သူ့ရဲ့ ပေ့ချ်လေးမှာ ရေးထားတာပါ။

သရုပ်ဆောင် နေတိုးကိုယ်တိုင် အသုံးပြုတဲ့ "Nay Toe :Myanmar Famous Actor" ပေ့ချ်လေးက ဒီနေ့မှာ Active ပြန်ဖြစ်ခဲ့ပါပြီ။ အောက် တိုဘာ (၃) ရက်နေ့ ညနေ (၃)နာရီခွဲကျော်လောက်က ကြော်ငြာရိုုက်ကူးရေး ပုံတွေ တင်ပြီးနောက်ပိုင်း ညီဖြစ်သူ မင်းသွေးရဲ့ နာရေး ကိစ္စ နဲ့ အလုပ်တွေ ရှုပ်နေခဲ့ရာက သူ့ရဲ့ပေ့ချ်နဲ့ ဝေးကွာခဲ့တာပါ။



Photo : နေတိုး FB

 

သရုပ်ဆောင် နေတိုးကိုယ်တိုင် အသုံးပြုတဲ့ "Nay Toe :Myanmar Famous Actor" ပေ့ချ်လေးက ဒီနေ့မှာ Active ပြန်ဖြစ်ခဲ့ပါပြီ။ အောက်တိုဘာ (၃) ရက်နေ့ ညနေ (၃)နာရီခွဲကျော်လောက်က ကြော်ငြာရိုုက်ကူးရေး ပုံတွေ တင်ပြီးနောက်ပိုင်း ညီဖြစ်သူ မင်းသွေးရဲ့ နာရေး ကိစ္စ နဲ့ အလုပ်တွေ ရှုပ်နေခဲ့ရာက သူ့ရဲ့ပေ့ချ်နဲ့ ဝေးကွာခဲ့တာပါ။

 

နေတိုးဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်လေး ပြန်အသုံးပြုတဲ့ နေ့မှာပဲ ပရိသတ်တွေအတွက် ဆုတောင်းစကားလေး ဆိုထားတာ တွေ့ရပါတယ်။

"ပရိသတ်များ သီလပြည့်စုံပြီးငြိမ်းချမ်းစွာ ဘဝကိုဖြတ်သန်းနိုင်ကြပါစေ" ဆိုပြီး ပရိသတ်တွေအတွက် ဆုတောင်းပေးထားသလို သူရေးသား ထားတဲ့ "ကျွန်တော်နဲ့ဝိပဿနာ" ဆိုတဲ့  ဆောင်းပါးလေးကို တွဲပြီး အောက်တိုဘာ(၁၁) ရက်နေ့ နေ့လည်(၂း၃၅)လောက်က တင်ထား ခဲ့ပါတယ်။

 

နေတိုးကိုယ်တိုင် ရေးသားထားတဲ့ "ကျွန်တော်နဲ့ဝိပဿနာ" ဆိုတဲ့ အကြောင်းရေးကို မဂ္ဂဇင်းတစ်ခုမှာ ထည့်သွင်းဖော်ပြထားတာပါ။ နေတိုး ရေးသားထားတဲ့ Date လေးက ၂၀၁၁ခုနှစ် (၁)လပိုင်း (၁) ရက်နေ့ကလို့ သိရပါတယ်။ နေတိုးကိုယ်တိုင် ရေးသားထားတဲ့ "ကျွန်တော်နဲ့ ဝိပဿနာ" စာအုပ်လေးမှာ နေတိုးတစ်ယောက် ရှုတင်နားချိန်တွေမှာ တရားစခန်းတစ်ခုခုမှာပဲ ဖြစ်ဖြစ်ဆိတ်ငြိမ်အေးချမ်းတဲ့နေရာမျိုးတွေမှာ ဝိပဿနာဉာဏ်နဲ့ နေလေ့ရှိတယ်တဲ့။

သူကိုယ်တိုင် ဝိပဿနာကို ဘယ်လိုရှု့ကြောင်းနဲ့ သူပြုလုပ်တဲ့ ကုသိုလ်ဒါနတွေကိုလည်း သူ့ရဲ့ အနုပညာဆရာ၊ညီအစ်ကိုမောင်နှမများနဲ့ ကျေးဇူးရှင်ပရိသတ်တွေများအတွက် အမြဲတမ်း မေတ္တာပို့သတယ်ဆိုတဲ့ အကြောင်းလေးလည်း ပါဝင်ပါသေးတယ်။

မင်းသွေးအတွက် ရည်စူးပြီး အလှူတွေလုပ်နေတဲ့ နေတိုးတို့မိသားစု 

နေတိုးရေးထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်လိုက်ရုံနဲ့ပဲ ညီဖြစ်သူ မင်းသွေးရဲ့ နာရေးမှာ သူဘာလို့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်လဲဆိုတဲ့ မေးခွန်းအတွက် အဖြေတစ်ခု ရသွားစေခဲ့ပါတယ်။ နေတိုးရဲ့ ပရိသတ်တွေကတော့ နေတိုးရဲ့ ကျန်းမာရေးအကြောင်း စိုးရိမ်ကြီးစွာနဲ့မေးထားတဲ့ ကောမန့်တွေရှိသလို အားပေးစကားတွေ ပြောထားတဲ့ ပရိသတ်တွေလည်း ရှိလို့နေခဲ့ပါတယ်။

နေတိုးဟာ ညီဖြစ်သူရဲ့ နောက်ဆုံးခရီးကို တည်တည်ငြိမ်ငြိမ်နဲ့ အကိုကြီး ပီပီအကောင်းဆုံးဖြစ်အောင် မိသားစုကို ဦးဆောင်ပြီး လုပ်ဆောင် သွားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ များပြားလှတဲ့ လူအုပ်ကြီးထဲမှာ မိခင်ဖြစ်သူကို ရင်ခွင်ထဲမှာထည့် မိသားစုကို ဦးဆောင်ပြီး ညီဖြစ်သူရဲ့ နောက်ဆုံး ခရီးကို တည်ငြိမ်စွာ လိုက်ပို့နိုင်ခဲ့သူပါ။ 

 

ဈာပနအခမ်းအနားအပြီး အိမ်အပြန်မှာလည်း အပူရုပ်ကို ဟန်လုပ် ကျေးဇူးရှင် ပရိသတ်တွေကို ပြုံးပနှုတ်ဆက်ခဲ့ပုံဟာလည်း မြင်ရသူ ပရိသတ် တွေရင်ထဲ မချိအောင်ခံစားရပါတယ်။ ဈာပန အခမ်းအနားပြီးတဲ့နောက်မှာလည်း ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်နိုင်ပဲ ညီလေးငယ်အတွက် အလှူဒါနတွေ ဆက်တိုက်ဆိုသလို လုပ်ပေးနေသူပါ။

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က