သားလေးတစ်ယောက်ပိုင်ဆိုင်နေပါပြီ။

ဒါရိုက်တာသားညီနဲ့ ဇနီးဖြစ်သူတို့ကတော့ ဒီနေ့(အောက်တိုဘာလ ၁၀ )ရက်နေ့မှာ အိမ်ထောင်သက်တမ်း ၁၂ နှစ်ပြည့်ပြီလို့ သိရပါတယ်။ သူတို့မှာတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်ထားပါတယ်။

Photo: သားညီဖေ့စ်ဘွတ်

 

သရုပ်ဆောင် ဒါရိုက်တာ သားညီနဲ့ သူ့ရဲ့ ဇနီးဖြစ်သူဇာခြည်ဝင်းစံ  တို့က အောက်တိုဘာလ ၁၀ ရက်နေ့ (ဒီနေ့)မှာပဲ အိမ်ထောင်သက် ၁၂ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဒီ ၁၂ နှစ်အတွင်းမှာ ဘဝအခက်အခဲတွေကို နှစ်ယောက်အတူ ကြိုးစားရုန်းကန်ခဲ့ရတဲ့ အကြောင်းတွေကို အခုလို ပြောပြလာတာဖြစ်ပါတယ်။

'' လွန်ခဲ့တဲ့ 12 နှစ် 10.10.2006, ကောင်လေးတစ်ယောက် နဲ့ ကောင်မလေးတစ်ယောက် ဘဝတစ်ခုကို အတူတူလက်တွဲထူထောင်ဖို့ စာချုပ် တစ်ခုအပေါ်မှာ လက်မှတ်ထိုးခဲ့ကြတယ်။ သူတို့ပျော်ရွှင်ခဲ့ကြတယ်။ သူတို့ရုန်းကန်ခဲ့ကြရတယ်။ အခု သူတို့မှာ ဘာနဲ့မှ အစားထိုးလို့မရတဲ့

ချစ်ခြင်းမေတ္တာရဲ့ လက်ဆောင်ပေါက်စလေးတစ်ကောင် ( အမှန်က ပေါက်စကြီးတစ်ကောင်ပါ ) ပိုင်ဆိုင်နေခဲ့ကြပြီ'' လို့ဆိုပါတယ်။

Photo: သားညီဖေ့စ်ဘွတ်

 

သားညီ ဟာ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အတွက် ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်အပေါ် နားလည် မှု အပြည့်အဝပေးတဲ့ ဇနီးဖြစ်သူကိုလည်း အရမ်းချစ်တဲ့အကြောင်းတွေကို ဆက်လက်ပြောပြလာပါသေးတယ်။ အခုဆိုရင်တော့ သူတို့ ဇနီးမောင်နှံမှာ သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

''ဆယ်စုနှစ် နှစ်ခုစာ ချစ်ခြင်းတရားတွေ၊ မေတ္တာတရားတွေ၊ ပေးဆပ်အနစ်နာခံမှုတွေ၊ နားလည်မှုတွေအတွက် ကျေးဇူးပါ မိန်းမရေ။ I love you so much  သားညီ'' ဆိုပြီးတော့ အောက်တိုဘာလ  ၁၀ ရက်နေ့ မနက် ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် မင်္ဂလာဆောင်တုန်းက အမှတ်တရဓာတ်ပုံလေးကိုလည်း တင်ခဲ့ပါသေးတယ်။

သရုပ်ဆောင်ပြန်လုပ်ရလို့ အရမ်းတွေပျော်နေတဲ့ သားညီ 

Photo: သားညီဖေ့စ်ဘွတ်

 

ဒါရိုက်တာသားညီဟာ သရုပ်ဆောင်ဒွေး(ခ) ကိုသားကြီးရဲ့ ချစ်လှစွာသော ညီအရင်းတစ်ယောက်ဖြစ်ပါတယ်။ အရင်က သရုပ်ဆောင် အလုပ် တွေ ကိုလည်း အစ်ကိုဖြစ်သူနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့ပါသေးတယ်။ ဒွေးသေဆုံးသွားပြီးတဲ့နောက် သားညီကလည်း အနုပညာလောကနဲ့ အနည်းငယ် ဝေးကွာသွားခဲ့ပါသေးတယ်။

Photo: သားညီဖေ့စ်ဘွတ်

 

ခုနောက်ပိုင်းမှာတော့ အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။

သားညီအနေနဲ့ သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Share

Loading Next Article...
က္က