AD
AD
AD

ဖေ့စ်ဘွတ်အကောင့် အဟက်ခံလိုက်ရပြီးနောက်ပိုင်းမှာ  သူငယ်ချင်းတွေဖြစ်ကြတဲ့ ပိုင်တံခွန်၊ တိုင်ရွန်၊ အုပ်စိုးခန့်တို့နဲ့အတူ ပြောထားတဲ့ စကားတွေကို Screen shot ရိုက်ပြီး သူ့ရဲ့ အကောင့်မှာ ဖော်ပြခြင်း ခံလိုက်ရပါတယ်။

play

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က Heart Attack ဖြစ်လို့ ဆေးရုံတင်လိုက်ရတဲ့ မော်ဒယ် အဆိုတော် ဟိန်းမင်းသူရဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီနေ့(အောက်တိုဘာ၁၁ရက်)မှာအဟက်ခံလိုက်ရပါတယ်။ ဖေ့စ်ဘွတ်အကောင့် အဟက်ခံလိုက်ရပြီးနောက်ပိုင်းမှာ  သူငယ်ချင်းတွေဖြစ်ကြတဲ့ ပိုင်တံခွန်၊ တိုင်ရွန်၊ အုပ်စိုးခန့်တို့နဲ့အတူ ပြောထားတဲ့ စကားတွေကို Screen shot ရိုက်ပြီး သူ့ရဲ့ အကောင့်မှာ ဖော်ပြခြင်း ခံလိုက်ရပါတယ်။

play

 

ဒါ့အပြင် ချစ်သူကောင်မလေးနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း ပြန့်သွားခဲ့ပါတယ်။ ဟိန်းမင်းသူရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဟက်ပြီး နောက်ပိုင်းမှာလည်း ဟိန်းမင်းသူကို တိုက်ခိုက်တဲ့စာသားတွေကို ဆက်တိုက်တင်နေတာတွေ့ရပါတယ်။ ဟိန်းမင်းသူရဲ့ Fan တွေကြောင့် ဟက်ကာအဖွဲ့က အကောင့်ကို ပြန်မပေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုပြီးလည်း ပြောထားတာ တွေ့ရပါတယ်။

"ဟိန်းမင်းသူ Fan တောသူ မ တွေ လာလာကိုက်နေလို့ Account ပြန်မပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။၆၆ဃ ဖြင့် တိုင်နိုင်ပါပြီ။မကြာခင် Deleted ပါမည် Account " ဆိုပြီး ရေးသားထားတာလည်း တွေ့ရပါတယ်။

play

 

ဟိန်းမင်းသူဟာ အောက်တိုဘာ(၉) ရက်နေ့က Heart Attack ဖြစ်လို့ ရုတ်တရက် ဆေးရုံတင်လိုက်ရတယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။ လက်ရှိမှာ ကျန်းမာရေး အခြေအနေ သက်သာနေပြီလို့ သိရပါတယ်။ ပရိသတ်တွေစိတ်မပူဖို့အတွက် မှာထားပါ သေးတယ်။ ပရိသတ်တွေက တော့သူ့ကို အားကစားဆက်မလုပ်ဖို့ Gym ဆော့တာကို နားထားဖို့အတွက် တိုက်တွန်းထားတာတွေ့ရပါတယ်။

play

 

ဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်မယ့် အရိပ် ဆိုတဲ့ ဇာတ်လမ်းတွဲ မှာလည်းစီနီယာအနုပညာရှင်တွေနဲ့ အတူ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး စုစုလှိုင်ကို အရမ်းကြိုက်တဲ့ ဆေးကျောင်းသား စိုင်းမင်းဆွေ ဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားသူပါ။

နောက်ထပ်လည်း ပျားရည်အိုင် ဆိုတဲ့  ဇာတ်ကား ကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD