ဒီနေ့ကတော့ ဖွေးစိန်လေးရဲ့ မေမေ မွေးနေ့ပါ။

ဖွေးဖွေးက သူချစ်ရတဲ့ မေမေ့အတွက် မွေးနေ့ဆုတောင်းစကားတွေ အများကြီးပြောပြလာပါတယ်။ အဲ့ဒီနောက် လူအချင်းချင်း စောင့်စည်း ရမယ့် အရာတွေကို မိခင်က သင်ပြ ပြောပြတာထက်၊ လက်တွေ့ ဆောင်ရွက် ပြခဲ့တာတွေက သူ့အတွက် ပိုထိ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။



Photo: ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ချ်

 

သရုပ်ဆောင်ဖွေးဖွေးကတော့ သူချစ်ရတဲ့ မေမေ့အတွက် မွေးနေ့ဆုတောင်းစကားတွေ အများကြီးပြောခဲ့ပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့(ဒီနေ့) ကတော့ ဖွေးဖွေးရဲ့ မိခင် မွေးနေ့ဖြစ်ပါတယ်။ မိခင်ကို ပျော်ပျော်ရွှင်ရွှင်နေစေချင်တဲ့ ဖွေးဖွေးရဲ့ ဆန္ဒလေးတွေကို အခုလို ပြောပြထားတာ တွေ့ရပါတယ်။

'' Happy Birthday ပါ ချစ်မေကြီး။ အမေ့ကို အရမ်းချစ်တယ်။ အမေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ အဖေ၊ သမီး၊ ဖိုးသား။ အမေချစ်တဲ့ သူငယ်ချင်းတွေနဲ့ အကြာကြီး ပျော်ပျော်နေနိုင်ပါစေ။ You are my super hero'' ဆိုပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ချ်

 

ဖွေးဖွေးဟာ လူ့ပတ်ဝန်းကျင်၊ လူအချင်းချင်း စောင့်စည်းရမယ့် အရာတွေကို မိခင်ဖြစ်သူက သင်ပြ ပြောပြတာထက်၊ လက်တွေ့ ဆောင်ရွက် ပြခဲ့တာတွေက တကယ်ကို ထိရောက်စေတယ် လို့ ဆိုပါတယ်။ ညဘက်မှာ မွေးနေ့ ဆုတောင်းပေးရတာ ဖြစ်လို့ မိခင်ကို မွေးနေ့ အနမ်းလေး တောင်မပေးရသေးဘူးလို့ဆိုပါတယ်။

''ချွဲနွဲ့တာတွေ မတတ်ပေမယ့်လဲ လူအချင်းချင်းစောင့်စည်းရမယ့်Moral rules နဲ့ ethics တွေ ကိုယ်ချင်းစာ တရားတွေ ကို အပြောနဲ့ပဲ မဟုတ်ပဲ ကိုယ်တိုင်ရှေ့ က လက်တွေ့ နေထိုင် သင်ပြပေးခဲ့လို့ ကျေးဇူးပါပဲအမေ။ အများကြီးမပြောတော့ပါဘူး။ အမေက တော့အိပ်နေပြီ နှိုးလည်း မ နှိုးတော့ဘူး။ မနက်ကျမှ ဘတ်ဒေးကစ်စ်စစ် ပေးတော့မယ် နော။ ၁၁ရက် အောက်တိုဘာ ၂၀၁၈'' ဆိုပြီးတော့လည်း ဆက်လက်ရေးသား ထားပါတယ်။

သတ္တိတွေအများကြီးမွေးပြီး ကြိုးစားထားတယ်ဆိုတဲ့ ဖွေးဖွေး 

Photo: ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ချ်

 

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးပါ။ ဗီဒီယို ဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဆက်တိုက်ရိုက်ကူးနေရသူဖြစ်ပါတယ်။

Photo: ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ချ်

 

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က