ဆိုသလို ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ကို ကောင်းထက်ဇော်တစ်ယောက် အခုချိန်ထိ မယုံကြည်နိုင် သေးပေး မယ့်လည်း သူတို့ကို နှုတ်ဆက်သွားပြီဖြစ်တဲ့ မင်းသွေးအတွက် နောက်ဆုံးအချိန်ထိ အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးလျက်ရှိပါတယ်။

ထို့အပြင် ဒီနေ့မှာပဲ မင်းသွေးရဲ့ နေအိမ်ဖြစ်တဲ့ သာကေတ၊ ဝါဝါဝင်းအိမ်ရာမှာလည်း ကျန်ရစ်သူမိသားစုက ရက်လည်ဆွမ်းသွတ်အလှူကို ပြုလုပ်ခဲ့ပါသေးတယ်။

မင်းသွေးအတွက် ရည်စူးပြီး အလှူတွေလုပ်နေတဲ့ နေတိုးတို့မိသားစု 

နေအိမ်မှာ ပြုလုပ်တဲ့ ရက်လည်ဆွမ်းသွတ်အလှူကို ဆရာတော် အရှင်ဆန္ဒာဓိက ကြွရောက်ပြီး တရားတော်များ ချီးမြှင့်ကာ မင်းသွေး အတွက် အမျှအတမ်းများ ပေးဝေခဲ့ပါတယ်။  ရက်လည်နေ့မှာလည်း ကျန်ရစ်သူမိသားစုဟာ ဆုံးရှုံးသွားတဲ့ မိသားစုဝင်အတွက် ခံစားနေရ ပေမယ့် မင်းသွေးရဲ့ နောက်ဆုံးခရီးကို အကောင်းဆုံး ဖြစ်အောင် အားတင်းပြီး လုပ်ဆောင်ပေးနေကြတာကို တွေ့ရပါတယ်။

နေတိုးဆိုရင်လည်း သူ့ရဲ့ ညီလေးတစ်ယောက်ဆုံးရှုံးသွားပေမယ့်  ဟန်မပျက် အားတင်းပြီး ညီဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို မလုပ်လိုက်ရ လေ ခြင်းမရှိရလေအောင်သူကိုယ်တိုင် ဦးဆောင်ပြီး လုပ်ပေးခဲ့သလို မိခင်ဖြစ်သူကိုလည်း အနီးကပ်စောင့်ရှောက်ပေးနေသူလည်း ဖြစ်ပါတယ်။

 

အားလုံးကို နှုတ်ဆက်သွားပြီဖြစ်တဲ့ သရုပ်ဆောင် မင်းသွေးအတွက် အနုပညာလောကသားတွေ အားလုံး စိတ်မကောင်း ဖြစ်နေကြသလို ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ မင်းသွေးအတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်ပေးနေတဲ့ အနုပညာမောင်နှမ တွေရှိသလို ပရိသတ်တွေလည်း ရှိလို့နေပါတယ်။ ကျန်ရစ်သူမိသားစုအနေနဲ့လည်း မင်းသွေးကွယ်လွန်တဲ့နေ့ကစလို့ ယနေ့အထိ မင်းသွေး အတွက် ရည်စူးကာ အလှူအတန်းတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ပေးလျက်ရှိပါတယ်။

 

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ မင်းသွေးဟာ သူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။

မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က