တန်ဖိုးထားပြီး သုံးပါ့မယ်တဲ့။

သရုပ်ဆောင် နေဒွေးရဲ့ မွေးနေ့က အောက်တိုဘာ(၉) ရက်နေ့ကပါ။ မွေးနေ့ပြီးသွားပေမယ့်လည်း နေဒွေးတစ်ယောက် မွေးနေ့လက် ဆောင်တွေ ရနေတုန်းကပဲ။ ဒီနေ့မှာလည်း ပရိသတ်တွေဆီက မွေးနေ့လက်ဆောင်ထပ်ရလို့ ပျော်လို့ နေပါတယ်။



ပရိသတ်တွေပေးတဲ့ လက်ဆောင်

 

သရုပ်ဆောင် နေဒွေးရဲ့ မွေးနေ့က အောက်တိုဘာ(၉) ရက်နေ့ကပါ။ သူ့ရဲ့ မွေးနေ့လေးမှာ ချစ်ရတဲ့ We Love တွေက ရှုတင်အထိ လိုုက်ပြီး မွေးနေ့အကြိုပွဲလေး ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။နေဒွေးဟာ We  Love တွေနဲ့အတူ မွေးနေ့အကြိုလေးကို ရှုတင်မှာပဲ ဖြတ်သန်းခဲ့ပြီး ရှုတင်မှာရှိတဲ့ စက်အဖွဲ့သားတွေကိုလည်း မွေးနေ့အလှူလေးပြန်ပြီး ပြုလုပ်ပေးခဲ့ပါသေးတယ်။

Photo : မင်းသွေး FB

 

ဒီနေ့(အောက်တိုဘာ၁၀ရက်)မှာလည်း သူ့ရဲ့ ချစ်ပရိသတ်တွေဆီက မွေးနေ့လက်ဆောင်တွေ ထပ်ရနေတာကြောင့် နေဒွေးတစ်ယောက် ပျော်လို့နေပါတယ်။

"အိမ်ပြန်ရောက်ရောက်ခြင်း နယ်ကချစ်ပရိသတ်တွေပို့ထားတဲ့မွေးနေ့လက်ဆောင်တွေ အများကြီးတွေ့ လိုက်ရတော့။ ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျ တန်ဖိုးထားပြီးသုံးပါ့မယ်ခင်ဗျ"ဆိုပြီး အောက်တိုဘာ(၁၀) ရက်နေ့ ညနေ(၅း၁၃)မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသား ထားတာပါ။

Photo : မင်းသွေး FB

 

နေဒွေးဟာ သူ့ရဲ့ မွေးနေ့မှာ မိခင်နဲ့အတူတူ ရှိမနေနိုင်ခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိ မှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေရတာ ဖြစ်တဲ့ အတွက် အဝေးရောက်နေတယ်လို့ သိရပါတယ်။ သူ့ မေမေကို ချစ်တဲ့အကြောင်းတွေ အခုလို ရေးသားထားပါတယ်။

'' ဒီနေ့ မှာ ကျွန်တော့်ကိုလူလားမြောက်အောင်မွေးထုတ်ပေးခဲ့တဲ့ ချစ်မေမေ ကိုကျေးဇူးအထူးတင်ရှိပါတယ်။ ဒီထက်ပိုလိမ္မာပြီး မေမေ့ကို မွေးကျေးဇူး၊ ကျွေးကျေးဇူး ဆပ်ပါမယ်။ မွေးနေ့မှာ မေမေ့ဘေးနားနေမပေးနိုင်တာနားလည်ခွင့်လွှတ်ပေးပါ့နော်'' ဆိုပြီးတော့ အောက်တို ဘာလ ၉ ရက်နေ့ မနက် ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo : မင်းသွေး FB

မေမေ့ကို မွေးကျေးဇူး၊ ကျွေးကျေးဇူး ဆပ်မယ်ဆိုတဲ့ နေဒွေး 

သရုပ်ဆောင် နေဒွေးဟာ အမေချစ်တဲ့ သားဖြစ်ပါတယ်။ သူ ဘယ်နေရာသွားသွား၊ ဘာဇာတ်ကားရိုက်ရိုက် ဘေးနားမှာ မိခင်ကို အမြဲထား တတ် သူတစ်ယောက်ပါ။ တစ်ဦးတည်းသော သားလည်းဖြစ်သလို မိခင်ကိုလည်း စိတ်ချမ်းသာအောင် ထားတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ နေဒွေးက တုနှိုင်းမရတဲ့ မေတ္တာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတယ်လို့သိရပါတယ်။

နေဒွေးဟာ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင် ဇာတ်ကားကြီး တွေလည်း ရိုက်ကူးဖို့ လက်ခံထားတာတွေရှိတယ်လို့သိရပါတယ်။ အဲ့ဒီနောက်မှာတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း သူ့ရဲ့ ပရိသတ်တွေနဲ့ ဖြစ်စေ၊ သူတစ်ဦးတစ်ယောက်တည်းဖြစ်စေ။ အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။

Photo : မင်းသွေး FB

နေဒွေး ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ သူ ကိုယ်တိုင်ကလည်း ထုတ်လုပ်ရေး တိုက်များစွာနဲ့တွဲပြီး စာချုပ်ချုပ်ရိုက်နေရတာဖြစ်တဲ့အတွက် ပရိုဂျူဆာတွေစိတ်ကြိုက်ရိုက်ပေးနေရတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်က လည်း အရည်အသွေးမြှင့်တဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ချင်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က