ဒီနေ့က သူမရဲ့ မွေးနေ့လေးပါ။

ဒီနေ့ (အောက်တိုဘာ၁၁ရက်)က အဆိုတော် ငွေဇင်လှိုင်းရဲ့ အသက်(၂၇) နှစ်ပြည့်  မွေးနေ့လေးပါ။ မွေးနေ့လေးမှာ ပထမဆုံးရတဲ့ အနုပညာကြေးထဲကနေ အလှူအတန်းတွေ လုပ်ခွင့်ရတဲ့အတွက် ငွေဇင်လှိုင်း တစ်ယောက် ပျော်လို့နေပါတယ်။

 

ဒီနေ့ (အောက်တိုဘာ၁၁ရက်)က အဆိုတော် ငွေဇင်လှိုင်းရဲ့ အသက်(၂၇) နှစ်ပြည့်  မွေးနေ့လေးပါ။ သူမရဲ့ မွေးနေ့မှာ မနက်အစောကြီး ရွှေတိဂုံဘုရားသွားကာ မိဘနှစ်ပါးနဲ့ တကွ မိသားစုများအတွက် ဆုတောင်း မေတ္တာပို့ကာ အမျှအတမ်းများ ပေးဝေးခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်အလှူဒါနအနေနဲ့ တောင်ဒဂုံမှာရှိတဲ့ ဝိဇဒါယီသီလရှင်ကျောင်းလေးမှာ နေ့ဆွမ်းအအတွက် လှူဖြစ်သလို ငွေသားတွေလည်း လှူခဲ့ တယ်လို့ သိရပါတယ်။

ချစ်တတ်လွန်းတဲ့ ပရိသတ်တွေကြောင့် ပျော်ခဲ့ရတဲ့ ငွေဇင်လှိုင်း

"၂၇ နှစိပြည့်မွေးနေ့အလှူ နတ်လူသာဓုခေါ်ဆိုနိုင်ရန်။ မနက်အစောကြီး ရွှေတိဂုံဘုရားတက်ပီး ကျေးဇူးရှင် မိဘနှစိပါးနှင့်တကွ မိသားစုများ အတွက် ဆုတောင်း မေတတ္တာပို့ နေ့ဆွမ်းအတွက် တောင်ဒဂုံမှာရှိတဲ့ ဝိဇယဒါယီ သီလရှင်ကျောင်းလေးမှာ လှူဖြစ်တယ် အမှတ်တရ ငွေသား တွေလဲ လှူခဲ့တယ်နော် ဆန်ဆယ်အိတ်ရယ် နေ့ဆွမ်းရယ် ဝတ္ထုငွေ လှူဖြစ်တယ်"ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၁၁) ရက်နေ့က ရေးသားထားပါတယ်။

 

ဆက်လက်ပြီးတော့ သူမရဲ့ မွေးနေ့မှာ အဆိုတော် ဖြိုးကြီး အလှူခံထားတဲ့ တောင်ညိုလေးဆရာတော် လမ်းတံတားအတွက် ငွေကျပ်(၂)သိန်း အပြင် တရားစခန်းဝင်ယောဂီများအတွက် ငွေကျပ် (၅)သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ မွေးနေ့မှာ သူမရဲ့ အနုပညာကြေးတွေနဲ့ အလှူဒါနတွေလုပ်ရလို့ ငွေဇင်လှိုင်းတစ်ယောက် ပျော်လို့နေပါတယ်။

"ဖြိုးကြီးအလှူခံထားတဲ့ တောင်ညိုလေးဆရာတော် လမ်းတံတားအတွက် ၂ သိန်း အပြင် တမူးမြို့ ချမ်းမြေ့ရိပ်သာကျောင်းမှာ တရားစခန်း ဝင်ယောဂီများအတွက် စင်္ကြံလမ်းအလှူငွေ ၅ သိန်း  ပထမဆုံးရတဲ့အနုပညာကြေးထဲက လှူမယ်ဆိုပီးအဓိဌာန်လဲပြည့်တယ်" ဆိုပြီး ဆက်လက်ရေး သားထားပါတယ်။

 

သူမရဲ့ မွေးနေ့မှာ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု အစုစုကို သူမရဲ့ အနုပညာညီအစ်ကို မောင်နှမတွေနဲ့(၇) ရက်သားသမီး ပရိသတ် တစ်ယောက် ချင်း စီတိုင်းကို အမျှပေးဝေထားတာလည်း တွေ့ရပါတယ်။

ငွေဇင်လှိုင်းဟာ Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ တစ်ဆင့်ချင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်လည်း Myanmar Idol Season 3 (Top-4+1) Result Show မှာ ပရိသတ်တွေကို နှုတ်ဆက် ခဲ့ရပါတယ်။ မကြာခင်မှာ ပရိသတ်တွေရှေ့ကို အနုပညာ လှုပ်ရှားမှုတွေနဲ့ ပြန်လည်ရောက်ရှိလာဦးမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က