တော်တော်စိတ်ထိခိုက်သွားပုံပါ။

အောက်တိုဘာ(၁၁) ရက်နေ့က အကောင့်အဟက်ခံရပြီးနောက်ပိုင်းဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ဟိန်းမင်းသူဟာ အောက်တိုဘာ(၁၂) ရက်နေ့ မနက် (၁၂) နာရီကျော်ကျော်လောက်မှာ အရေးပေါ်သို့ ရောက်ခဲ့တာ ဖြစ်ပါတယ်။

43678694_1095020940666790_4202346227477512192_n (1).jpg 

မော်ဒယ် အဆိုတော် ဟိန်းမင်းသူတစ်ယောက် အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ အောက်တိုဘာ(၁၁) ရက်နေ့က အကောင့်အဟက်ခံရပြီးနောက်ပိုင်းဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ဟိန်းမင်းသူဟာ အောက်တိုဘာ(၁၂) ရက်နေ့ မနက် (၁၂) နာရီကျော်ကျော်လောက်မှာ အရေးပေါ်သို့ ရောက်ခဲ့တာ ဖြစ်ပါတယ်။

သူရဲ့ နီးစပ်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ပြောပုံအရ ညပိုင်းက ဟိန်းမင်းသူဟာ ဘာမီတွန်အလွန်အကျွံ သောက်ခဲ့တယ်လို့ သိရပါတယ်။ ယခုလက်ရှိမှာ ဟိန်းမင်းသူဟာ ဂျပန်ဆေးရုံကြီးအမျိုးသားကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဟိန်းမင်းသူဟာ ဖေ့စ်ဘွတ် အကောင့်အဟက်ခံရပြီးနောက်ပိုင်း လူတချို့ရဲ့ ဝေဖန်ခြင်းတွေကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။

 

ဟိန်းမင်းသူရဲ့ သတင်းကြောင့် သူ့ရဲ့ သူငယ်ချင်း၊ ပရိသတ်တွေအနေနဲ့လည်း စိတ်မကောင်းဖြစ်လို့နေတာ တွေ့ရပါတယ်။ မော်ဒယ်သရုပ် ဆောင် ပိုင်တံခွန်ကလည်း အပျော်ကနေ အပျက်တွေ မဖြစ်စေချင်ဘူးဆိုပြီး ပြောထားပါသေးတယ်။

"အခု ဆက်သွယ်ရသလောက်တော့ ဟိန်းမင်းသူ အရေးပေါ် ဌာန ရောက်နေပါတယ်တဲ့ ကျွန်တော့် တို့သူငယ်ချင်းတွေလည်း အခုသွားဖို့လုပ်နေပါတယ်။ဘာဖြစ်ဖြစ် အပျော်က အပျက်တွေ မဖြစ်စေချင်ပါဘူး"ဆိုပြီး အောက်တိုဘာ(၁၂) ရက်နေ့ မနက်ပိုင်းက ရေးသားထား တာတွေ့ရပါတယ်။

 

ဟိန်းမင်းသူရဲ့ သူငယ်ချင်းတွေထဲက သူငယ်ချင်းတစ်ယောက်ဖြစ်သူ သရုပ်ဆောင် ထက်အောင်ရှိုင်းလည်း ဟိန်းမင်းသူရဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ယခုလို ရေးသားထားတာတွေ့ရပါတယ်။

"လူတစ်ယောက်လုံး သေလုမျောပါးဖြစ်တဲ့အထိ စိတ်ဒုက္ခပေးလိုက်ရလို့ အရှက်ခွဲလိုက်ရလို့ ခဗျားတို့ အရမ်းကျေနပ်သွားကြလား။ မကြည့်ချင် မမြင်ချင် အားမပေးချင်ရင် လစ်လျူရှုနေလိုက်လို့ရတာပဲဗျာ...အမြင်ကပ်ပုဒ်မ နဲ့ ဘာရန်ညှိးမှမရှိအမုန်းပွားမှုတစ်ခုတည်းအတွက်နဲ့ လူတစ်ယောက်ရဲ့အရှက်နဲ့သိက္ခာကို ခဗျားတို့ စိတ်ကျေနပ်မှုအတွက်အပျော်သဘောလေး ချနင်းပစ်တာ ဖြစ်သင့်လားဆိုတာ သေချာပြန် တွေး ကြည့် ပါ။ ကိုယ်ချင်းစာတတ်ကြပါစေ"ဆိုပြီး အောက်တိုဘာ(၁၂) ရက်နေ့က  မနက်ပိုင်းက ရေးသားထားတာတွေ့ရပါတယ်။

 

ယခုလက်ရှိ ဟိန်းမင်းသူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဟက်ကာတွေ တင်ထားခဲ့တဲ့ ပို့စ်တွေကို ပြန်ဖျက်ထားတာ တွေ့ရပါတယ်။ဟိန်းမင်းသူဟာ အောက်တိုဘာ(၉) ရက်နေ့က Heart Attack ဖြစ်လို့ ရုတ်တရက် ဆေးရုံတင်လိုက်ရတယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။ ပရိသတ်တွေက တော့သူ့ကို အားကစားဆက်မလုပ်ဖို့ Gym ဆော့တာကို နားထားဖို့အတွက် တိုက်တွန်းထားတာတွေ့ရပါတယ်။

ဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်မယ့် အရိပ် ဆိုတဲ့ ဇာတ်လမ်းတွဲ မှာလည်းစီနီယာအနုပညာရှင်တွေနဲ့ အတူ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး စုစုလှိုင်ကို အရမ်းကြိုက်တဲ့ ဆေးကျောင်းသား စိုင်းမင်းဆွေ ဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားသူပါ။ နောက်ထပ်လည်း ပျားရည်အိုင် ဆိုတဲ့  ဇာတ်ကား ကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က