ကလေးလေးရဲ့ ကိစ္စတွေနဲ့ ဖေဖေကြာစိ အလုပ်တွေ ရှုပ်နေပါတယ်။

မိုးလင်းတာနဲ့ ကလေးကိစ္စ၊ အိမ်မှုကိစ္စတွေကို ပြောစလိုမလိုအောင် လုပ်ပေးတတ်တဲ့ ခင်ပွန်းသည် ကြာစိကို ဇနီးဖြစ်သူက ချီးကျူးစကား ပြောထားတာလေး တွေ့ရပါတယ်။

 

မိုးလင်းတာနဲ့ ကလေးကိစ္စ၊ အိမ်မှုကိစ္စတွေကို ပြောစလိုမလိုအောင် လုပ်ပေးတတ်တဲ့ ခင်ပွန်းသည် ကြာစိကို ဇနီးဖြစ်သူက ချီးကျူးစကား ပြောထားတာလေး တွေ့ရပါတယ်။ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ တစ်အိမ်လုံးအတွက် ပြည့်စုံအောင် ရှာဖွေကျွေးမွေးနေတဲ့ ကြာစိရဲ့ ပြန်လာရင်လည်း ကလေးလေးအတွက် လိုလေသေးမရှိအောင်လုပ်ပေးတတ်သူပါဆိုပြီး ဇနီးသည်ဖြစ်သူ ဆုဟန်နီဖြိုးရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

 

"မိုးလင်းတာနဲ့ ဖေဖေစိ တစ်ယောက်အလုပ်နဲ့လက်ပျက်တယ်မရှိ.Babyလေး အနှီးတွေ မီးပူတိုက်..ညဘက်ဆိုလည်း ကလေးလှုပ်တာနဲ့ဖေဖေစိ နိုးပြီ ကလေးငိုလည်း သူ့အလုပ်......ကျေးဇူးပါ ကိုကိုရေ  အိမ်ထောင်ဦးစီး တစ်အိမ်လုံးအတွက် ပြည့်စုံအောင် ရှာဖွေကျွေးမွေး.အလုပ်နားရက် ဆို အေးဆေးအနားယူပါ ပြောတဲ့ အခါတိုင်း နားတဲ့ရက်လေး လုပ်ပေးရတာဆိုပြီး ထမင်းဟင်းကအစချက်ကျွေးအိမ်တံမြတ်စီးလှည်းတာကအစ ကလေးဝေယျာဝေစ္စအကုန်ဖြိုးအတွက် ထမင်းက အစပြင်ဆင်ခူးခပ်ကျွေးသူမိသားစုအပေါ် တာဝန်ကျေလွန်းသူ မာန်မာနဆိုတာ မရှိ မိသားစု အတွက် အမြဲလိုလောင်ကျွမ်းခံပြီး အလင်းပေးသူ.သားသမီးများအတွက် မိသားစုအတွက်အမြဲ ပေးဆပ်ရင်းပျော်နေတက်သူ....ကိုကို အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်နော်" ဆိုပြီး အောက်တိုဘာ(၁၁) ရက်နေ့က ကြာစိရဲ့ဇနီးသည် ဆုဟန်နီဖြိုးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ဟာသလူရွှင်တော်၊ သရုပ်ဆောင်ကြာစိရဲ့ ဇနီးချောလေး ဆုဟန်နီဖြိုးဟာ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်မှာပဲ တောင်ကြီးမှာရှိတဲ့ မြို့နယ် ဆေးရုံကြီးမှာ သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ သမီးငယ်လေးက (၁၆) ရက်သမီးလေးရှိသေးပြီး မိခင်ရော၊ ကလေးပါ ကျန်းမာရေးကောင်းတယ်လို့ Duwun  Media ကနေ သီးသန့်ဖြေဆိုခဲ့ပါတယ်။

'' ကလေးကတော့ ကြည့်စရာမလိုပါဘူး ကျွန်တော်နဲ့ တူတာပေါ့။ စကားတွေလည်းရက်သားပဲ ရှိသေးတယ်။ ဝူးဝါး ဝူးဝါးနဲ့ ဘာတွေပြောနေမှန်း မသိဘူး။ တစ်နေ ကုန်ဆို အိပ်ပြီ။ ညဘက်တွေဆို မအိပ်ဘူး။ မိဘတွေက အိပ်နေရင် သူက မျက်လုံးလေး ပွင့်ပြီးတော့ ဟိုကြည့်၊ ဒီကြည့်နဲ့ ကိုယ်တွေလည်း မအိပ်ရ။ သူ့အမေရော၊ ကလေးရော ကျန်းမာရေး ကောင်းပါတယ်'' လို့ ဆိုပါတယ်။

 

ဒါပေမယ့် ကြာစိက မိသားစုနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကိုတော့ မီဒီယာ တွေမှာ မဖြေချင်ဘူးလို့ သူကဆိုပါတယ်။ မိသားစု အကြောင်း ဖြေတဲ့ အခါမှာလည်း တခြား ပြောစရာတွေ ဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

'' အဲ့ဒီတုန်းကလည်း ဒီကကလေးကိုကျတော့ ပြောပြပြီး ရန်ကုန်က ကလေးတွေကျတော့ ပစ်ထားတယ်ဆိုပြီးတော့ မသိတဲ့ သူတွေက လျှောက် ပြောနေမှာ။ ကျွန်တော့်ရင်ထဲမှာ ပထမကလေးရော၊ အခုကလေးရော အတူတူပဲ။ အဲ့ဒါတွေကြောင့် မိသားစုနဲ့ ပတ်သက်တာတွေ မဖြေတာ။ အနုပညာနဲ့  ပတ်သက်တာတွေကိုပဲ ဖြေနေတာ'' လို့ သူကဆိုပါတယ်။

 

သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုး တို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ လူရွှင်တော် 5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က