AD
AD
AD

မြင့်မြတ်တစ်ယောက် သူပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကား၊ ဟာသကားတွေ ဆက်တိုက်ရုံတင်နေတဲ့အပေါ် သူ့ရဲ့ အမြင် ကို ပြောပြလာ ပါတယ်။ အဲ့ဒီနောက်က ဟာသဇာတ်ကားတွေ အရိုက်နည်းတော့မယ့်အကြောင်းကိုလည်း ဆက်လက် ပြောပြ လာပါတယ်။

play

 

သရုပ်ဆောင်အကယ်ဒမီမြင့်မြတ်က မကြာခင်ရုံတင်တော့မယ့် '' တော်တော်ဖြစ်နေလား'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင် ထားတယ် လို့ဆိုပါတယ်။သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရုံတင်ဖြစ်နေတဲ့အပေါ် ခံစားချက်ကိုလည်း မီဒီယာတွေကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

'' ကြည့်တယ်လေ မကောင်းဘူးလေ။ ရုံတင်ပေးတာတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အမြဲတမ်းအလိုလို ကျွန်တော့်ကားတွေချည်းပဲ တိုက်နေတဲ့ အချိန်ကျတော့ အဆင်မပြေဘူးပေါ့နော်။ တစ်ကားချင်းစီလေးများတင်ပေးရင် အရမ်းကောင်းမှာပဲလို့ တွေးမိတယ်။ ရုံများတာ တော့ ကောင်းတယ်။ အဓိက က ကျွန်တော့်ကားတွေချည်းပဲ တိုက်ပြနေတာတော့ မကောင်းဘူးပေါ့'' လို့ ဆိုပါတယ်။

play

 

ရုပ်ရှင်ဇာတ်ကားတွေ လက်မလည်အောင် ရိုက်ကူးနေရတာဖြစ်တဲ့အတွက် ကာရိုက်တာ မထပ်အောင် သေချာလေ့လာပြင်ဆင်တယ်လို့ မြင့်မြတ်က ပြောပါတယ်။

'' အဓိက က ဇာတ်လမ်းအပေါ်မှာ မူတည်ပြီးတော့ ဒါလေးလုပ်ရင်တော့ ကောင်းမလားတိုင်ပင်တာပေါ့နော်။ ဇာတ်ကိုက သူ့ကာရိုက်တာ ပါ လာပြီးသားဆိုရင် ကျွန်တော်တို့က ထွေထွေထူးထူးလုပ်စရာမလိုဘူး။ ဇာတ်ကရိုးပြီးတော့ ကာရိုက်တာရိုးတယ်ဆိုရင်လည်း ပြဿနာရှိတယ် လေ။ အဲ့ဒီအခါကျရင်တော့ တစ်မျိုးလေးစဉ်းစားရတာပေါ့'' လို့ သူကဆိုပါတယ်။

 

play

 

မြင့်မြတ်ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကားတွေရုံတင်တာထက် ဟာသဇာတ်ကားတွေ ရုံတင်ပြသမှုက ပိုများတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့်လည်း ဟာသဇာတ်ကားတွေကို ရွေးချယ် ရိုက်ကူးသွားမလား ဆိုတဲ့မြင့်မြတ်ရဲ့ စကားသံကိုလည်း အခုလို ဖော်ပြလိုက်ပါတယ်။

''ဟုတ်တယ် ခင်ဗျ။ ကျွန်တော် နောက်ပိုင်းဆိုရင် ဟာသကားတွေတောင်မှ ကျွန်တော်အရိုက်နည်းဖို့ များတယ်။ တော်တော်ဖြစ်နေလား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၂၆ ရက်နေ့မှာ ရုံတင်ပါပြီ'' ဆိုပြီးတော့လည်း အောက်တိုဘာလ ၁၁ ရက်နေ့ညက Junction City မှာ ပြု လုပ်ခဲ့တဲ့ တော်တော်ဖြစ်နေလား ရုပ်ရှင်အထူးပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play

 

တော်တော်ဖြစ်နေလားရုပ်ရှင်ဇာတ်ကားကို ဖိုးသူတော်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ကျော်သားကြီးက ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်ရဲအောင်၊ မြင့်မြတ်၊ ညီထွဋ်ခေါင်၊ ရွှေသမီး၊ ခေးဆက်သွင် နဲ့ သံသာမိုးသိမ့် တို့က အဓိက ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD