ပျော်ရွှင်နေတာပေါ့။

ဇေရဲထက်တစ်ယောက် သူလိုချင်တဲ့ အိမ်လေးပိုင်ဆိုင်ခွင့်ရဖို့အတွက် ၇ နှစ်လုံး ကြိုးစားရုန်းကန်ခဲ့ရတယ်လို့ဆိုပါတယ်။ သပ်ရပ် လှပလွန်းတဲ့ အိမ်လေးကြောင့်လည်း ပရိသတ်တွေ အားကျလို့နေပါတယ်။



 

သရုပ်ဆောင် ဇေရဲထက်ကတော့ သူပိုင်ဆိုင်ချင်တဲ့ အိမ်လေးကို ပိုင်ဆိုင်ခွင့်ရပြီဖြစ်တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီအိမ်လေး ပိုင်ဆိုင်ခွင့်ရဖို့အတွက် အနုပညာအလုပ်လုပ်ရင်း ၇ နှစ်ကြာအောင် ပိုက်ဆံစုခဲ့ရတယ်လို့ ဆိုပါတယ်။

'' လူတစ်ယောက်အတွက် အရေးကြီးဆုံးက အိမ်ပါ။ ကျွန်တော်လေ ဒီတစ်လုံးလေးရဖို့ ၇နှစ်ကြာအောင်စုခဲ့ရတယ်။  ဖြူစင်စွာနဲ့ ကျွန်တော် ရှာခဲ့ပြီးရလာတဲ့အိမ်လေး ပြီးတော့ စိတ်ချမ်းသာမိတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးခဲ့တာဖြစ်ပါတယ်။

Photo: ဇေရဲထက်ဖေ့စ်ဘွတ်

 

ဇေရဲထက်ရဲ့ ကိုယ်ပိုင်အိမ်လေးကတော့ အခုမှ ပြင်ဆင်တည်ဆောက်နေတုန်းဖြစ်ပါတယ်။ အိမ်ကို အချောသတ်ဖို့ သိပ်မလိုတော့ပါဘူး။ သူ့ရဲ့ အိမ်ခန်းလေးတွေကိုလည်း ပြသထားတာ ဖြစ်တဲ့အတွက် အရမ်းကို လှပ သန့်ရှင်းလို့နေပါတယ်။ ဇေရဲထက်ရဲ့ ကိုယ်ပိုင်အိမ်လေး အတွက် လည်း ပရိသတ်တွေက အားကျလို့နေပါတယ်။

ဟင်းချက်တာတော့ကျွမ်းပြီး ထမင်းတော့မချက်တတ်ဘူးဆိုတဲ့ ဇေရဲထက် 

Photo: ဇေရဲထက်ဖေ့စ်ဘွတ်

 

ဇေရဲထက်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက် ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

Photo: ဇေရဲထက်ဖေ့စ်ဘွတ်

 

သူ့အနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အနုပညာအလုပ်တွေသာမက ဟင်းချက်တာလည်း ဝါသနာပါတာကြောင့် မကြာခဏဆိုသလို အနုပညာ မောင်နှမတွေ၊ ပရိသတ်တွေ၊ မိသားစုတွေကို ဟင်းချက်ကျွေးလေ့ရှိပါတယ်။ ဒီ့အတွက်ကြောင့်လည်း ဟင်းချက်နည်းတွေကို လေ့လာမှုတွေ လုပ်ခဲ့ပြီး ထမင်း၊ ဟင်းဆိုင် ဖွင့်ခဲ့တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က