AD
AD
AD

အလှူရေစက် လက်နဲ့မကွာသူ တစ်ယောက်ဖြစ်သလို ဘာသာရေးကို ကိုင်းရှိုင်းတဲ့ စမိုင်းလ်ဟာ လက်ရှိမှာ မှော်ဘီမှာ တရားစခန်းဝင် နေတယ်လို့ သိရပါတယ်။

play
Photo : စမိုင်းလ် FB

 

အလှူရေစက် လက်နဲ့မကွာသူ တစ်ယောက်ဖြစ်သလို ဘာသာရေးကို ကိုင်းရှိုင်းတဲ့ စမိုင်းလ်ဟာ လက်ရှိမှာ မှော်ဘီမှာ တရားစခန်းဝင် နေတယ်လို့ သိရပါတယ်။ စာနာစိတ်တွေ လျော့ပြီး ကိုယ်ချင်းစာတရားအရမ်းခေါင်းပါးနေတဲ့ လူ့လောကကြီးမှာ သူမကတော့ အကုသိုလ် တွေကို ကြိုးစားပြီး လျော့နေတယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

"လူသားတွေစိတ်ဓါတ်တွေပျက်သုဉ်းကုန်ကြပြီ .. စာနာစိတ်တွေလျော့လာပြီ ကိုယ်ချင်းစာတရားအရမ်းခေါင်းပါးနေပြီ ဘယ်သူသေသေ ငတေမာရင်ပြီးရော.. သူများမကောင်း ကိုယ့်အကောင်း မနာလိုဝန်တိုပြိုင်ဆိုင်မှုတွေများလာပြီ ဘုရား တရားများများလုပ်ရင်း အကုသိုလ်လေး တွေလျှော့နိုင်ကြပါစေ..ကိုယ်ကတော့မှော်ဘီတရားစခန်းမှာ အကုသိုလ်တွေကြိုးစားလျှော့နေတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ အောက်တို ဘာ (၁၂) ရက်နေ့ ညနေ(၅း၄၇) က ပြောထားတာတွေ့ရပါတယ်။

play
Photo : စမိုင်းလ် FB

ဒီနေ့မနက်ပိုင်းကလည်း Cyber bullying နဲ့ပတ်သက်ပြီး သူပြောချင်တဲ့ ပြောထားတာတွေ့ရပါတယ်။

"သူ့ဟာသူဆိုဆိုခြောက်ခြောက်သူ့ဘဝနဲ့သူ သူများကိုဒုက္ခလိုက်ပေးနေတာလည်းမဟုတ်ဘူး.. အခုတော့သနားပါတယ် လူတွေကစာနာ စိတ်တွေနည်းလာကြပြီ အွန်လိုင်းကနေ cyber bullying လုပ်တာတွေကသူများအသက်ကိုပါထိခိုက်နိုင်တဲ့အထိဖြစ်နေပြီ.. Hacker တွေကိစ္စ ကိုယ်လည်းမြန်မာနိုင်ငံမှာဘာမှမလုပ်နိုင်ကြတော့ဘူးလား။ လူအချင်းချင်းဒုက္ခပေးခြင်း ကင်းဝေးကြပါစေ " ဆိုပြီး သူမက ပြောထားပါတယ်။

play
Photo : စမိုင်းလ် FB

အလှူအတန်းတွေမှာ ရက်ရောလှတဲ့ သူတို့မိသား စုလေးဟာ ရေဘေးသင့်ပြည်သူများအတွက်လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်မလှူ တန်းနိုင်ပေမယ့် သစ်တံခါး ဆရာတော် ဖောင်ဒေး ရှင်း ကနေ အလှူငွေ လှူဒါန်းဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင် ကလည်း အိမ်ထောင်မှုကို စနစ်တကျထိန်းသိမ်းခဲ့ရတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

play
Photo : စမိုင်းလ် FB

 

စမိုင်းလ်ဟာ အခုဆိုရင်တော့ အားကိုးရတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေး ၂ ယောက်ရယ်ကို ပိုင်ဆိုင်ထား တဲ့ အိမ်ရှင်မကောင်း တစ် ယောက်ဖြစ်လို့နေပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD